Showing posts with label Post. Show all posts
Showing posts with label Post. Show all posts

Hacking နှင့် ကျွန်တော်

5:16 AM ---
                 တစ်ခါတစ်လေ လူတွေက စိတ်ကူးယဉ်တတ်တယ် ။ ကျွန်တော်လည်း အဲလိုပါပဲ ဟက်ကာရူးတစ်ယောက်ပါ ။ ဒါကြောင့် ဘလော့ကို ဖျက်လိုက် တင်လိုက်နဲ့ :)
မြန်မာဘလော့ဂါတွေမှာ ဒါမျိုးရူးတာကို တွေ့ရခဲတယ်နော် ။ ကျွန်တော် အခု ဟက်ကင်းပိုင်းပဲ လေ့လာဖြစ်တော့တယ် ။ တတ်တော့ မတတ်ဘူး ။ (ကြောက်လို့ဝန်ခံတာလည်း ဖြစ်မယ် :D )

ဒါပေမယ့် ကျွန်တော်လေ့လာဖြစ်တော့ မလွယ်မှန်းသိလာတယ် ။ သိလာတဲ့နဲ့အမျှ ဟက်ဖို့လည်း မလွယ်ပါဘူး ။ ဒါကြောင့် ဟက်တတ်ချင်တယ်ဆိုတဲ့ ဟက်ရူးဘော်ဒါဝါသနာတူတွေကို မျှပေးရတယ်ဆိုဆို ။ ဟက်ကင်းရန်ကနေ တိမ်းရှောင်နိုင်ရန် နည်းတွေကို သိသလောက်လေး ရေးပေးပါမယ် ။

ပြီးတော့ ကျွန်တော် စိတ်ဝင်စားတာတွေကို ဆက်လက်ရေးပါမည် ။ Blogging နည်းတွေ ဆောပ်ဝဲလ်တွေ Computer တိုလီမုတ်စတွေ Network အကြောင်းတွေ Programing အကြောင်းတွေကိုလည်း တတ်သလိုလိုလုပ်ပြီး ရေးပါမည် ။ တတ်ကျွမ်းသူများ ဟာသတစ်ပုဒ်အဖြစ်ဖတ်ဂှုနိုင်ကြောင်း ကြိုတင်အသိပေး ။

ဘာရယ်မဟုတ်ပေမယ့် ကျွန်တော်ရဲ့ တွေဝေမှုကို ရပ်ဆိုင်းစေအလို့ငှာ စာဖတ်သူများ သက်သေခံလျှက် ဟက်ကင်းအကြောင်းနှင့် ငုတ်ရင်းဝါသနာ ဘလော့ဂါကို ပူးတွဲရေးမည်ဖြစ်ကြောင်း :D

December mgmg

မေထားဟန်အတွက် မွေးနေ့လက်ဆောင်

7:06 PM ---
          မွေးနေ့လက်ဆောင်ဆိုပေမယ့် ဓါတ်ပုံလည်း မဟုတ်ပါဘူး ။ နည်းပညာနဲ့တွဲပြီးတော့ မွေးနေ့လက်ဆောင်အတွက် ဒီပိုစ့်ကို ရေးလိုက်တာပါ ။ မနှစ်ကလည်း အစ်မတစ်ယောင်လို ခင်တဲ့ မမေထားဟန်အတွက် မွေးနေ ဆုတောင်း ကို ရေးဖူးပါတယ် ။ ဒီနှစ်လည်း ရေးပေးမယ်လို့ ပြောထားခဲ့လို့ ခု ဒီပိုစ့်နဲ့ မွေးနေလက်ဆောင်ပေးတယ်လို့ နော် အစ်မ
ဒီနှစ်ကရောက်မည့် မွေးနေ့မှ စပြီး နောက်နှစ်များစွာ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့.....

ဆိုဒ်အသွင်ပြောင်းလဲခြင်း

9:12 AM ---
             ကျွန်တော် ဒီနေ့ည စိတ်ကူးပေါက်လို့ ဆိုဒ်အသွင်ကို ပြောင်းလိုက်ပါ ။ ကျွန်တော်တစ်ယောက်တည်းရေးတာ မဟုတ်ပဲနဲ့ ကျွန်တော်ရဲ့အပေါင်းပါတွေနဲ့တွဲပြီးတော့ရေးမှာပါ ။ ကျွန်တော်လည်း ဘလော့ဖွင့်ထားတာ တစ်နှစ်ကျော်နေပါပြီ အောင်မြင်သင့်သလောက် မအောင်မြင်သေးပါဘူး။ဘာလို့ဆိုတော့ တစ်နေရာတည်း အထိုင်ကျနေနေတာ မဟုတ်ဘူးလေ ။ ဒါကြောင့် တစ်နေရာပြောင်းလိုက် ဆိုဒ်ကို ဒီတိုင်းပစ်ထားလိုက်နဲ့ဆိုတော့ ။ ကျွန်တော်လည်း အဲလိုဖြစ်မှာစိုးတာနဲ့ ဒီတစ်ခါသူငယ်ချင်းတွေကို အကူညီတောင်းပြီးတော့ တစ်ယောက်တစ်မျိုးစီ တတ်ရာကျွမ်းရာတွေကို ရေးခိုင်း ဖို့ အကူညီတောင်းထားပြီးပါပြီ ။ ဖေ့ဘုတ်မှာလည်း ဆိုဒ်က တင်သမျှတွေကို ပြန်ပြီးတော့ တင်ဖို့လည်း စီစဉ်ထားပါသေးတယ် ။ ဒါကြောင့် ဆောပ်ဝဲလ်လိုသူများနှင့် ကွန်ပျူတာ ပြဿနာတစ်စုံတရာ ကြုံတွေပါက အောက်မေလ်းများကို စာပေးအကူညီတောင်းနိုင်ပါသည် ။
December Mgmg(decmebermgmg1992@gmail.com)
တူးဒီ(2dddddddddddd@gmail.com)
Mintayza(mintayza12@gmail.com)
Thu Zar(orchidlady884@gmail.com)





     

စိတ်မကောင်းဖြစ်မိပါတယ်.........

3:28 AM ---
           ကျွန်တော် စာတွေ ပုံမှန်လည်း ရေးမနေနိုင်ပါဘူးဗျာ ။ လိုင်းကြောင်းလည်းဖြစ်တယ် ။ တကယ်တော့ ဘလော့ဂါတစ်ယောက်လုပ်ဖို့ဆိုတာ မလွယ်ဘူးဆိုတာ သင်ကိုယ်တိုင် ရေးကြည့်မှ သိလိမ့်မယ်.......
စာရေးချင်တဲ့ စိတ်လည်း ရှိရမယ် ။ ရေးဖို့အချိန်လည်း ရှိရဦးမယ် ။ ကွန်လည်းကောင်းဦးမှ ။ မီးလည်းလိုသေးတယ် ။ မြန်မာနိုင်မှာနေတဲ့ ကျွန်တော် အတွက်တော့ တော်တော်လေးကို ခက်ခဲတယ် ။ တစ်ခါတစ်လေ စာမရေးချင်တော့လောက်အောင်ကို စိတ်မကောင်းဖြစ်တဲ့ အကြောင်းတွေ ပေါ်ပေါ်တတ်တယ် ။ ဘာပဲဖြစ်ဖြစ်ကျွန်တော် ဘလော့ဖွင့်ပြီး စာရေးတာ တစ်နှစ်လောက်တော့ ရှိနေလောက်ပါပြီ ။ မှတ်သားထားချင်းလည်း မရှိပါဘူး ။ အကောင့်နှစ်ခုနဲ့တောင် လုပ်ထားတာကိုး ။ ခုလည်း အကောင့်ပြောင်းဖို့ စဉ်းစားထားပါသေးတယ် ။ ဒါတော့ ကျွန်တော့်အကြောင်းပါ ။

        ကျွန်တော်ဘလော့ဖွင့်ပြီး စာရေးဖော် ဖတ်ခေါ်ဆိုတာ အစက နှစ်ယောက်ပဲရှိပါတယ် ။ သူတို့ကို ကျွန်တော် ဘလော့ဖွင့်တိုင်း သတိရပါတယ် ။ ဘယ်တော့မှလည်း မေ့မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ခုတော့ ကျွန်တော်က သူတို့နဲ့ သွေးအေးနေပါပြီ ။ စကားစကားပြောဖန်များက စကားထဲမှာအမှားပါ၏ ဟုပဲ မှတ်ပါတော့မယ် ။ ကျွန်တော် သူများ ဘလော့ကို မဖတ်ဖြစ်ရင်တောင် သူတို့ ဘလော့ကိုတော့ အမြဲတမ်းဖွင့်ကြည့်မိပါတယ် ။ သူတို့တိုးတက်နေပြီ လာလည်သူများနေပြီလား ဆိုတာပေါ့ :)
အောင်မြင်တဲ့သူလည်း အောင်မြင်နေပါပြီ ။ အချိန်မပေးနိုင်တော့လည်း မအောင်မြင်တာကိုတော့ အပြစ်မမြင်ပါဘူး ။ ကြိုးစားခွင့် ငါတို့မှာ ရှိပါသေးတယ် ။ ကျွန်တော့်ဘလော့လည်း လာလည်သူတွေ မရှိပါဘူး ။ တစ်ခါတစ်ခါ အားငယ်တယ် ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ဖြေသိမ့်တယ် ။ ကိုယ်ကမှ သူများကို လာလည်ချင်လောက်အောင် ကောင်းကောင်းမရေးတတ်သေးတာကိုး ။

နောက်ဆုံးအနေနဲ့ ကျွန်တော် ဒီပိုစ့်ကို ရေးရတဲ့အကြောင်းက ကျွန်တော်ရဲ့ဘော်ဒါအစစ်တစ်ယောက်အကြောင်းပါ ။ ဘာဖြစ်လို့လဲဆိုတာတော့ ကျွန်တော်ကိုယ်တိုင်းလည်း မသိတော့ပါဘူး ။ သူ့ဆိုဒ်ကို ဖွင့်တာနဲ့ ဒီလိုတွေ့ရတယ် ။
အဲဒါမျိုးပဲပေါ်နေတယ်ဗျ ။ အဲဒါကတော့ ကျွန်တော်တို့ ဘလော့ဂါတွေ သိပြီးသားဖြစ်မှာပါ ။ ကိုယ်က အက်လိုက်မှ သူတို့ ဖတ်လို့ရမှာပါ ။ ဝက်ဆိုဒ်ပိုင်ရှင်က အက်မှာ ကြည့်လို့ရတာ ။ ကျွန်တော် အစတော့ ဟာ... ဟက်ခံရတာလားလို့ သေချာကြည့်တော့မှ သဘောပေါက်တယ် ။ လည်တဲ့သူတွေများလို့ အဲလိုလုပ်ထားတာလား ။ လည်တဲ့သူတိုင်းက အပ်ထားပြီးသားမို့လားဆိုတာတော့ ကျွန်တော်  မသိဘူး ။ ဒါပေမယ့် ကျွန်တော် တစ်ခုစိတ်မချသေးလို့ ။ ဆိုဒ်များ ပိတ်ထားလို့လားလို့ ဒါကြောင့် ကမန်းကမတန်း Google ကနေ ဖောက်ဝင်လိုက်တာ တစ်မျိုးတော့ မထင်ပါနဲ့ ဆက်ဖတ်ပါဦး.........
ဒါပေမယ့် အကောင်းတိုင်းပဲ ။ ကျွန်တော် စဉ်းစားလို့မရတော့ဘူး ။ ဘယ်လိုဖြစ်ပြီး စိတ်မကောင်းဖြစ်သွားမှုန်း မသိဘူး ။ တကယ်လည်း စိတ်မကောင်းဖြစ်သွားတယ် ။ ကျွန်တော် ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းကို ကူးလာတော့ သူနဲ့ စကားသိပ်မပြောဖြစ်တော့ဘူး ။ သူ့အကောင့်လည်း ပေါ်မလာတော့ဘူး ။
 ဟူးးးးးးးးးးးးးးး တော်သေးတာပေါ့......

မယ်တော် ဆေးခန်း၏ အနာဂတ်ပြသနာ

5:16 AM ---
             ကျွန်တော် ဒီသတင်းကို ဖတ်ရတာနဲ့ စိတ်မကောင်းတော်တော်ဖြစ်မိပါတယ် ။ ဘာလို့ဆိုတော့ ကျွန်တော် အမြဲတမ်းတွေ့တွေ့ရပါတယ် ။ ဟိုဘက်ကမ်းကို သွားတိုင်း တွေ့ရပါတယ် ။ မြဝတီကနေ မဲဆောက်ကိုသွားတဲ့ကား ကျောင်းသားဆေးခန်းသွားတဲ့ လူတွေပါစမြဲ ။ မြဝတီမှာ နေသူတိုင်း သိကြပါတယ် ။ သူတို့မှာ အခက်ခဲဖြစ်လို့ အနာဂတ်က ရင်းလေးစရာဖြစ်နေပါတယ် ။ ဒါကြောင်း တတ်နိုင်ရက် ကူညီကြပါဦးလို့....ခွန်မောင်ပန်
         ထိုင်းနိုင်ငံ မဲဆောက် မြို့တွင် ရှိသော ဒေါက်တာ စင်သီယာမောင် ဦးဆောင်သည့် မယ်တော် ဆေးခန်းသည် ဘဏ္ဍာရေး အ ခက်အခဲကြောင့် ဆေးဝန်ထမ်း အားလုံးအား ၄င်းတို့ရသည့် လစာထဲမှ (၂၀) ရာနှုန်းကို ဖြတ်တောက် ခဲ့သည်ဟု ဆေးဝန်ထမ်း များက ပြောပါသည်။
“ ၀န်ထမ်းထဲမှာ အောက်ဆုံး လစာက (၁၀၀၀) ဘတ်၊ ပြီးတော့ နှစ်အလိုက်ရတဲ့ လစာ ၂ ထောင်ကနေ (၆) ထောင် အထိ နဲ့ (၈) ထောင် လစာသမားတွေ ရှိပါတယ်။ ဒီလိုလျှော့လိုက်တဲ့အတွက် လစာတထောင် သမားတွေကတော့ (၈၀၀) ဘတ်ဘဲရ တော့တယ်လေ။ သူတို့ကတော့ အခက်အခဲဖြစ်မှာ သေချာပါတယ်။ ဒါပေမဲ့လို့ မလုပ်နိုင်ရင် ထွက်ခွင့်တော့ ပေးတယ်။ ပြီးတော့ ကြိုတင်လစာ (၂) စာပါ ထပ်ပေးမယ်လို့တော့ ပြောထားတယ်။ တချို့ကတော့ စထွက်နေပါပြီး” ဟု ဆေးဝန်ထမ်း တဦးက ပြောပါသည်။
မယ်တော်ဆေးခန်းတွင် ၀န်ထမ်းပေါင်း (၆၀၀) ကျော် ရှိပြီး ၄င်းအထဲ၌ သုံးပုံတပုံသည် တထောင် လစာသမားများ ဖြစ်ပါသည်။ ဤအထဲတွင် အသင်းအဖွဲ့တခုခုမှ ပံ့ပိုးမှုပေးနေသော ဆေးဝန်ထမ်းများ၊ အသက်မွေးဝမ်းကျောင်း ပညာရပ်အဖြစ် လာ ရောက် ဆေးပညာ သင်သူများနှင့် စေတနာ့ ၀န်ထမ်းများနှင့် စုဖွဲ့ထားပါသည်။ အကယ်၍ လစာ တထောင်ရရှိသော ဆေးဝန် ထမ်းများ ထွက်သွားပါက မယ်တော် ဆေးခန်း၏ ကုသမှု၌ ထိခိုက်နိုင်ဖွယ် ရှိနေသည်ဟု ဆိုပါသည်။

ထို့အပြင် မယ်တော်ဆေးခန်းမှ မယ်ဆောက် ဆေးရုံကြီးသို့ ပို့ပေးနေသော အရေးကြီး လူနာအရေအတွက်ကိုလည်း လျှော့ ချခဲ့ရပါသည်။ မယ်တော် ဆေးခန်းမှ တာဝန်ယူ ပညာသင်ပေးနေသော ကလေးပေါင်း (၃၀၀၀) ကျော်အတွက် ကုန်ကျ စ ရိတ်မှာလည်း ထိခိုက်လာဖွယ်ရာ ရှိနေပါသည်ဟု ဆေးဝန်ထမ်းများက ပြောပါသည်။
ဤပြသနာသည် နှစ်စဉ် မယ်တော်ဆေးခန်းကို ကူညီနေသော NGO အဖွဲ့များ၊ ပြည်တွင်းသို့ ၀င်ရောက်အကူ အညီပေးခဲ့ သည့် အတွက် အကူအညီရရှိမှု လျှော့ကျသွားဖြင်းဖြစ်သည်ဟု ဒေါက်တာ စင်သီယာမောင်က ပြောပါသည်။ ထို့အပြင် နောက်နှစ်အတွက် ဘဏ္ဍာရေး အခြေအနေလည်း မရေရာသေးဟု ၄င်းကဆိုပါသည်။
MT_0309ဆေးဝန်ထမ်းများရှေ့ရေးမသေချာ
လူနာများသည် မြန်မာနိုင်ငံ အလယ်ပိုင်းမှ လာရောက်မှုရှိပြီး နှစ်စဉ် တိုးလာနေပါသည်။ သို့သော် လက်ရှိ အနေအထားအရ
လူနာများကို ဆိုင်းငံ့ ထားနေရပါသည်။ တချို့သော ရောဂါများကို စစ်ဆေးမှု၌ လည်းကောင်း၊ ကုသမှု၌လည်းကောင်း ဆိုင်းငံ့ ထားပါသည်။  ဘဏ္ဍာရေး အခက်အခဲကြောင့် ပြီးခဲ့သည့် လမှစပြီး လစာ လျှော့ချခံခဲ့ရသဖြင့် နောက်နှစ်အတွက် အလား လာကို စိုးရိမ်ဖွယ်ဖြစ်နေရသည်ဟု ဆေးဝန်ထမ်းများက ဆိုပါသည်။
မယ်တော် ဆေးခန်းကို ၁၉၈၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး နှစ်စဉ် လူနာပေါင်း ၁၃၀,၀၀၀ ခန့်ကို လက်ခံကုသပေး သည့် ဆေးခန်းဖြစ်ပါသည်။ ကုသမှုတွင် တိုးလာနေသည့် လူနာများကြောင့် ငွေရေးကြေးရေး၌ အခက်အခဲဖြစ်လာသလို
အကူအညီ ပေးနေသော NGO များလည်း လျှော့ကျ လာနေပါသည်။
မူးရင်းဆိုဒ်

အခုတစ်လော အခြေနေ

9:15 AM ---
                  ဘာရယ်လိုတော့ မဟုတ်ပါဘူး ။ နည်းပညာပိုင်းတွေကို စိတ်နည်းနည်းပျက်သွားလို့ပါ ။ စာတွေလည်း မရေးနိုင်တော့တာလည်း အဲဒါကြောင့် ။ ဒါပေမယ့် ခွန်မောင်ပန်တစ်ယောက် မလျော့သော ဇွဲဖြင့် ဖတ်သူရှိရှိ မရှိရှိ ဆက်ရေးမည်သာဖြစ်ကြောင်း ထပ်လောင်း စိုရွှဲစေပါသည် ။ အဲ ပြောကြားပါသည် ။
(စကားကျွင်း- နည်းပညာကို စိတ်ပျက်သွားသည် ဆိုသည်မှာ ခု တစ်လော ကွန်ပျူတာက ဝင်းဒိုး အိပ်စ် ပီသုံးထားသဖြင့် ဝင်းဒိုးဆဲဗင်းပြောင်းရင် မထင်မှတ်သော အပြောင်းလဲ တစ်ချို့ကြောင့် မြန်မာဖောက် တင်မရပါ ။ ဒါကြောင့်လည်း မြန်မာလို ရေးတာ မတွေ့ရတာကို ကျွန်တော်နှင့် စကားပြောသူတိုင်း သဘောပေါက်ပါလိမ့်မည် ။ ထိုပြဿနာမှာ ကျွန်တော် ဝင်ဒိုးတင်တုံး အဟောင်းကို မဖျက်ပဲ အသစ်ထပ်တင်လိုက်သဖြင့် ပေတည်း ။ ထိုကြောင့် စီထဲတွင့် ပရိုဂရမ်ဖိုင် ဟူသော ဖော်ဒါကို နှစ်ခုတွေ့ရလေတော့သည် ။ ထိုနှစ်ရဲ့ နောက်တစ်ခု 64bit ဟူသော ဘွဲ့ထူးကို ခံယူလျက် တည်ရှိနေလေတော့သည် ။ ထို့အတွက်ကြောင့် မြန်မာဖောက်တင်ခြင်း မရပါ ။ စကားကြွင်း ဆိုပေမယ့် စကားကိုယ်ထက် ပိုများသည်ကို သတိထားမိသော်လည်း လတ်သလော ခံစားချက်တွေကို အပြင်မှာ မနိုင်သည့်တိုင် အွန်လိုင်းတွင် စိတ်ချအန်လျနိုင်ကြောင်း ဖတ်မိသည့်အလျောက်  အတိုးချရေးမိနေသော ခံစားချက်တွေကြောင့် မရပ်တန့်နိုင်သည်ကို ကိုယ်ကိုယ်ကို ထူးဆန်းအံ့သြ မဆုံးဖြစ်မိလေသည် ။ ထိုမြန်မာဖောက်ပြဿနာကို ဗဟုသုတ အလို့ငှာ ကျွန်တော့်အထင်ဖြင့် ရေးသားပါဦးမည် ။ ကျွန်တော်တို့ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ ကွန်တရိုပဲန်က လဲန်းကွိစ်ကို အရင်သတိရကြလိမ့်မည် ။ ကျွန်တော်လည်း ထိုနည်း၎င်းသာ ။ ထိုတွက်ကြောင့် ရှာဖွေတင်ထားပါသော်လည်း အရိပ်ယောင်မှ တက်လာသည့်ကို မတွေ့ရ။ တက်မေနေဂျာမှာ ကီးဘုတ်ပုံလေး ပေါ်ပါစေဟု မျက်စိတ်မှတ်ဆုတောင်းသောလည်း မျက်စိအဖွင့်တွင် ပေါ်မလာသေးသည်ကို စိတ်ပျက်စွာတွေ့ရပါသည် ။ မတတ်နိုင်သည့်အဆုံး အခု ဝင်းဒိုးအသစ်ကို ထပ်ဒိုးခိုင်းလေတော့သည် ။ ထိုလဲန်းကွိစ်ပြဿနာမှာ မြန်မာကီးဘုတ်ပုံ လုံးဝမပေါ်ခြင်းပေသည် ။ ရှင်းဦးအံ့....ကွန်တရိုပဲန် လဲန်းကွိစ်ကို ဝင်လျင် US, Unicode ရှိပါလိမ့်မည် ။ properties ကို နိပ်သည်နှင့် ကီးဘုတ်ပုံစံပေါ်လိမ့်မည် ။ ၈ျင်ကလိဆိုရင် အေဘီစီပေါ်လိမ့်မည် ။ မြန်မာဆို ထုံးစံအတိုင်း အတုံးလေးတွေ ပေါ်လိမ့်မည် ။ ထိုအတုံးလေးမျှ မပေါ်နိုင်တော့ပေ ။ ဝင်းဒိုးစတင်ခါက အဟောင်းနှင့် အသစ် ထပ်လောင်း ရောနှော တင်ထားသည့်အတွက် အဟောင်းအတွက်ပဲ ရမ်းရမလား အသစ်အတွက်ပဲ ရမ်းရမလားဆိုပြီး ဇော်၈ျီကလေး ခေါင်းဂှုပ်နေဟန်ပြီး ငုတ်လျိုးနေဟန်ရှိသည် ။ သည်ကား လတ်တလော ပြဿနာတရပ်ပေတည်း ။

 နောက်ပြဿနာတရပ်ကား ။ ကျွန်တော် ချစ်လှစွာတော ..... ဆုံးသွားခြင်းဖြစ်ပေသည် ။ အလန့်တစ်ကြား မဖြစ်ပါနဲ့ ကျွန်တော် ချစ်လှစွာသော ကျွန်တော် မီမိုရိစတစ်က ပျောက်ဆုံးသွားခြင်ဖြစ်လေသည် ။ ထိုအထဲတွင် တူတွေပါသွားတာ နှမြောစရာကောင်းလှပါတယ် ။ အိစ် ဂစ်ဖြစ်သမို့  ဆောပ်ဝဲလ်တွေကို အသေထည့်ထားပါတယ် ။ အသုံးဝင်သော ဆောပ်ဝဲလ်တွေသာ ထည့်ထားခြင်းဖြစ်ပါသည် ။ အရေးကြီး ဒေတာတွေလည်း ပါသွာပါသည် ။ ချစ်သူပုံလည်း ပါသွားပါသည် ။ မေလ်းထဲတွင် သိမ်းထားသေးတာမို့ ခံသာပေသည် ။နို့မို့ဆို စိတ်ညစ်သည့်ကြား စိတ်ကောက်ခံရဖို့လည်း ရှိသေးတယ် မှတ်လား ။ ရှာတော့လည်း ရှာမတွေ့နိုင်တော့ ကလေးဆော့ပြီး လစ်ပစ်လိုက်တော့ အဟင်းဟင်း လုပ်ဖို့သာ ကျန်တော့သည် ။ ပြီးခဲ့သည့်ကား လတ်တလော ပြဿနာတစ်ရပ်ဖြစ်နေလေတော့သည် ။ မှတ်ချက် ။     ။ အတင်ဝါသနာပါသည့် ကျွန်တော်တစ်ယောက် စိတ်ညစ်ညစ်ရှိနေသော်လည်း ဖေ့ဘုတ်တွင် အချို့ဓါတ်ပုံတွေကို တင်ထားလိုက်လေသော် လူအများစုက အထူးသဘောကျသည်ကို မထင်မှတ်စွာ တွေ့ရလေတော့သည် ။ တစ်ချို့ကို ရှဲလိုရှဲ ပြုလုပ်နေသည်ကို နားမလည်စွာ ကြောင်ကြည့်နေမိတော့သည် ။(ကြွက်ချောင်းနေသည့်ကြောင်ကို တွေ့ဖူးတယ် မလား )

နောက်ဆုံးချူပ်ဖို့ တော်ပါပြီ ။ စာလည်း များနေပြီ မို့ ထပ်ရေးရင် ... ထပ်ရေးရင် ။ ဒါကြောင့် ဆိုလိုရင်းတော့ ကျွန်တော် လတ်တလော စာမရေးနိုင်တဲ့အကြောင်းတွေကို စာဖတ်သူတို့ တစ်ချို့အတွက် သိစေလိုချင်းအတွက်ကြောင့်မို့ စာရေးသားခြင်းဖြစ်ပါပေသည် ။ နောက်နေ့တွေမှာတော့ ကျွန်တော် ရေးဖို့ စီစဉ်ထားတဲ့ စာတွေ ရေးပေးမည်ဖြစ်ကြောင့် ။ (ပြောသာပြောရတာ ဘက်အပ်လုပ်ထားတဲ့ ဖိုင်က စတစ်နဲ့ပါသွားတယ် ။ ခုဝင်းဒိုးသစ်ဆိုတော့ ဘာမှမရှိတော့ဘူး ။ လိုက်ရှာရပါဦးမယ် ။ စာရေးဖို့ကို )
ဘာပဲဖြစ်ဖြစ် မိမိအချိန်ထဲက တစ်ချို့တစ်ဝက်ကို ကျွန်တော်ရဲ့ ကိုယ်ပိုင်စာမျက်နှာ လာကုန်ဆုံးစေသည့်ကို တွေ့ရပါသည် ။ ထိုသို့ စာဖတ်သူတို့ရဲ့ အချိန်တွေ ကုန်ဆုံးရကျိုးနပ်အောင် ကျွန်တော့်ဘက် အတတ်နိုင်ဆုံး တင်ဆက်ရေးသားပေးမည်ဖြစ်ကြောင်း လေးစားစွာ စာဖတ်သူတို့အား အသိပေးရေးသားပါတယ်ဗျာ ။  ခွန်မောင်ပန်

ပန်းစွယ်တော်

8:37 PM ---
       စွယ်တော်ပန်းဆိုရင်လည်း ဖြစ်ရဲ့သားနဲ့ ကြားကောင်းအောင် ပန်းစွယ်တော်တဲ့ ။
စွယ်တော်ရွက်ကလေးလို နှစ်လွာပေါင်းမှ တစ်ယောက်တည်းဆို...အဲ တစ်ရွက်တည်းဆို (အမည်မသိအဆိုတော် လမ်းဘေးကဆိုတဲ့ အဆိုတော်ရဲ့ သီချင်းထဲကစာသားလို) ။
      နိဒါန်းချီခြင်းသာ ။   ။
       ပန်းစွယ်တော် အကြောင်း မစခင် ပန်းစွယ်တော် ပေါ်ပေါက်ကို ရှေးဦးပဏာမအနေဖြင့် တင်ပြလိုပါသေးတယ်။ ပန်းစွယ်တော် ဟူသော ပိုစ့်မပေါ်ပေါက်ခင် ။ မရေးရသခင် ဆိုလိုတာပါ ။ ကျွန်တော် khunpan258@gmail.com ကိုပဲ သုံးတာများပါတယ် ။ ဘာလို့ဆိုတော့ ခု ဘလော့နဲ့ရေးတာက december အကောင်နဲ့ပဲလေ ။ အဲဒါကြောင့် ဒီအကောင့်ကိုပဲ အသုံးများပါတယ် ။ ရံခါဖန်ခါတော့ မိတ်ဟောင်းဆွေဟောင်းတွေ တွေ့လိုတွေ့ငြား ဖွင့်တတ်တယ် ။ ဒီနေ့မနက်လည်း အကိုတစ်ယောက်က ညီ... စော်တစ်ပွေလောက်ဆိုလို့ ဟိုအကောင့်က ပေါတယ်လေ ။ လိုချင်ရင် ပေးမယ်နော် :) ။ ထားပါတော့.... အဲဒါနဲ့ ဖွင့်ဖြစ်လိုက်တယ် ။

       မြန်မာသူငယ်ချင်းများနေ့.....။
အင်တာနက်သုံးသူတိုင်း သိကြမယ့် ဆိုဒ်ပါ ။ ကျွန်တော် ကွန်ပျူတာ စကိုင်ခါစ ဝင်ထားတဲ့ ဆိုဒ်တွေထဲက တစ်ခုပါ ။ တော်တော်လည်း စည်ပါတယ် ။ အဲဒီတုန်း ခုတော့ မဝင်ဖြစ်တော့ပါဘူး ။ အဲ... စကားကြောက ရှိနေပြန်ပြီ ။ အဲဒီဆိုဒ်က အကိုတစ်ယောက်က ကျွန်တော်ကိုအရမ်းခင်တာ ဒရော့ဘာပါ ။ ချဲလ်ဆီးလ်က ဒရော့ဘာ မဟုတ်ပါဘူး ။ ရန်ကုန်က ဒရော့ဘာပါ ။ ကျွန်တော့်ကို တွေ့တိုင်း နှုတ်ဆက်တယ် ။ ပြန်မယ်ဆိုလည်း ပြန်ပြီနော် ညီ ။ တွေ့တိုင်းနှုတ်ဆက်တတ်တဲ့အကိုတစ်ယောက်ပါ ။ ကဗျာချစ်သူတစ်ယောက်ပါ ။ကျွန်တော်လည် ရေးရေးပြီးတင်တတ်ပါတယ် ။ ကျွန်တော်လည်း ကဗျာ ဝါသနာပါတယ်။ ရန်ကုန်မှာနေတုန်းတော့ ကိုယ့်ဖာသာကိုယ်ရေးပြီး ဆိုဒ်မှာ ပရင့်ထုတ်ပြီး သိမ်းထားရတာ အမော ။ သိမ်းထားသေးတယ် အခု ။ နောက်မှ ဈေးကောင်းတော့မှ အွန်းလိုင်းကနေ လေလံတင်ဖို့ စီစဉ်ထားပါတယ် ။ ကဗျာချစ်သူများ ခုကတည်းက ကျွန်တော့်ကို ကြိုဆက်သွယ်ထားပါ ။ကြေညာခြင်းသာ။

        စွယ်တော် အကြောင်းတောင် ဘယ်ရောက်သွားပြီလဲ.........။
အဲဒီအကိုနဲ့ ဒီမနက်မှပဲ ပြန်တွေ့တာ ရန်ကုန်မှာပဲတဲ့ ။ ကော်ဖီဖျော်ဆရာလုပ်နေတယ်တဲ့။ ကော်ဖီကြိုက်တဲ့ကျွန်တော်က ကော်ဖီကောင်းကောင်း တစ်ခွက် အလကား သောက်ရလိုသောက်ရငြား  ကျွန်တော့်ကို ကော်ဖီကောင်းကောင်းတစ်ခွက် ဖျော်တိုက်ခိုင်းဦးမယ် အကို့ကို လို့တောင် စမိပါသေးတယ်ဗျာ ။  ဒါနဲ့ သူက ကျွန်တော်က သူလုပ်နေတဲ့ ဆိုဒ်က လိပ်စာလင်ခ့်ကို ပေးလာတယ် ။ ဖွင့်ကြည့်လိုက်တော့ မနက်စာလည်း မစားမိသေးတာနဲ့ ။ အဟင်းးးးး ရောက်ရင်ဝင်တွယ် ဦးမှပဲလို့ အံကြိတ်ရင်း ရန်ကုန်မှာ နေတဲ့ သူတွေကို အကူညီရလိုရငြား ဝင်တွယ်ရင် ကျွန်တော်အတွက်ပါ တစ်ပွဲစာပိုတွယ်ရန် ပန်းစွယ်တော် ပိုစ့်ကို ရေးလိုက်ရပါကြောင်းပါ ။
ခွန်မောင်ပန်

စီပုံး ဖြုတ်ပြီ

12:59 AM ---
             စီပုံးထားလည်း ဘယ်သူမှ မရေးဘူး ဘယ်က ဘယ်သူတွေမှန်းလည်း မသိဘူး ငါစီပုံး ငါရေးနေလိုက်တာ မျက်စိကို နောက်လို့ ကိုယ်မြန်မာပြည်သားတွေမှ မရေးရင် ကျွန်တော် စီပုံး ထားစရာအကြောင်းမရှိပါဘူးဗျာ ။ အကြံပေးချင်ရင်တော့ ပိုစ့်အောက်မှာ ပေးကြပါဗျာ ။
ခွန်မောင်ပန်

ဝက်ဆိုဒ်အတွက် အသိပေးခြင်း

6:28 PM ---
         မောင်ပန်တို့ စာမရေးဖြစ်တာတော်တော်ကြာပါပြီ ။ ဒါကြောင့် စာရေးရင်ကောင်းမလားလို့ တွေးပြီး ။ဆိုဒ်အတွက် သင့်လျော်မယ့် စာတစ်ပုဒ်ကိုရေးဖို့ စဉ်းစားလိုက်တာနဲ့ ... ကျွန်တော်ဆိုဒ်က ဆောပ်ဝဲလ်တွေတင်ထားတာ လင်ခ့်တွေ သေသေနေတယ်လို့ ပြောနေတာကို တွေ့ရတယ် ။ ဒါပေမယ့် ကျွန်တော် ထပ်တင်ဖို့လည်း ကျွန်တော့်ဆီက ကွန်နဲ့ ဆို မဖြစ်နိုင်ပါဘူး ။ ဒါကြောင့် ကျွန်တော်ဆိုဒ်က ဆောပ်ဝဲလ်တစ်ခုခုကို တွေ့ပြီးလိုချင်တယ်ဆိုရင် filecrop.com သွားရောက်ပြီး ဆောပ်ဝဲလ်နာမည်ကို ရိုက်ထည့်ပြီးတော့ ဒေါင်းကြပါလို့ အသိပေးလိုပါသည် ။ အဲဒီဆိုဒ်မှာ ဆောပ်ဝဲလ်တွေတော်တော်များကို တွေ့ရပါတယ် ။ ဒါကြောင့် လိုချင်တဲ့ ဆောပ်ဝဲလ်တွေကို အဲဒီမှာ သွားရှာကြပါလို့ အသိပေး မိတ်ဆက်ပါတယ်ဗျာ ။ ခွန်မောင်ပန်

အားလုံးကို အသိပေးခြင်း

7:39 AM ---
           အားလုံးကို အသိပေးခြင်းဆိုတော့ လန့်တော့ မလန့်ပါနဲ့နော် ။ ကျွန်တော် ဆိုဒ်က အခု co.cc နာမည်တင်နေတာပါ ။ သိကြတဲ့ အတိုင်းပါ ။ တစ်နှစ်ဖရီးပေးတဲ့ ဒိုမိန်းပေါ့ ။ ခုလုပ်ထားတာ တစ်နှစ်တော့ မပြည့်သေးဘူး ။ ခုနှစ်လောက်တော့ ရှိမယ်း) ။ စာလည်း ပုံမှန်ရေးချင်ပေမယ့် အချိန်က သိပ်မရလို့ သိပ်မရေးဖြစ်ဘူး ။ အချိန်ရပြန်တော့လည်း ကိုယ်လည်း ပညာသင်နေတဲ့ အချိန်ပဲရှိသေးတာမို့ ဆရာလုပ်ပြီး မရေးချင်သေးပါဘူး ။ ဒါကြောင့် မရေးတာလည်းပါတယ် ။ ဒါကြောင့် ခုလက်ရှိအထိရေးထားပြီးသားတွေကို မသိသေး မတတ်သေးတဲ့ နည်းပညာဝါသနာရှင်တွေ အတွက် တစ်ဘက်တစ်လမ်းကနေ အထောက်ပေးလိမ့်မယ်လို့ ယုံကြည့်ပြီး တင်ပြရေးသားထားခဲ့တာပါ ။
လာမည့် အခြေနေတွေလည်း မသိသေးတာမို့ ရုတ်တရက် ပျောက်ကွယ်သွားမယ်ဆိုရင်တောင် ရေးထားပြီးသားစာတွေကိုတော့ စာဖတ်အားပေးကြသူများ အချို့အတွက် ကျန်ရစ်စေချင်သေးတာမို့ co.cc ကနေ blogspot.com ကို ပြန်ပြောင်းတော့မှာ ဖြစ်ပါတယ် ။ မြန်မာပြည်က စာဖတ်သူတွေအတွက်တော့ အခက်ဖြစ်စေမှာမှန်ပေမယ့် ကျွန်တော့်အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်မယ်လို့တော့ ထင်ထားပါတယ် ။ မရှိတာထက်စာရင် ရှိနေတာလေးက ကောင်းမယ် ထင်ပါတယ် ။ဒါကြောင့် နဂိုအတိုင်း အရင်အတိုင်းဖြစ်တဲ့ www.decembermgmg1992.blogspot.com ကို သုံးတော့မှာ ဖြစ်ကြောင့် စာဖတ်သူများကို အသိပေးပါတယ် ။
လေးစားစွာဖြင့် မောင်ပန်

ကြည်ညိုဖွယ်ရာ ရွှေမြင်းဝန်စေတီတော်

6:51 AM ---
            ဒီကနေ့ ညနေ တီဗီမှာလာတာတွေ့တဲ့ ရွှေမြင်းဝန်စေတီတော်ရဲ့ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် နှိုဆော်ချက်ကို တွေ့လိုက်ရလို့
နေ့လည်တုန်းက ရိုက်ထားတဲ့ စေတီတော်ရဲ့ ပုံကိုတာနဲ့ အများသူငါ စာဖတ်သူတို့လည်း
ဖူးမျှော်ကြည်ညိုနိုင်အောင် ရိုက်ထားတဲ့ ပုံကို တင်ပေးလိုက်ပါတယ် ။ နောက်တော့မှ ရွှေသင်္ကန်းကပ်ပြီးတော့မှ များများရိုက်ပြီးတင်ပေးဦးမယ် ။  ကျောင်းမှ ပတ်စ်ပို့ပုံ ရိုက်ရင်း အရိုက်ခံမယ့် ဆရာမ မလာခင် ကျောင်းပေါ်ကနေလှမ်းရိုက်ထားတဲ့ပုံပါ ။





ဓါတ်ပုံက တော်တော်ဆိုဒ်ကြီးပါတယ် ။ မချို့ပဲနဲ့ တင်ထားတာပါ ။ ပုံကြီးချဲ့ပြီး ချိတ်ထားမည့်သူများ ရှိမလားလို့း) ။ ကျွန်တော်တော့ တော်တော်ကြိုက်တယ် ။ ကိုယ်ရိုက်ထားတဲ့ ပုံကိုး ။ အားလုံး စေတီတော်ပုံကို
ကြည့်ပြီး စိတ်ကြည်နူးပြီး ကုသိုလ်ပွားနိုင်ပါစေဗျာ ။ စေတနာဖြင့် ခွန်မောင်ပန်

ဓါတ်ပုံ ရိုက်တယ်ဆိုတာ

7:14 AM ---
                 ကျွန်တော်တို့ ဆိုင်မှာ ရိုက်ပြီးသားပုံတွေကို လာကူးတာ အများကြီးရှိပါတယ် ။ သူတို့ ကူးတဲ့ ပုံတိုင်းမှာ အကုန်လုံးလိုလို ပုံတွေက ရိုက်ထားတာတွေ အချိုးမကျလို့ Cropping တွေ အရမ်းလိုအပ်တာကို တွေ့ရပါတယ် ။ ဒါကြောင့် ဓါတ်ပုံဆိုဒ်နှင့် အညီ ပြန်ချိုးတဲ့ အခါကျတော့ အင်မတန်ခက်ခဲလှပါတယ် ။ ဘာလို့ဆိုတော့ ရိုက်ထားတာက အကျပ် ဓါတ်ပုံဆိုဒ်အညီချိုးမယ်ဆိုရင် ပုံပျက်သွားမယ် နောက်ဆုံး အဖြူသားချန်ပြီးတော့ကို ချိုးရပါတော့တယ် ။ ဒါကြောင့်မို့လို့ ကျွန်တော် အဲလိုမျိုး ပုံလာကူးရင် များသောအားဖြင့် ပြောပြတယ် ရိုက်တဲ့ အခါမှာ  အကျပ်မရိုက်ပါနဲ့လို့ သူတို့ နားလည်အောင်တော့ ပြောပြရတယ် ။ ဒါမှလည်း နောင်လာကူးရင် ကိုယ်လည်း သက်သာမှကိုး ။
ဒါကြောင့်လည်း ကျန်တဲ့ ဓါတ်ပုံမရိုက်တတ်တဲ့ စာဖတ်သူတွေလည်း ရိုက်တတ်သွားအောင် ပညာပေး ဓါတ်ပုံ ရိုက်နည်းကို တတ်သလောက်လေး အနည်းကျည်းရေးပေးလိုပါသည် ။

         တစ်ချို့က ဓါတ်ပုံရိုက်တယ်ဆိုတာကို လွယ်တယ်လို့ ထင်ကောင်းထင်မှာပါ ။ တကယ်တော့ ဓါတ်ပုံ ရိုက်တယ်ဆိုတာ မလွယ်မှန်း ကိုယ်တိုင် ပရိုကင်မရာကို ကိုင်ရိုက်တော့မှပဲ နားလည်မိတယ် ။ ဟုတ်ပါတယ် ။ မှောင်တဲ့ နေရာမှာ ဘယ်လိုရိုက်မယ် လင်းတဲ့ နေရာ စတဲ့ နေရာတွေ စသည်စသည် Focus ဖြတ်တာတွေကအစ မသင်ရရင် ကိုယ်တိုင် နားလည်လာဖို့ဆိုတာ မလွယ်လှပါဘူး ။ တတ်တယ်လို့မဟုတ်ပါဘူး ။ တီးမိခေါက်မိ ရိုက်ကြည့်တဲ့ အဆင့်ပဲ ရှိပါသေးတယ် ။
 

   အကျဉ်းချုံးပြောရမယ်ဆိုရင် ဓါတ်ပုံတစ်ပုံကို ရိုက်တော့မယ်ဆိုရင် အရင်ဆုံး လူနဲ့ နောက်ခံရှုခင်းကို အရင်ကြည့်လိုက်ပါ ။ အဆင်ပြေနေပြီ အ၀တ်အစားကအစပေါ့ ။ အမူအရာတွေရော..... ။ အဆင်ပြေပြီဆိုရင် ကင်မရာနဲ့ ကြည့်လိုက်ပါ ။ ချိန်လိုက်ပါ ။ ပြီးတော့ အလင်းအမှောင်အလိုက် ချိန်သင့်တာချိန် Focus ပါရင် ဖြတ်လိုက်ပေါ့ ။ ပြတ်ပြီ အဆင်ပြေပြီဆိုရင်တော့ ရိုက်လိုက်တော့ပေါ့ ။ ဒါတော့ ကျွန်တော် သိသလောက် အပေါ်ယံ ဓါတ်ပုံရိုက်နည်းတွေပါ ။ နေရာယူတာတို့ ရိုက်တဲ့ အခါမှ ဘယ်နေရာမှ ချိန်ရာမှ ကျန်တာတွေတော့ အသေးစိတ် ပြောပြစရာလိုတော့မယ် မထင် ။ အားလုံးပဲ ဓါတ်ပုံလှလှရိုက်နိုင်ပြီး တစ်သက်လုံး အမှတ်တရအဖြစ် သိမ်းဆည်း နိုင်ကြပါစေ ။ ခွန်မောင်ပန်

အသိပေးခြင်း

3:47 AM ---
         အားလုံးအသိပါ ... ခွန်မောင်ပန်တစ်ယောက် ကွန်ကြောင့် ထမင်းငတ်သွားတယ်ဆိုတာ အဲမှားလို့ စာမရေးတော့ဘူးဆိုတာကိုပါ ။ တံငါသည်သားမို့လား မသိ ကွန်မကောင်း ငါးမရ ထမင်းငတ်တာကိုပဲ ပြောနေမိ ။ ကန်ဒိတို့ မဒိုးကန်တို့လည်း လာပြောနေတာကို တွေ့နေရသည်တစ်ကြောင်း အားတာနဲ့ ကွန်ကောင်းကောင်း မကောင်း ငါခုံးမတစ်ကောင်ရရင်ပြီးရောဆိုတဲ့ စိတ်ကလေးနဲ့ ကိုယ့်ကိုယ်ကို အားတင်းပြီး ရေးလိုက်ရပါတယ် ။  ။
ခုလောလောဆယ်ဆယ်တော့ မြန်မာပြည်မှာပါပဲဗျာ ။ အေးဆေးပဲပေါ့ ။ ကိုယ့်အမိမြေပဲကို မအေးသေးတာလည်း ရှိပါတယ် ။ ဒါတော့ ကိုယ်ဝမ်းနာ ကိုယ်သာ သိ :D
     
             ရေးဖို့အခွင့်ကြုံပြန်တော့လည်း ဘာကိုရေး၇မှန်းမသိတော့ :D
ဒါတွေ ထားပါတော့ စာပြန်ရေးရတာကိုပဲ ပျော်ပါပြီ ။
လောလောဆယ်ဆယ်တော့ မြဝတီက ဖိုးကဒ်မှာ ဖိုတိုေ၇ှာပ်နဲ့ အဒိတ်တင်းကို လေ့လာနေကြောင်းပါ ။ စာတတ်နေတာကို သုံးလို့ မ၇သေးကြောင်း သဘောပေါက်၏ ။ တစ်ချိန်လိုင်းကောင်း၇င် တတ်သည့်ပညာ မနေသာဆိုသလို အတင်းသုတ်တာတို့ အဒိတ်တင်းတာတို့ ဖိုးတိုးလျော့တာတွေကိုလည်း စာဖတ်သူညားအား တင်ဆက်ပေးမှာပါ ။ လောလောဆယ်ဆယ်တော့ လစ်ရဦးမှာ မို့လို့ ဒီလောက်နဲ့ အဆုံးသတ်ပါရစေဗျာ ။

 ဘလော့၇ဲ့ တန်းပလိတ်တွေကို ဒီနေ့မနက်လေးမှ လဲထားတာမို့ မပြင်နိုင်သေးကြောင်းပါ ။
                                              ခွန်မောင်ပန် (မြ၀တီ ။ ဖိုးကဒ် )

Blog လောကမှ အနားယူခြင်း

10:00 AM ---
            ကျွန်တော်က အနားယူမယ်လို့ ကြိုကြေညာထားတာ ကြာပါပြီဗျာ ။ ခုတော့ တကယ်အနားယူရတော့မယ်....
အကြောင်းကတော့ အလုပ်နဲ့ ကွန်ပျူတာနဲ့က တစ်ခြားစီဖြစ်နေလို့ပဲ...
ဒါကြောင့်မို့လို့ ဒီအလုပ်ကိုလုပ်နေတဲ့အတောတွင်းတော့ စာရေးတာက ရပ်ရမှာဖြစ်ပါတယ် ။ ဒါကြောင့်...ရက်အကန့်အသတ်တော့ မရှိပါဘူးဗျာ ။ အဆင်ပြေတော့မှ စာတွေပြန်ရေးမယ် ဖြစ်ကြောင်း စာဖတ်သူများနှင့် ဘလော့ရေးသူ မိတ်ဆွေသင်္ဂဟများအား အသိပေးနှုတ်ဆက်လိုက်ပါတယ် ။
ထိုင်းနိုင်ငံမှ သူငယ်ချင်းများအနေနဲ့ ကျွန်တော့်ကို ဆက်သွယ်စကားပြောလိုချင်တယ်ဆိုရင်တော့
၀၈၃၆၃၀၇၈၁၄ ပါ ။ အဆင်ပြေတာနဲ့ လိုင်းပေါ်ကို ပြန်တက်လာမှာပါ ။ ဒါပေမယ့် အခြေနေက မပေးဘူးဆိုရင်တော့ အပြီးတိုင်အနားယူဖို့ရှိပါတယ် ....

          ဘာပဲပြောပြောဗျာ....လောလောဆယ်ဆယ်တော့ အနည်းဆုံးတစ်လတော့ လိုင်းတက်နိုင်မှာ မဟုတ်ပါဘူး ။ အားလုံးကို ဒီနေရာကနေ နှုတ်ဆက်ကြောင်း ရေးသားလိုက်ရပါတယ်....
အားလုံးကို ခင်တဲ့ ခွန်မောင်ပန် (မဲဆောက်)
11:35 PM
10/1/2011
Mae Sot , Thailand
(ဒီစာကို ကျွန်တော်ကြိုရေးပြီးတော့ တင်ထားတာပါ ။ စာဖတ်နေတဲ့ အချိန်မှာ ကျွန်တော်အလုပ်လုပ်နေပါပြီ )

မြစ်ဧရာ တမ်းချင်း

6:53 AM ---
        အို မြစ်ဧရာ....
သင်အကြောင်းမသိပေမယ့်...
သင်ရဲ့ ဂုဏ်သင်း  ဂုဏ်သတင်းကို
များစွာစာဆို စာဖွဲ့ဆိုလို့
မှန်းကာတမ်းတ လွန်ချစ်လှ၏.....။


    
        ဧရာမြစ်ဝယ် တံငါသည်များ
ကွန်များစွာဖြင့်   ရမ်းကာဝေ့ပစ်
ဝမ်းရေးဖြစ်အောင် ကြံဆောင်နေသည်...
ထိုနှင့်တကွ....

နွားများတစ်အုပ် တစ်သုတ်သုတ်နှင့်
ရေအေးကြည်လင် မြစ်ရေခွင်သို့
ကြည်ရွှင်သောက်ကြ လွန်ချစ်ကြ၏....
       
            အာကာခွင်မှာ သိပ်မကြည်ရှာလည်း
မြစ်ရေအသွင်  ပေါ်ယံတွင်ဝယ်
ရောင်များလျံတောက် အထက်အောက်များဝယ်
လွန်တင့်တယ်၏....
စေတီပုထိုး    တောင်တန်းမျိုးနှင့်
မရိုးနိုင်ဖွယ် လွန်တင့်တယ်၏......။


  ကောင်းကင်ပြင်ဝယ် မိုးတိမ်လည်၏
တောတန်းအုပ်ဝယ် သစ်ပင်မျိုးမျိုး ကျိတ်ကျိတ်တို၏
မြစ်ရေပြင်ဝယ် မြစ်ရေသွင်သွင် စီးဆင်းပုံဟန် လွန်လှပြန်၏
ထိုနှင့်အတူ ဘုရားစေတီဝန်းရံစီပြီး မြစ်ကြီးအလှ ထပ်ကာပြ၏
      ဂုဏ်ပုဒ်များစွာ ပိုင်ဆိုင်လာသော
အလှများစွာ ပိုင်ဆိုင်လာသော
ငါတို့ရဲ့မြစ် ငါတို့ရဲ့အချစ်
ငါတို့ရဲ့သခင် ငါတို့ရဲ့အရှင်.... ။

       ရင်နှင့်အမျှ ငါတမ်းတ၏
စီးဆင်းနေသောရေကိုလည်း နဂိုအတိုင်းစီးပါစေ....
လှပနေသောမြစ်ဧရာကို နဂိုအတိုင်းလှပနေပါစေ....


               ခွန်မောင်ပန်(မဲဆောက်)

မဲဆောက်မှ အလွဲနှင့် ကျွန်တော်

7:39 AM ---
              ဒီနေ့ပဲ အလုပ်ကို လိုင်းကားနဲ့သွားဆိုလို့ လိုင်းကားနဲ့သွားလိုက်လို့ ရလာတဲ့ ဟာသကို စာဖတ်သူများအား တင်ပေးလိုပါတယ် ။ ဖြစ်ပုံက ဒီလိုဒီလို....
ကားပေါ်က ပါလာတာ ဆယ်နှစ်ယောက် စကားတွေပြောလာကြရင်းပေါ့ ။              
         မဲဆောက်ဈေးကနေ မြဝတီကားဂိတ်ကိုအလာ.....အဲဒီမှာ မြဝတီက အစ်မတစ်ယောက်လား မသိ :)
လမ်းမှာ ပုလိပ်တွေစစ်ပြီး ထွက်အလာ....
စကားကြုံရင်းနဲ့ သူ့ရဲ့ဖြစ်ပျက်ပုံလေးကို တစ်လုံးကားသဘောကျသွားအောင် ပြောပြလိုက်တာကတော့..
မြဝတီကနေ မဲဆောက်ကို လာဖို့ ကားလက်မှတ် (ပုလိပ်စစ်ရာတွင် ပြရန်လား မသိ) ကို တောမောင်းလို့ ခေါ်တဲ့ စစ်အဖွဲ့က လုပ်ပေးတာတဲ့ ။ အဲဒါကို လုပ်ပြီးတော့ သွားလေရာပါတာပေါ့ဗျာ ။ ဒါပေမယ့် သူ့ကို ဘယ်သူမှလည်း မစစ်ဘူး ။ စစ်တာလည်း မကြုံဘူးတဲ့ ။ နောက်တစ်နေ့တော့ ပုလိပ်စစ်တာနဲ့ ကြုံရော...
အဲဒါနဲ့ သူက သူလုပ်ထားတဲ့ လက်မှတ်ကို ပြတယ် ။ အဲဒါနဲ့ ပုလိပ်က လက်မှတ်ကို ကြည့်ပြီး သူ့နာမည်ကို မေးတယ် ။ သူလည်း မ...ပေါ့ ။ အသက်ကကော လေးဆယ့်ငါးနှစ်တဲ့...
ပုလိပ်က သုံးခါမေးလိုက်တာ ဒီတိုင်းပဲ ဖြေနေလို့ ကားဆင်းခိုင်းရော.... ကားဆင်းခိုင်းတယ်ဆိုတာ လက်မှတ်မရှိဘဲနဲ့ လိုက်ပါစီးလို့တဲ့....သဘောက လွဲဒီယိုတဲ့ :)
အဲဒါက သူက မရှင်းတာနဲ့ အဲဒီပုလိပ်ကိုမေးရောတဲ့     အဲဒီပုလိပ်က ဘာပြောတယ်မှတ် သူနာမည်ကို မေးတုန်း အသက်ကို မေးတုန်းက ဟာက တလွဲဆီဖြစ်နေလို့ပဲ... လွဲပုံက ရှိသေးတယ် ။
မိန်းမနဲ့ယောကျာင်္း လွဲ လွဲတာ :)
သူ့လက်မှတ်မှာ ရှိတဲ့ နာမည်က ကို... အသက်က လေးဆယ်တဲ့ဗျာ ။ အဲဒါနဲ့ ပုလိပ်လည်း အတင်းဆင်းခိုင်း သူလည်း ပေကပ်နေ... အချေအတင်လည်း လုပ်သေးတယ်တဲ့...
အစ်မနိမမှား တောမောင်းနိမားတဲ့ နိဆိုတာ ထိုင်းစကားပါ ။ ထိုင်းတဝက်မြန်မာတဝက်နဲ့ ချရော.. ကြာတော့ ပုလိပ်မခံနိုင်တော့လို့ လွတ်ပေးလိုက်ရတယ်တဲ့ ....။
ဒါတောင် မကသေးဘူး ကားသမားကို ပုလိပ်က ကပ်ပြောလိုက်သေးတယ် ...
ဗမာနိ စကားများမှများတဲ့ :)
သူလည်း သူရဲ့ဖြစ်ပုံကို ပြောပြပြီး တခွိခွိနဲ့ ရီလေရဲ့ ...
ကျွန်တော်တို့လည်း သူရဲ့အကြောင်းတွေကို နားထောင်ပြီး ကိုယ်စီပြုံးစိပြုံးစိနဲ့ :)
ဒါတောင် ကျွန်တော်က ကပ်လွဲသေးတာ .... ကျွန်တော်ဆင်းရမှာက ခရမ်းပြာတိုက်မှာ ဆင်းရမှာ ... ခရမ်းပြာတိုက်မှာ ကားကိုရပ်ခိုင်းတာ ရှေ့နားမှာ ရပ်ပေးလို့ တွေ့ပြီးသားကို သတိမရတော့ပဲနဲ့ ရှေ့ဆက်ရှာလိုက်တာ မြဝတီဂိတ်နီးနီးထိ ရောက်သွားပြီးမှ တစ်ခေါက်ပြန်လည့်လာရကြောင်းပါ ။       
      ခွန်မောင်ပန်(မဲဆောက်)