Showing posts with label Add-On. Show all posts
Showing posts with label Add-On. Show all posts

ဖိုင်တွေကို စောင့်ဆိုင်းမှုမရှိပဲ ဒေါင်းရန်

8:18 PM ---
                     ဒါလေးကတော့ ကျွန်တော် မရေးဖြစ်တော့တာကြာပြီ ဖြစ်တဲ့ Add-On အကြောင်းပါ ။ အသုံးဝင်ပါတယ် ။ တစ်ချို့ဆိုဒ်တွေက စောင့်ဆိုင်းခိုင်းတာတွေ အဲ.. သူတို့လည်း အခကြေးလိုချင်လို့ကိုး မစောင့်နိုင်ရင် ဝယ်ပေါ့း)  အနော်တော့ မဝယ်ဘူး ။ Add-On သုံးပြီးတော့ ကျော်လိုက်ရုံပဲ ။ ဘယ်လောက်ထိကောင်းလဲဆိုရင် Mediafire ကို ဒေါင်းချင်ရင် လင့်ခ်ပဲဖွင့် သူဖာသာသူ ဒေါင်းပေးတာ ။ ဘာမှဆက်နိပ်စရာလည်း မလိုပါဘူး ။ ကျန်တဲ့ ဆိုဒ်တွေ အများကြီးနဲ့ အလုပ်ဖြစ်ပါတယ် ။ သုံးတတ်လောက်ပါပြီ ။ ဒီနေရာမှာ အင်စတော လုပ်ပါ ။

December Mgmg Toolbar အားကြေညာခြင်း

10:39 AM ---
          ဘာရယ်လို့တော့ မဟုတ်ပါဘူး ပျင်းလို့ လိုက်ကလိထားတဲ့ ကျွန်တော်ရဲ့ တူးဘားပါ ။ အဲဒီမှာ ကျွန်တော့်လိုဂိုရယ် မြန်မာရေဒီယိုလိုင်းတစ်ခုရယ် RSS Feed ရယ် ကျွန်တော် FB ရယ်အဲဒါပါပဲ ။ ကျွန်တော် ရည်ရွယ်တာကတော့ ကျွန်တော့် စာဖတ်သူတွေ (ရှိချင်ရှိမှာပေါ့လေ) ။ အလွယ်တကူ အသစ်တင်ထားတာတွေကို ကြည့်လို့ရအောင်ပါ ။ အဲ တစ်ချို့ရှိတာက တူးဘား ဖရီးနဲ့လုပ်ထားတာ ဆိုတော့ နည်းနည်းတော့ စိတ်ရှုပ်စရာတွေ တွေ့ရမှာပါ ။ အဲဒါကတော့ Home Page ကို နိပ်ရင် ကျွန်တော်လုပ်ထားတဲ့ ဆိုဒ်က Home page အဖြစ်နေရာယူထားတာကို တွေ့ရပါလိမ့်မယ် ။ အဲဒါကို ဖြေရှင်းလိုပါက တူဘားပေါ်က Setting ပုံကို နိပ်ပြီးတော့Addition Settings က အမှတ်တွေအကုန်လုံးကို ဖြုတ်ပါ ။ ပြီးရင် မိမိတို့ Browser ရဲ့ Option က Home page ကို မိမိသုံးနေကျ ၀က်ဆိုဒ်ကို ပြန်လည်လင်ခ့်ပြောင်းပေးလိုက်ပါ ။  စိတ်ဝင်စားသူများ အသုံးပြုနိုင်ပါသည် ။ ဘာမှအသုံးမ၀င်ရင်တောာင် မြန်မာအွန်လိုင်းရေဒီယိုလေးတော့ နားဆင်လို့ရပါတယ်း)
သုံးချင်ရင်လွယ်လွယ်လေးပါဗျာ ။ ပုံမှန်လုပ်နေကျ Add on အသုံးပါ ။ ဒီနေရာမှာ အသုံးပြုနိုင်ပါသည် ။
( မသုံးတတ်သူများ အတွက်တော့ အပေါ် စာလုံးအနီးကို နိပ်လိုက်ပါ ။ New tag ပွင့်လာပါလိမ့်မည် ။ ခဏစောင့်ပေးပါ ။ ပြီးလျှ URL address မှာ ပေါ်လာလိမ့်မယ် အဲဒါကို Allow လုပ်ပေးလိုက်ပါ ။ သူဒေါင်းလုပ်စစွဲလိမ့်မယ် ။ ပြီးလျှင်တော့ Diealog box တက်လာလိမ့်မယ် ။ Install Now လိုက်ပါ ။ ပြီးပါက URL နားမှာ Restart ချဖို့ မေးတာလေးကို ဖြည့်ဆည်းသေားအားဖြင့် လိုက်နာလိုက်ပါ ။ Browser သာ ကျပါသည် ။ ပြန်ပွင့်လာရင်တော့ သင်ရဲ့ Browser မှာ December Mgmg toobar ရောက်ရှိနေပြီဖြစ်ကြောင်း ။ လေးစားလျှက် ခွန်မောင်ပန်

Adblock Plus

10:52 PM ---

        

>>>>>Add-On Link<<<<

ကြိုက်တဲ့ Webpage ကို PDF file ပြောင်းမယ်

6:45 AM ---
          ကျွန်တော်အစက Webpage ကို PDF Flile နဲ့ လိုချင်တုန်းက ဆို တော်တော်လေးကို အလုပ်ရှုပ်ခဲ့ရတယ် ။ အဲဒီတုန်းက ဖိုတိုရှောပ်ကို တော်တော်လေးကို လေ့လာဖြစ်ခဲ့သေးတာကိုး ။ အဲဒါကို သူပေးတဲ့ နည်းကို လိုချင်ရင် ပုံတွေနဲ့ ပြပေးတော့ အဲဒီနည်းကို ကြိုက်တယ်ဆိုရင် PDF file ဒါမှ မဟုတ် ။ Capture Add-On ကို သုံးပြီး JPG ဓါတ်ပုံဖိုင်နဲ့ သိမ်းထားတာ ။ အဲသလို... တော်တော်လေးကို ဒုက်ခရောက်ခဲ့တာ ။ PDF File တစ်ခါတစ်ခါပြောင်းတာနဲ့ တော်တော်ကို ဟန်းသွားတာ Firefox က စိတ်တော်တော်ညစ်ဖို့ ကောင်းတာ ။ 
         ခုတော့ ကျွန်တော် Webpage တွေကို PDF file ပြောင်းဖို့ နည်းတွေတော်တော်လေးကို ရလာတယ် ။ Gmail ကနေ တစ်မိနစ်စောင့်ပြီး လုပ်တာတို့တွေပေါ့ဗျာ ။ ခုရေးစာကလည်း Add-On ပါပဲဗျာ ။ ပိုမြန်တာပေါ့ ။ Gmail ကနေ လုပ်တာက ခဏစောင့်ရဦးမယ် ။
အလုပ်နည်းနည်းရှုပ်ဦးမယ်....ဒီကောင့်လေးကို သုံးလိုက်ရင် မြန်မြန်ဆန်ဆန်ပဲဗျာ ။အဲဒီဝက်ဆိုဒ်ရဲ့ ကောင်းမှုပါပဲဗျာ ဒီကောင်က ။ ပြီးတော့ သာတာ တစ်ခုရှိသေးတယ် ။ ဒေါင်းလုပ်လို့ရရုံတင် မကဘူး ။တစ်ခါတည်း Google Doc  ကို လည်းတစ်ခါတည်း ပို့နိုင်သလို ။ သူငယ်ချင်းတွေကိုလည်း ပို့ပေးလို့အောင်လည်း လုပ်လို့ရပါသေးတယ် ။ ဒါပေမယ့် မြန်မာဆိုဒ်တွေတော့ မရကြောင်းပါ ။ 
         နောက်တစ်ခုကြေညာဝင်ချင်ပါသေးတယ်ဗျာ ။ ခုကျွန်တော်ဆိုဒ်သစ်ကို အပြီးပိုင်ပြောင်လိုက်ပါပြီ ။ ပြီးတော့ ဆိုဒ်က ဓါတ်ပုံတွေ သီချင်းတွေ အလကား နည်းပညာနဲ့မဆိုင်တာတွေကို အပြီးပိုင်ဖြုတ်ပေးလိုက်ပါပြီ ။ ကျွန်တော်ဆိုဒ်က နည်းပညာတစ်ခုတည်းနဲ့ပဲ ရေးသွားတော့မှာပါ ။ ဆိုဒ်အသစ်ကိုလာလည်ကြပါဦးလို့ ။ နဂိုက Member ဝင်ထားတဲ့သူတွေလည်း တတ်နိုင်ရင် ပြန်ဝင်ပေးပါဦးလို့ ။ အသစ်လည်း ထပ်ဝင်ပေးပေါ့ဗျာ :) တော်ပါပြီ တော်ကြာနေ အမြင်ကတ်ခံနေရဦးမယ်..........
         စောနက Add-On လုပ်နည်းကို ရေးပေးပါဦးမယ် ။ Add-On လုပ်နည်းတွေကို ကျွန်တော်မကြာခဏရေးပေးနေပါတယ် ။ လုပ်တတ်ပြီးသားဆိုရင် လည်း လင်ခ့်အတိုင်းသွားပြီး ကိုယ့်ဖာသာကိုယ်လုပ်လိုက်ရုံတင် ။ ကျွန်တော်တော့ မလုပ်တတ်သေးတဲ့သူတွေအတွက် ဆက်ရေးဦးမယ်ဗျာ...
        ပထမဆုံး ဒီလင့်အတိုင်းသွားလိုက်ပါဗျာ ။ Firefox တင်မကဘူး IE,Chrome မှာ လည်း လုပ်နိုင်ပါတယ် ။ ကျွန်တော်တော့ Firefox ကိုပဲ သုံးဖြစ်နေတော့ တစ်နည်းပဲ ရေးပေးပါမယ် ။ သုံးကြာတဲ့ဟာပဲ သုံးလွယ်လို့ သုံးဖြစ်နေတာဗျာ ။ IE,  Chrome အတွက်လင်ခ့်ပါ ။ အဲဒီလင့်အတိုင်းသွားပြီးတော့ ပုံအတိုင်းကြည့်လိုက်ပါ ။ အဆင်ပြေပါလိမ့်မယ်ဗျာ ။
ကဲခု Firefox အတွက် ပြန်စရအောင်... အပေါ်က လင်ခ့်အတိုင်းသွားလိုက်ပါ ။ ပြီးရင် Add to firefox လိုက်ပါ ။ 
ပြီးရင် သင့်ရဲ့ Firefox အပေါ်နားမှာ ပေါ်လာလိမ့်မယ် Allow လို့ နိပ်ပေးလိုက်ပါ ။ အဲဒီကို...
ပြီးရင် ခဏလေးစောင့်ပေးလိုက်ပါ ။ သူ့ဖာသာ ဒေါင်းနေလိမ့်မယ်... ဘာမှလုပ်စရာမလိုပါ ။ ပြီးရင် Install လုပ်ဖို့ Box တက်လာလိမ့်မယ်... Install လိုက်ပါ ။
ပြီးရင် Allow လိုမျိုး Restart ချဖို့ တက်လာမယ်... ချသာချ ;)
Restart ပြီးလို့ ပြန်တက်လာရင် ရွေးစရာလေး ရှိမယ် ။ ကြိုက်တာရွေးပေးလိုက်ရုံတင်..
ပြီးရင်တော့ သင်ရဲ့ Firefox ဒီလို့ အမှတ်သာလေး ပေါ်လာပါလိမ့်မယ်...
အဲဒါကို ဘယ်လိုသုံးရတာလဲ ဆိုတော့ သင်ရောက်နေတဲ့ စာမျက်နှာကို ပြောင်းချင်ရင် အဲဒီနေရာကို နိပ်ပေးလိုက်ရုံတင် ။ ဥပမာ ခု ဖတ်နေတဲ့ စာမျက်နှာကိုပေါ့ဗျာ ။ အဲ... အဲဒါကို နိပ်လိုက်တာနဲ့ New Tag ဖွင့်လိုက်မည်... အဲဒီမှာ ဒေါင်းဖို့ရယ်...ရှဲဖို့ရယ်... သိမ်းဖို့ရယ်ရှိမယ်... ကြိုက်တာလုပ်လိုက်ရုံတင်။

                အဆင်ပြေကြပါစေဗျာ ။ ခွန်မောင်ပန်

သင့်အတွက် အသုံးဝင်တဲ့ Add-On များ (ဝက်ဘ်ဆိုဒ်မိတ်ဆက်)

5:59 AM ---

    အစက ကျွန်တော်ကိုယ်တိုင်စမ်းပြီး ရေးမို့လို့ပဲ ။ ဒါပေမယ့် ကျွန်တော့် Firefox က ကလိတာ လွန်သွားတဲ့အတွက် Add-On တွေလုပ်ချင်လုပ်လို့မရတော့ပါ ။ မရတော့ဘူး ... ရကိုမရတော့တာ တစ်ခါတည်းလုပ်ဖို့ .xpi rမဟုတ်ရင်မရတော့ကြောင်းပါ ။ ဒါကြောင့်မို့လို့ ကိုယ်တိုင်စမ်း ကိုယ်တိုင်ရေးခြင်းဖြင့် မစွမ်းနိုင်သောကြောင်း ဝက်ဆိုဒ်မိတ်ဆက်အနေနှင့်သာ ကျေနပ်ရပါတော့သည် ။ တော်တော်လေးကို အသုံးဝင်တဲ့ Add-On တွေ တော်တော်များများကိုပါတယ်ဗျ ။ ကိုယ်တိုင်ကိုယ်ကျသာ သွားရောက်လေ့လာကြည့်ပါတော့ဗျာ ။ ကျွန်တော်တော့... ဟင့် ငိုချင်စိတ်တောင် ပေါက်တယ် ။ ဒါလောက်ကောင်းတော့ ဟာလေးတွေ မခံစားရရှာဘူး ။ ဝင်ဒိုးထပ်တင်မှ ဖြစ်တော့မှာ ။




အသုံးဝင်ပုံတွေကို ပုံတွေပြပေးပါ့မယ် ... စိတ်ဝင်စားသပဆိုရင် သွားလုပ်ကြည့်ပါဗျာ ။ အဲဒီမှာ လုပ်ရတာတော်တော်လေးကို လွယ်ပါတယ် ။ ဥပမာပြောရရင် ကျွန်တော်ရေးထားတဲ့ IDM Firefox မှာ အလုပ်မလုပ်ရင်ဆိုတဲ့ ပိုစ့်အတိုင်းပါပဲ ။ လုပ်ချင်ရင် အဲဒီမှာ စာသားလေးကို နိပ်လိုက်တာနဲ့ ဘယ်မှာ သွားစရာမလိုပဲနဲ့ Allow တန်းဝင်ပြီး ။ လုပ်နိုင်ကြောင်းပါ ။ လုပ်မတတ်သေးရင်တော့ ဒါလေးကို နမူနာကြည့်လိုက်ပါဗျာ ။ ကျန်တာတော့ သိပ်ထူးထူးထွေထွေကြေညာစရာမရှိတော့ပါဘူး ။ အသုံးဝင်မယ့် Add-On ပုံအချို့ကိုတော့ ကြည့်လိုက်ပါ ။ လုပ်ချင်စိတ်ပေါ်အောင်လို့ :)



      File Upload တာ ဒါက


 





ဒါလေးက အားလုံးသိပြီးသားဖြစ်တဲ့ Secure Login ပါ ။


 


နောက်တစ်ခုကြည့်လိုက်ပါဦး...


 


ဒါလောက်ဆို သဘောပေါက်လောက်ပြီ ထင်တယ် ။ လုပ်ချင်သပ ဆိုရင် ဒီနေရာ မှာ သွားလုပ်လိုက်ပါဗျာ ။ကျန်တာတွေလည်း အများကြီးရှိသေးတယ် ။ ရွေးသုံးလိုက်ပေါ့.... ။ တစ်ခုတော့ ကြိုပြောပါရစေ... ကြိုက်တယ် ကြိုက်တယ် ဆိုပြီးတော့ သိပ်လည်းများများ မလုပ်နဲ့နော် . တော်ကြာနေ Firefox ကြာနေလို့ ခွန်မောင်ပန်ပဲ တရားခံဖြစ်နေဦးမယ် :)


အားလုံးပဲ အဆင်ပြေပါစေဗျာ ။ ခွန်မောင်ပန်







Firefox new tab မှာ google ကို တန်းပေါ်စေချင်လား

11:10 PM ---

ဒီပိုစ့်ကို သူငယ်ချင်းတစ်ယောက်က အကူညီတောင်းလာလို့ ဖြေပေးရတာပါ ။ Friefox newtab မှာ ဒီတိုင်းပဲလေ ။ ဘာမှပေါ်မလာဘူး ။ newtab ကို နိပ်တိုင်း home ကိုသွားရတာ ပျင်းတယ် ထင်သပ ။

ကလိုဆို ဒီလုပ်လိုက် ။ ပထမဆုံး ဒီနေရာလေးကို သွားပြီးတော့ Add-On လေးကို အက်လိုက်ပါ ။
newtab ခေါ်တိုင်း Google ကို တန်းရောက်သွားပါလိမ့်မယ် ။ Add-On လုပ်တာကို မသိသေးဘူးဆိုရင် ဒီနေရာမှာ နည်းသွားယူလိုက်ပါဗျာ ။ ကျန်တာတော့ လွယ်ပါပြီ ။ အဲသမှာ ကိုယ်သွားစေချင်တဲ့ ဆိုဒ်ကို ထည့်လိုက်ပေါ့ဗျာ ။ ဥပမာ http://www.google.co.th/ ဆိုရင် ကူးထည့်လိုက်ရုံပဲ ။ အပြည့်အစုံတော့ ထည့်ရမယ် ။  ပုံကို ကြည့်လိုက်ပါဦး ။










 အားလုံးပဲ အဆင်ပြေပြေလုပ်နိုင်ပါစေ ။

      ခွန်မောင်ပန်

Mozilla Firefox နဲ့ မဖတ်စေချင်တဲ့ ဆိုဒ်ကို ပိတ်ချင်လား?

10:20 AM ---






Cmd နဲ့ ဝက်ဆိုဒ်ကို ပိတ်တာတော့ သူများတင်ပြီးသားကို ကော်ပီပြီးတော့ တင်ဖူးတယ် ။ ခုတော့ မိုစီလာနဲ့ ပိတ်တာကို ကျွန်တော်ကိုယ်တိုင် ရေသားပါမယ် ။ ပထမဆုံးAdd-on ကို သွားပါ ။








ပုံပါအတိုင်းပါပဲဗျာ ။ Serch နေရာမှာ blocksite လို့ရိုက်ထည့်လိုက်ပါ ။ ပြီးရင် အင်စတော့ လိုက်ပေါ့ ။ပြီါ်ရင် Restant ချဖို့ပြောရင် ချပေးလိုက် ။



ခဏလေးစောင့် ပြီးရင် ပြန်တက်လာလိမ့်မယ် ။Add-on ကိုနောက်တစ်ခါ ထပ်သွားပါ ။Extensionsအောက်မှာ blocksite က Optionကိုရွေးလိုက်ပါ ။




  • ပြီးရင်တော့ အောက်ပါတိုင်းတက်လာလိမ့်မယ် ။ ပြီးရင်တော့ ကိုယ်ပိတ်ချင်တဲ့ ဆိုဒ်ကို ပိတ်လိုက်ပေါ့ ။New password မှာ ကိုယ်စကားဝှက်ထည့်ချင်လည်း ထည့်လိုက်ပေါ့ ။ မမေ့စေနဲ့နော် ။ အနော်လုပ်တတ်သေးဘူး အဲဒါက ။

























ပြီးရင် ဒီလိုမျိုး ပိတ်ထားတာကို တွေ့ရလိမ့်မယ်





အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် ။


 ခွန်မောင်ပန်