ပန်းစွယ်တော်

8:37 PM ---
       စွယ်တော်ပန်းဆိုရင်လည်း ဖြစ်ရဲ့သားနဲ့ ကြားကောင်းအောင် ပန်းစွယ်တော်တဲ့ ။
စွယ်တော်ရွက်ကလေးလို နှစ်လွာပေါင်းမှ တစ်ယောက်တည်းဆို...အဲ တစ်ရွက်တည်းဆို (အမည်မသိအဆိုတော် လမ်းဘေးကဆိုတဲ့ အဆိုတော်ရဲ့ သီချင်းထဲကစာသားလို) ။
      နိဒါန်းချီခြင်းသာ ။   ။
       ပန်းစွယ်တော် အကြောင်း မစခင် ပန်းစွယ်တော် ပေါ်ပေါက်ကို ရှေးဦးပဏာမအနေဖြင့် တင်ပြလိုပါသေးတယ်။ ပန်းစွယ်တော် ဟူသော ပိုစ့်မပေါ်ပေါက်ခင် ။ မရေးရသခင် ဆိုလိုတာပါ ။ ကျွန်တော် khunpan258@gmail.com ကိုပဲ သုံးတာများပါတယ် ။ ဘာလို့ဆိုတော့ ခု ဘလော့နဲ့ရေးတာက december အကောင်နဲ့ပဲလေ ။ အဲဒါကြောင့် ဒီအကောင့်ကိုပဲ အသုံးများပါတယ် ။ ရံခါဖန်ခါတော့ မိတ်ဟောင်းဆွေဟောင်းတွေ တွေ့လိုတွေ့ငြား ဖွင့်တတ်တယ် ။ ဒီနေ့မနက်လည်း အကိုတစ်ယောက်က ညီ... စော်တစ်ပွေလောက်ဆိုလို့ ဟိုအကောင့်က ပေါတယ်လေ ။ လိုချင်ရင် ပေးမယ်နော် :) ။ ထားပါတော့.... အဲဒါနဲ့ ဖွင့်ဖြစ်လိုက်တယ် ။

       မြန်မာသူငယ်ချင်းများနေ့.....။
အင်တာနက်သုံးသူတိုင်း သိကြမယ့် ဆိုဒ်ပါ ။ ကျွန်တော် ကွန်ပျူတာ စကိုင်ခါစ ဝင်ထားတဲ့ ဆိုဒ်တွေထဲက တစ်ခုပါ ။ တော်တော်လည်း စည်ပါတယ် ။ အဲဒီတုန်း ခုတော့ မဝင်ဖြစ်တော့ပါဘူး ။ အဲ... စကားကြောက ရှိနေပြန်ပြီ ။ အဲဒီဆိုဒ်က အကိုတစ်ယောက်က ကျွန်တော်ကိုအရမ်းခင်တာ ဒရော့ဘာပါ ။ ချဲလ်ဆီးလ်က ဒရော့ဘာ မဟုတ်ပါဘူး ။ ရန်ကုန်က ဒရော့ဘာပါ ။ ကျွန်တော့်ကို တွေ့တိုင်း နှုတ်ဆက်တယ် ။ ပြန်မယ်ဆိုလည်း ပြန်ပြီနော် ညီ ။ တွေ့တိုင်းနှုတ်ဆက်တတ်တဲ့အကိုတစ်ယောက်ပါ ။ ကဗျာချစ်သူတစ်ယောက်ပါ ။ကျွန်တော်လည် ရေးရေးပြီးတင်တတ်ပါတယ် ။ ကျွန်တော်လည်း ကဗျာ ဝါသနာပါတယ်။ ရန်ကုန်မှာနေတုန်းတော့ ကိုယ့်ဖာသာကိုယ်ရေးပြီး ဆိုဒ်မှာ ပရင့်ထုတ်ပြီး သိမ်းထားရတာ အမော ။ သိမ်းထားသေးတယ် အခု ။ နောက်မှ ဈေးကောင်းတော့မှ အွန်းလိုင်းကနေ လေလံတင်ဖို့ စီစဉ်ထားပါတယ် ။ ကဗျာချစ်သူများ ခုကတည်းက ကျွန်တော့်ကို ကြိုဆက်သွယ်ထားပါ ။ကြေညာခြင်းသာ။

        စွယ်တော် အကြောင်းတောင် ဘယ်ရောက်သွားပြီလဲ.........။
အဲဒီအကိုနဲ့ ဒီမနက်မှပဲ ပြန်တွေ့တာ ရန်ကုန်မှာပဲတဲ့ ။ ကော်ဖီဖျော်ဆရာလုပ်နေတယ်တဲ့။ ကော်ဖီကြိုက်တဲ့ကျွန်တော်က ကော်ဖီကောင်းကောင်း တစ်ခွက် အလကား သောက်ရလိုသောက်ရငြား  ကျွန်တော့်ကို ကော်ဖီကောင်းကောင်းတစ်ခွက် ဖျော်တိုက်ခိုင်းဦးမယ် အကို့ကို လို့တောင် စမိပါသေးတယ်ဗျာ ။  ဒါနဲ့ သူက ကျွန်တော်က သူလုပ်နေတဲ့ ဆိုဒ်က လိပ်စာလင်ခ့်ကို ပေးလာတယ် ။ ဖွင့်ကြည့်လိုက်တော့ မနက်စာလည်း မစားမိသေးတာနဲ့ ။ အဟင်းးးးး ရောက်ရင်ဝင်တွယ် ဦးမှပဲလို့ အံကြိတ်ရင်း ရန်ကုန်မှာ နေတဲ့ သူတွေကို အကူညီရလိုရငြား ဝင်တွယ်ရင် ကျွန်တော်အတွက်ပါ တစ်ပွဲစာပိုတွယ်ရန် ပန်းစွယ်တော် ပိုစ့်ကို ရေးလိုက်ရပါကြောင်းပါ ။
ခွန်မောင်ပန်

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။