မဲဆောက်မှ အလွဲနှင့် ကျွန်တော်

7:39 AM ---
              ဒီနေ့ပဲ အလုပ်ကို လိုင်းကားနဲ့သွားဆိုလို့ လိုင်းကားနဲ့သွားလိုက်လို့ ရလာတဲ့ ဟာသကို စာဖတ်သူများအား တင်ပေးလိုပါတယ် ။ ဖြစ်ပုံက ဒီလိုဒီလို....
ကားပေါ်က ပါလာတာ ဆယ်နှစ်ယောက် စကားတွေပြောလာကြရင်းပေါ့ ။              
         မဲဆောက်ဈေးကနေ မြဝတီကားဂိတ်ကိုအလာ.....အဲဒီမှာ မြဝတီက အစ်မတစ်ယောက်လား မသိ :)
လမ်းမှာ ပုလိပ်တွေစစ်ပြီး ထွက်အလာ....
စကားကြုံရင်းနဲ့ သူ့ရဲ့ဖြစ်ပျက်ပုံလေးကို တစ်လုံးကားသဘောကျသွားအောင် ပြောပြလိုက်တာကတော့..
မြဝတီကနေ မဲဆောက်ကို လာဖို့ ကားလက်မှတ် (ပုလိပ်စစ်ရာတွင် ပြရန်လား မသိ) ကို တောမောင်းလို့ ခေါ်တဲ့ စစ်အဖွဲ့က လုပ်ပေးတာတဲ့ ။ အဲဒါကို လုပ်ပြီးတော့ သွားလေရာပါတာပေါ့ဗျာ ။ ဒါပေမယ့် သူ့ကို ဘယ်သူမှလည်း မစစ်ဘူး ။ စစ်တာလည်း မကြုံဘူးတဲ့ ။ နောက်တစ်နေ့တော့ ပုလိပ်စစ်တာနဲ့ ကြုံရော...
အဲဒါနဲ့ သူက သူလုပ်ထားတဲ့ လက်မှတ်ကို ပြတယ် ။ အဲဒါနဲ့ ပုလိပ်က လက်မှတ်ကို ကြည့်ပြီး သူ့နာမည်ကို မေးတယ် ။ သူလည်း မ...ပေါ့ ။ အသက်ကကော လေးဆယ့်ငါးနှစ်တဲ့...
ပုလိပ်က သုံးခါမေးလိုက်တာ ဒီတိုင်းပဲ ဖြေနေလို့ ကားဆင်းခိုင်းရော.... ကားဆင်းခိုင်းတယ်ဆိုတာ လက်မှတ်မရှိဘဲနဲ့ လိုက်ပါစီးလို့တဲ့....သဘောက လွဲဒီယိုတဲ့ :)
အဲဒါက သူက မရှင်းတာနဲ့ အဲဒီပုလိပ်ကိုမေးရောတဲ့     အဲဒီပုလိပ်က ဘာပြောတယ်မှတ် သူနာမည်ကို မေးတုန်း အသက်ကို မေးတုန်းက ဟာက တလွဲဆီဖြစ်နေလို့ပဲ... လွဲပုံက ရှိသေးတယ် ။
မိန်းမနဲ့ယောကျာင်္း လွဲ လွဲတာ :)
သူ့လက်မှတ်မှာ ရှိတဲ့ နာမည်က ကို... အသက်က လေးဆယ်တဲ့ဗျာ ။ အဲဒါနဲ့ ပုလိပ်လည်း အတင်းဆင်းခိုင်း သူလည်း ပေကပ်နေ... အချေအတင်လည်း လုပ်သေးတယ်တဲ့...
အစ်မနိမမှား တောမောင်းနိမားတဲ့ နိဆိုတာ ထိုင်းစကားပါ ။ ထိုင်းတဝက်မြန်မာတဝက်နဲ့ ချရော.. ကြာတော့ ပုလိပ်မခံနိုင်တော့လို့ လွတ်ပေးလိုက်ရတယ်တဲ့ ....။
ဒါတောင် မကသေးဘူး ကားသမားကို ပုလိပ်က ကပ်ပြောလိုက်သေးတယ် ...
ဗမာနိ စကားများမှများတဲ့ :)
သူလည်း သူရဲ့ဖြစ်ပုံကို ပြောပြပြီး တခွိခွိနဲ့ ရီလေရဲ့ ...
ကျွန်တော်တို့လည်း သူရဲ့အကြောင်းတွေကို နားထောင်ပြီး ကိုယ်စီပြုံးစိပြုံးစိနဲ့ :)
ဒါတောင် ကျွန်တော်က ကပ်လွဲသေးတာ .... ကျွန်တော်ဆင်းရမှာက ခရမ်းပြာတိုက်မှာ ဆင်းရမှာ ... ခရမ်းပြာတိုက်မှာ ကားကိုရပ်ခိုင်းတာ ရှေ့နားမှာ ရပ်ပေးလို့ တွေ့ပြီးသားကို သတိမရတော့ပဲနဲ့ ရှေ့ဆက်ရှာလိုက်တာ မြဝတီဂိတ်နီးနီးထိ ရောက်သွားပြီးမှ တစ်ခေါက်ပြန်လည့်လာရကြောင်းပါ ။       
      ခွန်မောင်ပန်(မဲဆောက်)

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။