Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

မဆုံနိုင်တော့တဲ့ အချစ်

8:59 AM ---
မောင်လို့ ခေါ်သည့်တိုင်
မင်းရဲ့ အချစ်တွေ မခိုင်သေးဘူးဆိုတာ နားလည်ခဲ့ပါတယ် ။

အချစ်နဲ့အမုန်းဟာ ကပ်ရပ်ပဲဆိုခဲ့တဲ့
မင်းရဲ့ စကားလုံးတွေဟာ
ငါကို ဘယ်လောက်ထိချစ်တယ်ဆို နားလည်ပါတယ် ။

နင်သုံးနေကြ လမ်းခွဲစကားတွေရဲ့ကြားမှာ
ငါကိုယ့်ငါ သနားစရာဘယ်လောက် ကောင်းလဲဆိုတာ မတွေးခဲ့မိဘူး ။

တကယ်တမ်းတော့.....
အချစ်က ဖန်းတီးယူလို့ရတဲ့ အရာမဟုတ်ဘူး
နှလုံးသားနဲ့ ဆူးဆူးရှိက်ရှိက် နင်ချစ်မိရင်  နားလည်လာမှာပါ ။

တကယ်ချစ်မိသွားတဲ့ သူတစ်ယောက်အတွက်
နင်ပေးသွားတဲ့ အမုန်းနေ့စွဲတွေကို ပိုက်ပြီး
တကိုယ်တည်း အဝေးမှာ သွားပြီး ခံစားရတော့မှာလေ.........။

အော်.......ချစ်သူ
နောက်နောက်ဆိုတာများ ရှိခဲ့မယ်ဆိုရင်လေ
သံသယဆိုတာတွေကို မကြား မသိပါရစေနဲ့လို့ ငါဆုတောင်းပါတယ် ။
နင်စိတ်တိုင်းကျ ပြောခဲ့ဆုံးဖြတ်ခဲ့တဲ့ အတွက်လည်း နင်ကျေနပ်နေမယ်လို့ ငါမျှော်လင့်ပါတယ် ။

ချစ်တဲ့သူတစ်ယောက်ရဲ့ သံသယတွေကို ဖယ်ခွာပေးချင်လည်း
မဆုံနိုင်တော့တဲ့ ကံကြမ္မာတွေနဲ့အတူ
ချစ်သူတစ်ယောက်ရဲ့ ချစ်ခြင်း မုန်းခြင်းတို့ကို
သိနိုင်စွမ်းမရှိတော့တဲ့ တစ်နေရာမှာ ခိုလှုံရင်းနဲ့
မင်းပေးခဲ့တဲ့ အမုန်းနေ့စွဲတွေကို တမြေ့မြေ့ဖြတ်ကျော်ရင်း...............။          ။
            မောင် (ဇင်အတွက် နောက်ဆုံးကဗျာနဲ့ နှုတ်ဆက်ပါတယ် )

အချစ်စစ်တစ်ခု

6:15 AM ---

         ကန်ရေပြင်အလား ငြိမ်သက်နေတဲ့ ငါနှလုံးသားက

မင်းနဲ့တွေ့တော့မှ လှိုင်းလုံးတွေ ပုတ်ခတ်နေသလို မတည်ငြိမ်နိုင်တော့ပါ ။

      

          ချစ်တတ်သွားတဲ့ ငါနှလုံးသားက မင်းပေါ်လာမလားနဲ့ စောင့်စားနေတတ်ပြီ ...

အလွမ်းဆိုတာ ဘယ်လိုမှန်း မှန်းဆတတ်ခဲ့ပြီ ။

         

         မှန်ကန်တဲ့ အချစ်စစ်တစ်ခုကို ထုစစ်မှုနဲ့အတူ

ပျော်ရွှင်ကြည်နူးခဲ့ရတယ်.........။



        လွမ်းတဲ့အကြောင်းကို စာဖွဲ့နေမိတာ ကြာညောင်းပေမယ့်

ဟောင်းနွမ်းမှု မရှိခဲ့ပါဘူး ။

 ချစ်တဲ့အကြောင်းကို အခါပေါင်းမရေနိုင်အောင် ပြောနေမိလည်း

ရင်နဲ့အမျှပြောနေချင်ဆဲပါ ။

      

       အချစ်စစ်တစ်ခုမှု ဟောင်းနွမ်းမှု မရှိနိုင်သလို

 အချိန်တွေကြာညောင်းနေရင်တောင် ချစ်တဲ့အကြောင်းကို ပြောလို့ ဝနိုင်မှာ မဟုတ်ဘူး ။



     ချစ်သူ... အချစ်စစ်ကို တွေ့ရှိအောင် ဆောင်ကျဉ်းပေးခဲ့တဲ့အတွက်ကြောင့်

ချစ်သူရဲ့ ဘေးနားမှာ ကိုယ်ရံတော် တစ်ယောက်ပမာ ကျရောက်လာမယ်.

အချစ်စစ်ရဲ့ ခလုတ်ငြုပ်တွေကို ဖြူစစ်တဲ့ ချစ်ခြင်းများစွာနဲ့ ဖြတ်သန်းနိုင်ဖို့ ကြိုးစားပြီး

ပျော်ရွှင်အေးချမ်းတဲ့ ပြီးပြည့်စုံတဲ့ ဘဝတစ်ခုကို ဖြတ်ကျော်သွားကြနိုင်မှာပါ ။

                      ကောင်မလေး တစ်ယောက်အတွက်

                                  ခွန်မောင်ပန်

        

အချစ် နဲ့ အလွမ်း

8:44 AM ---

   မချစ်တတ်ဘဲ  ချစ်ချင်တဲ့ငါ

လွမ်းနေရပြီ ခုခါ ။



မလွမ်းတတ်တဲ့ငါ ချစ်မိတဲ့ခါ

လွမ်းတတ်လာခဲ့ပြီ။



ချစ်တတ်တဲ့ နှလုံးကို

မချစ်မှားဖို့ ဝှက်ကာထားမရ ။







လွမ်းတတ်သွားတဲ့ နှလုံးသားကို

မလွမ်းငြားဖို့ ဖြေသိမ့်ရန် စာသားရှာမရ ။



ချစ်တတ်တဲ့ နှလုံးသားတစ်စုံနဲ့ငါဟာ

ချစ်ခြင်းရဲ့ အလွန်မှာ အလွမ်းသမားအဖြစ်နဲ့

မင်းကို တမ်းမျှော်ရင်းနဲ့ လွမ်းဆွေးနေရပြီကွာ....။     ။



ဘဝရဲ့ ဆုလာဘ်

8:53 AM ---

 အဖွင့်ပွဲ မလန်းတဲ့ ငါရဲ့ဘဝ

လူရောစိတ်ပါ နွမ်းရလေပြီ ။

 

     လေဟုန်စီး ငှက်တစ်ကောင်နှယ်

နိမ့်လိုက်မြင့်လိုက်နဲ့

ပုံမှန်လည်ပတ်နေတဲ့ အချိန်ယန္တရားနဲ့အတူ

အဆုံးစမဲ့ ဘဝခရီးကို နှင်နေလျှက်။



     ဘဝခရီးလမ်းမှာ ....

အောင်မြင်ချိန် ရီဆို ဟစ်ကြွေးပြီး

ကျဆုံးချိန် ငိုကြွေး တမ်းဆွေးရင်းနဲ့သာ။



     နှစ်လ ရှည်ကြာသောခါ....

ဟိုရင်ဆို...

ဇတ်ဆရာအလိုကျ ကပြရတိုင်း

အတွင်း စိတ်လှိုင်းမှာ မုန်းတိုင်းလွန်ထန်

ခက်ထမ်ခဲ့ပေမယ်........

ဘဝလည့်ကွက် လွန်ရက်စက်လည်း

တည်ငြိမ်စွာနဲ့ ဖြစ်ကျော်နေခဲ့ခြင်းက

ဖွင့်ပွဲမလှ ဘဝတစ်ခုရဲ့ ဆုလာဘ် ဖြစ်ပေလိမ့်မယ်.......။     ။

                                                ခွန်မောင်ပန်



သူငယ်ချင်းတစ်ယောက်အတွက်

5:31 AM ---

အော် ...သူငယ်ချင်း

ဘဝတစ်ကွေ့ တစ်ခေါက်မှာ ခုလိုဆုံကြတွေ့ကြရတာ........

တော်တော်ပျော်စရာကောင်းခဲ့ပါတယ် ။



    ဘဝခရီးပန်းမတူ လမ်းမတူတာမို့

ကိုယ့်လမ်းကိုယ်လျှောက်ဖို့ တစ်ယောက်နဲ့တစ်ယောက်ခွဲကြရရင်

တို့တွေ ပျော်ပါး ဝါးဟားဟားတဲ့ အချိန်တွေက

အမှတ်တရအဖြစ်တင်ကျန်နေမှာပါ ။



    သူငယ်ချင်း....



ဘဝသစ်နေရာတစ်ခုမှာ မင်းအဖို့

အစတော့စိမ်းနေပါလိမ့်မယ် .....

ဒါပေမယ့် မကြာပါဘူးကွာ

တို့တွေ အစကတွေဆုံခဲ့ကြသလိုပဲ........

သူစိမ်းတွေနဲ့ တွေ့ရရင် ငါတို့တွေကို သတိရပါ

နောက်တစ်ချိန်မှာ သူဟာ ငါတို့လို

မင်းတွက် သူငယ်ချင်းကောင်းဖြစ်မှာပါ ။



     နေရာသစ်တစ်ခုမှာ

ငါတို့လို မင်းကို နားလည်ပေးတဲ့လူတွေကို သိရဦးမှာပါ

လူတွေအများကြီးနဲ့ မင်းတွေ့ရတဲ့အခါ

ငါတို့တွေ သူငယ်ချင်းကောင်းတွေ

ဖြစ်ခဲ့ကြတာကို မင်းပိုပြီးတော့ နားလည်လာမှာပါ ။



   မင်းရဲ့ ပန်းတိုင်ဘဝခရီးလမ်းကို

လျှောက်နေတဲ့ အချိန်မှာ

ဘေးကနေဆူညံပူညံသံတွေကို ဂရုမစိုက်ပါနဲ့

မင်းရဲ့ပန်းတိုင်လည်း မပျောက်ပျက်စေနဲ့။



  တကယ်လို့တို့တစ်တွေ နောင်တစ်ချိန်မှာ

ထပ်ပြီးတော့ တွေ့ဆုံရဦးမယ်ဆိုရင်

မတွေ့ဖြစ်တဲ့ အချိန်က သူငယ်ချင်းကောင်း အလွမ်းတွေအကြောင်း

တစ်ဝကြီး ပြောဖြစ်ဦးမှာပါ ။



  ခု ချိန်မှာတော့ ငါတို့တွေက

ဘဝကို ခုမှ ထိန်းကျောင်းနေကြတာလေ........

ဖြစ်ချင်တဲ့အရာကို ခဏလောက်မျိုသိပ်ပြီး

ဖြစ်သင့်အရာကို ဦးစားပေးကြရမယ်လေ.......

ငါတို့တွေခွဲနေရရင်လည်း မင်းဝမ်းနည်းမနေပါနဲ့

ရှေ့ဆက်ရမယ့် မင်းလမ်းတွေကို အကောင်းဖြစ်အောင် အဆင့်သင့်ပြင်ထားပါကွာ

ဒါမှ တို့တွေ နောင်တစ်ချိန် ပြန်ဆုံနိုင်မှာပါ။

ပြန်ဆုံးပြီး အရင်လိုပဲ တို့တွေ ဝိုင်ဖွဲ့ပြီး အရက်ကို သောက်နိုင်ဦးမှာပါကွာ။

မင်းရဲ့ ခရီးလမ်းဖြောင့်ဖြူးပါစေ သူငယ်ချင်း ။    ။

အဝေးကို သွားတော့မယ် သူငယ်ချင်းတစ်ယောက်အတွက် အမှတ်တရ

                                      December Mgmg