ကျွန်တော်အစက Webpage ကို PDF Flile နဲ့ လိုချင်တုန်းက ဆို တော်တော်လေးကို အလုပ်ရှုပ်ခဲ့ရတယ် ။ အဲဒီတုန်းက ဖိုတိုရှောပ်ကို တော်တော်လေးကို လေ့လာဖြစ်ခဲ့သေးတာကိုး ။ အဲဒါကို သူပေးတဲ့ နည်းကို လိုချင်ရင် ပုံတွေနဲ့ ပြပေးတော့ အဲဒီနည်းကို ကြိုက်တယ်ဆိုရင် PDF file ဒါမှ မဟုတ် ။ Capture Add-On ကို သုံးပြီး JPG ဓါတ်ပုံဖိုင်နဲ့ သိမ်းထားတာ ။ အဲသလို... တော်တော်လေးကို ဒုက်ခရောက်ခဲ့တာ ။ PDF File တစ်ခါတစ်ခါပြောင်းတာနဲ့ တော်တော်ကို ဟန်းသွားတာ Firefox က စိတ်တော်တော်ညစ်ဖို့ ကောင်းတာ ။
ခုတော့ ကျွန်တော် Webpage တွေကို PDF file ပြောင်းဖို့ နည်းတွေတော်တော်လေးကို ရလာတယ် ။ Gmail ကနေ တစ်မိနစ်စောင့်ပြီး လုပ်တာတို့တွေပေါ့ဗျာ ။ ခုရေးစာကလည်း Add-On ပါပဲဗျာ ။ ပိုမြန်တာပေါ့ ။ Gmail ကနေ လုပ်တာက ခဏစောင့်ရဦးမယ် ။
အလုပ်နည်းနည်းရှုပ်ဦးမယ်....ဒီကောင့်လေးကို သုံးလိုက်ရင် မြန်မြန်ဆန်ဆန်ပဲဗျာ ။အဲဒီဝက်ဆိုဒ်ရဲ့ ကောင်းမှုပါပဲဗျာ ဒီကောင်က ။ ပြီးတော့ သာတာ တစ်ခုရှိသေးတယ် ။ ဒေါင်းလုပ်လို့ရရုံတင် မကဘူး ။တစ်ခါတည်း Google Doc ကို လည်းတစ်ခါတည်း ပို့နိုင်သလို ။ သူငယ်ချင်းတွေကိုလည်း ပို့ပေးလို့အောင်လည်း လုပ်လို့ရပါသေးတယ် ။ ဒါပေမယ့် မြန်မာဆိုဒ်တွေတော့ မရကြောင်းပါ ။
နောက်တစ်ခုကြေညာဝင်ချင်ပါသေးတယ်ဗျာ ။ ခုကျွန်တော်ဆိုဒ်သစ်ကို အပြီးပိုင်ပြောင်လိုက်ပါပြီ ။ ပြီးတော့ ဆိုဒ်က ဓါတ်ပုံတွေ သီချင်းတွေ အလကား နည်းပညာနဲ့မဆိုင်တာတွေကို အပြီးပိုင်ဖြုတ်ပေးလိုက်ပါပြီ ။ ကျွန်တော်ဆိုဒ်က နည်းပညာတစ်ခုတည်းနဲ့ပဲ ရေးသွားတော့မှာပါ ။ ဆိုဒ်အသစ်ကိုလာလည်ကြပါဦးလို့ ။ နဂိုက Member ဝင်ထားတဲ့သူတွေလည်း တတ်နိုင်ရင် ပြန်ဝင်ပေးပါဦးလို့ ။ အသစ်လည်း ထပ်ဝင်ပေးပေါ့ဗျာ :) တော်ပါပြီ တော်ကြာနေ အမြင်ကတ်ခံနေရဦးမယ်..........
စောနက Add-On လုပ်နည်းကို ရေးပေးပါဦးမယ် ။ Add-On လုပ်နည်းတွေကို ကျွန်တော်မကြာခဏရေးပေးနေပါတယ် ။ လုပ်တတ်ပြီးသားဆိုရင် လည်း လင်ခ့်အတိုင်းသွားပြီး ကိုယ့်ဖာသာကိုယ်လုပ်လိုက်ရုံတင် ။ ကျွန်တော်တော့ မလုပ်တတ်သေးတဲ့သူတွေအတွက် ဆက်ရေးဦးမယ်ဗျာ...
ပထမဆုံး ဒီလင့်အတိုင်းသွားလိုက်ပါဗျာ ။ Firefox တင်မကဘူး IE,Chrome မှာ လည်း လုပ်နိုင်ပါတယ် ။ ကျွန်တော်တော့ Firefox ကိုပဲ သုံးဖြစ်နေတော့ တစ်နည်းပဲ ရေးပေးပါမယ် ။ သုံးကြာတဲ့ဟာပဲ သုံးလွယ်လို့ သုံးဖြစ်နေတာဗျာ ။ IE, Chrome အတွက်လင်ခ့်ပါ ။ အဲဒီလင့်အတိုင်းသွားပြီးတော့ ပုံအတိုင်းကြည့်လိုက်ပါ ။ အဆင်ပြေပါလိမ့်မယ်ဗျာ ။
ကဲခု Firefox အတွက် ပြန်စရအောင်... အပေါ်က လင်ခ့်အတိုင်းသွားလိုက်ပါ ။ ပြီးရင် Add to firefox လိုက်ပါ ။
ပြီးရင် သင့်ရဲ့ Firefox အပေါ်နားမှာ ပေါ်လာလိမ့်မယ် Allow လို့ နိပ်ပေးလိုက်ပါ ။ အဲဒီကို...
ပြီးရင် ခဏလေးစောင့်ပေးလိုက်ပါ ။ သူ့ဖာသာ ဒေါင်းနေလိမ့်မယ်... ဘာမှလုပ်စရာမလိုပါ ။ ပြီးရင် Install လုပ်ဖို့ Box တက်လာလိမ့်မယ်... Install လိုက်ပါ ။
ပြီးရင် Allow လိုမျိုး Restart ချဖို့ တက်လာမယ်... ချသာချ ;)
Restart ပြီးလို့ ပြန်တက်လာရင် ရွေးစရာလေး ရှိမယ် ။ ကြိုက်တာရွေးပေးလိုက်ရုံတင်..
ပြီးရင်တော့ သင်ရဲ့ Firefox ဒီလို့ အမှတ်သာလေး ပေါ်လာပါလိမ့်မယ်...
အဲဒါကို ဘယ်လိုသုံးရတာလဲ ဆိုတော့ သင်ရောက်နေတဲ့ စာမျက်နှာကို ပြောင်းချင်ရင် အဲဒီနေရာကို နိပ်ပေးလိုက်ရုံတင် ။ ဥပမာ ခု ဖတ်နေတဲ့ စာမျက်နှာကိုပေါ့ဗျာ ။ အဲ... အဲဒါကို နိပ်လိုက်တာနဲ့ New Tag ဖွင့်လိုက်မည်... အဲဒီမှာ ဒေါင်းဖို့ရယ်...ရှဲဖို့ရယ်... သိမ်းဖို့ရယ်ရှိမယ်... ကြိုက်တာလုပ်လိုက်ရုံတင်။
အဆင်ပြေကြပါစေဗျာ ။ ခွန်မောင်ပန်
Showing posts with label Chrome.. Show all posts
Showing posts with label Chrome.. Show all posts
Right လင့် မပေးတဲ့ ဆိုဒ်ကို Right လင့်မယ်
8:37 PM
ကျွန်တော်တို့ တွေတွေ့ ဖူးကြမှာပါ ။ ဆိုဒ်တစ်ချို့တွေမှာ မကော်ပီရ...Right လင့်မရတာလေ ။ ခု ကျွန်တော်က
အဲဒါကို ဘယ်လိုကျော်ဖြတ်ပြီး Right မလဲပေါ့ ။ လွယ်ပါတယ်ဗျာ ။ ဒီပိုစ့်ရဲ့ ဓါတ်ပုံအဖြစ်သုံးထားတဲ့ အဖြူရောင်နတ်သမီးကိုလည်း ဒီနေရာကနေတောင်းပါန်ပါတယ်ဗျာ ။ ဟီး ..... ။ သူ့ဆိုဒ်ကို လက်တွေ့လုပ်ပြထားမှာမို့လို့ကို ။
လုပ်ချင်တယ်ဆိုရင်တော့ စမ်းကြတာပေါ့ဗျာ ။
ပထမဆုံး Firefox နဲ့ အရင် လုပ်ကြမယ်....
Option ကို သွားပါ ။ Tool>>>>>Option>>>>>ကို သွားပါ ။
ပြီးရင် Box လေး တစ်ခုတက်လာမယ် ။ အဲဒီမှာ ....
Content >>>>> Enable JavaScrpit က အမှတ်စက်ကို ဖြုတ်ပေး လိုက်ပါ ။
ကဲ...ပြီးပါပြီဗျာ ။ Right click မပေးလင့်တဲ့ ဆိုဒ်ကို လင့်ကြည့်လိုက်ပါ ။
ဒါက Firefox နဲ့လုပ်တာပါ ။
Internet Explorer Browser နဲ့လုပ်ချင်တယ် ဆိုရင်တော့ ...
ပထမဆုံး Internet Option ကို သွားပါ ။
ကဲ ပြီးရင်တော့ Internet Options တက်လာမယ် ။ အဲဒီမှာ Security က Custom Level ကို နိပ်လိုက်ပါ ။
Scripting က Disable ကို အစက်ပြောင်းထည့်ပေးလိုက်ပါ ။
ကဲ ပြီးပြီဆိုရင်တော့ Internet Explorer Browserကို Restart ချပြီးတော့ ပြန်ဖွင့်ကြည့်လိုက်ပါ ။ Right လင့်ရနေပြီ ဆိုတာကို တွေ့ရလိမ့်မယ် ။
နောက် Google Chromeအတွက်တော့ .....
ကျွန်တော်က မသုံးတဲ့ အတွက် လက်တွေပုံတွေနဲ့ မလုပ်ထားပါဘူးဗျာ ။ ဒါကြောင့် စာတွေနဲ့ပဲ ရေးလိုက်ပါတယ် ။
- Click on the Wrench Icon on the top right side on your browser.
- Click on Options
- Now goto Under the Hood tab
- Click on Content Setings and then on JavaScript
- Disable java script and open the website
အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။ ခွန်မောင်ပန်
Google Chrome နဲ့ မဖတ်စေချင်တဲ့ ဆိုဒ်ကို ပိတ်ချင်လား?
2:06 PM
ကျွန်တော် ကတိပေးထားတဲ့ အတိုင်းအခု Chrome နဲ့ ပိတ်တာကို ရေးပါမယ် ။ နည်းတွေတော့ တစ်နည်းရှိတာ မဟုတ်ဘူး ။ လွယ်တဲ့နည်းကိုပဲ တင်တော့မယ် ။ ကဲ စကြရအောင်ဗျာ ။
ပထမဆုံး ချရုမ်းကို ဖွင့်လိုက်ပါဗျာ ။ ပြီးရင်တော့...
ဆက်တင်ကနေပါပဲဗျာ ။ ပြီးတော့ Options ကို ဆက်လိုက်ပါ ။
ပုံအတိုင်းပဲဗျာ ။ Under the Hood ခေါင်းစဉ်အောက်က Change proxy settings ကို ရွေးလိုက်ပါ ။
Sites ကို တစ်ချက်လင့်လိုက်ပါ ။ ပြီးရင် အောက်ပါတိုင်း တက်လာလိမ့်မယ်.....
အဲဒီမှာ ကိုယ်ပိတ်ချင်တဲ့ ဆိုဒ်ကို ထည့်လိုက်ပါဗျာ ။ အဆင်ပြေမယ်လို့ ထင်ပါတယ် ။
ခွန်မောင်ပန်
ပထမဆုံး ချရုမ်းကို ဖွင့်လိုက်ပါဗျာ ။ ပြီးရင်တော့...
ဆက်တင်ကနေပါပဲဗျာ ။ ပြီးတော့ Options ကို ဆက်လိုက်ပါ ။
ပုံအတိုင်းပဲဗျာ ။ Under the Hood ခေါင်းစဉ်အောက်က Change proxy settings ကို ရွေးလိုက်ပါ ။
Sites ကို တစ်ချက်လင့်လိုက်ပါ ။ ပြီးရင် အောက်ပါတိုင်း တက်လာလိမ့်မယ်.....
အဲဒီမှာ ကိုယ်ပိတ်ချင်တဲ့ ဆိုဒ်ကို ထည့်လိုက်ပါဗျာ ။ အဆင်ပြေမယ်လို့ ထင်ပါတယ် ။
ခွန်မောင်ပန်

















