စိတ်မကောင်းဖြစ်မိပါတယ်.........

3:28 AM ---
           ကျွန်တော် စာတွေ ပုံမှန်လည်း ရေးမနေနိုင်ပါဘူးဗျာ ။ လိုင်းကြောင်းလည်းဖြစ်တယ် ။ တကယ်တော့ ဘလော့ဂါတစ်ယောက်လုပ်ဖို့ဆိုတာ မလွယ်ဘူးဆိုတာ သင်ကိုယ်တိုင် ရေးကြည့်မှ သိလိမ့်မယ်.......
စာရေးချင်တဲ့ စိတ်လည်း ရှိရမယ် ။ ရေးဖို့အချိန်လည်း ရှိရဦးမယ် ။ ကွန်လည်းကောင်းဦးမှ ။ မီးလည်းလိုသေးတယ် ။ မြန်မာနိုင်မှာနေတဲ့ ကျွန်တော် အတွက်တော့ တော်တော်လေးကို ခက်ခဲတယ် ။ တစ်ခါတစ်လေ စာမရေးချင်တော့လောက်အောင်ကို စိတ်မကောင်းဖြစ်တဲ့ အကြောင်းတွေ ပေါ်ပေါ်တတ်တယ် ။ ဘာပဲဖြစ်ဖြစ်ကျွန်တော် ဘလော့ဖွင့်ပြီး စာရေးတာ တစ်နှစ်လောက်တော့ ရှိနေလောက်ပါပြီ ။ မှတ်သားထားချင်းလည်း မရှိပါဘူး ။ အကောင့်နှစ်ခုနဲ့တောင် လုပ်ထားတာကိုး ။ ခုလည်း အကောင့်ပြောင်းဖို့ စဉ်းစားထားပါသေးတယ် ။ ဒါတော့ ကျွန်တော့်အကြောင်းပါ ။

        ကျွန်တော်ဘလော့ဖွင့်ပြီး စာရေးဖော် ဖတ်ခေါ်ဆိုတာ အစက နှစ်ယောက်ပဲရှိပါတယ် ။ သူတို့ကို ကျွန်တော် ဘလော့ဖွင့်တိုင်း သတိရပါတယ် ။ ဘယ်တော့မှလည်း မေ့မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ခုတော့ ကျွန်တော်က သူတို့နဲ့ သွေးအေးနေပါပြီ ။ စကားစကားပြောဖန်များက စကားထဲမှာအမှားပါ၏ ဟုပဲ မှတ်ပါတော့မယ် ။ ကျွန်တော် သူများ ဘလော့ကို မဖတ်ဖြစ်ရင်တောင် သူတို့ ဘလော့ကိုတော့ အမြဲတမ်းဖွင့်ကြည့်မိပါတယ် ။ သူတို့တိုးတက်နေပြီ လာလည်သူများနေပြီလား ဆိုတာပေါ့ :)
အောင်မြင်တဲ့သူလည်း အောင်မြင်နေပါပြီ ။ အချိန်မပေးနိုင်တော့လည်း မအောင်မြင်တာကိုတော့ အပြစ်မမြင်ပါဘူး ။ ကြိုးစားခွင့် ငါတို့မှာ ရှိပါသေးတယ် ။ ကျွန်တော့်ဘလော့လည်း လာလည်သူတွေ မရှိပါဘူး ။ တစ်ခါတစ်ခါ အားငယ်တယ် ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ဖြေသိမ့်တယ် ။ ကိုယ်ကမှ သူများကို လာလည်ချင်လောက်အောင် ကောင်းကောင်းမရေးတတ်သေးတာကိုး ။

နောက်ဆုံးအနေနဲ့ ကျွန်တော် ဒီပိုစ့်ကို ရေးရတဲ့အကြောင်းက ကျွန်တော်ရဲ့ဘော်ဒါအစစ်တစ်ယောက်အကြောင်းပါ ။ ဘာဖြစ်လို့လဲဆိုတာတော့ ကျွန်တော်ကိုယ်တိုင်းလည်း မသိတော့ပါဘူး ။ သူ့ဆိုဒ်ကို ဖွင့်တာနဲ့ ဒီလိုတွေ့ရတယ် ။
အဲဒါမျိုးပဲပေါ်နေတယ်ဗျ ။ အဲဒါကတော့ ကျွန်တော်တို့ ဘလော့ဂါတွေ သိပြီးသားဖြစ်မှာပါ ။ ကိုယ်က အက်လိုက်မှ သူတို့ ဖတ်လို့ရမှာပါ ။ ဝက်ဆိုဒ်ပိုင်ရှင်က အက်မှာ ကြည့်လို့ရတာ ။ ကျွန်တော် အစတော့ ဟာ... ဟက်ခံရတာလားလို့ သေချာကြည့်တော့မှ သဘောပေါက်တယ် ။ လည်တဲ့သူတွေများလို့ အဲလိုလုပ်ထားတာလား ။ လည်တဲ့သူတိုင်းက အပ်ထားပြီးသားမို့လားဆိုတာတော့ ကျွန်တော်  မသိဘူး ။ ဒါပေမယ့် ကျွန်တော် တစ်ခုစိတ်မချသေးလို့ ။ ဆိုဒ်များ ပိတ်ထားလို့လားလို့ ဒါကြောင့် ကမန်းကမတန်း Google ကနေ ဖောက်ဝင်လိုက်တာ တစ်မျိုးတော့ မထင်ပါနဲ့ ဆက်ဖတ်ပါဦး.........
ဒါပေမယ့် အကောင်းတိုင်းပဲ ။ ကျွန်တော် စဉ်းစားလို့မရတော့ဘူး ။ ဘယ်လိုဖြစ်ပြီး စိတ်မကောင်းဖြစ်သွားမှုန်း မသိဘူး ။ တကယ်လည်း စိတ်မကောင်းဖြစ်သွားတယ် ။ ကျွန်တော် ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းကို ကူးလာတော့ သူနဲ့ စကားသိပ်မပြောဖြစ်တော့ဘူး ။ သူ့အကောင့်လည်း ပေါ်မလာတော့ဘူး ။
 ဟူးးးးးးးးးးးးးးး တော်သေးတာပေါ့......

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။