Showing posts with label Adobe Reader. Show all posts
Showing posts with label Adobe Reader. Show all posts

Adobe Reader ဖြင့် စာဖတ်ရာတွင်

6:08 PM ---
                ကျွန်တော် မနှစ်က စာရေးတုန်း အစ်မတစ်ယောက်က ကျွန်တော့်ကို မေးဖူးတယ် ။ nitro & Adobe ဘယ်ဟာက ကောင်းလဲတဲ့ ။ ကျွန်တော်က Adobe အကြောင်းတော့ ကောင်းကောင်းသိပါတယ် ။ ဒါပေမယ့် အဲဒီ nitro ဆိုတာကိုတော့ ကျွန်တော် မသုံးဖူးဘူး ။ ဒါကြောင့် ကျွန်တော်က ဆောပ်ဝဲလ်ကို စမ်းသုံးဦးမယ်လို့ ပြောခဲ့တယ် ။ ဒါပေမယ့် ကျွန်တော် အဲဒီစာကို မရေးဖြစ်ခဲ့ပါဘူး ။ ဘာပဲဖြစ်ဖြစ်ဗျာ ။ တစ်ခြား Reader တွေ ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော စာဖတ်ခိုင်းလည်း ရသလို ခုလည်း နောက်တစ်နည်း စာဖတ်ရတွင် Mouse ဖြင့် Scroll စရာမလိုတော့တဲ့ နည်းပါ ။ ကျွန်တော် အစက ဒီနည်းကို တော်တော်သုံးဖြစ်တယ် ။ တော်တော်လည်း ကောင်းတာကိုး ။ ဒါကတော့ Adobe Reader ချီးမွမ်းခန်းပါ ။

Adobe Reader ကို စာအုပ်ဖတ်ခိုင်းမယ်

8:50 PM ---
            ဒီနည်းတော့ ကျွန်တော်တော်တော်သုံးဖြစ်ပါတယ် ။ တစ်ခါတစ်လေ ဘာမှမလုပ်ရင် pdf တစ်ခုခုကို ဖွင့်ပြီးရင်တော့ ဖတ်ခိုင်း :) သိပြီးတဲ့လူတွေလည်းရှိမှာပေါ့ ။ မသိသေးတဲ့သူတွေကို ရည်ရွယ်ပြီးတော့ ရေးပေးတာပါ ။ ဘာမှတော့ မခက်ပါဘူး ။ အင်္ဂလိပ်လိုပဲ ရပါတယ် ။
ကျွန်တော် ရှောပ်ကပ်ကီးနဲ့ပဲ ပြောပြပါမယ် ။

 ပထမဆုံး Ctarl + Shift + Y ပြီးရင် Ctrl +Shift+V ဆိုရင်တော့ အောက်နေပြီ :) အဲဒါက စာမျက်နှာ တစ်ရွက်တည်းကို ဖတ်ခိုင်းတာပါ ။