မနေ့ညက မပြီးသေးလို့ ခုပြန်ဆက်ေ၇းပေးလိုက်ပါတယ် ။ ဒီညတော့ နှစ်ပုဒ်လောက်ရေးမယ်လို့ စိတ်ကူးထားတယ် ။ ဒါကြောင့် ခုတစ်ပုဒ်ရေးပြီးတာနဲ့ နောက်တစ်ပုဒ်ရေးဖို့ လုပ်ရဦးမှာမို့ ဒီတစ်ပုဒ်ကို မြန်မြန်ဆန်ဆန်ပဲရေးပေးမှာပါ ။ နောက်တစ်ပုဒ်ကျရင် ပုံတွေနဲ့မှ ဖြစ်မှာမို့လို့ပါ ။ ပုံကို Capture ရမှာနဲ့ ကြာမှာမို့လို့ပါ ။ ပြီးတော့ ဒီည အဲဒိတင်းတွေလည်း ရှိနေသေးတာမို့လေ ။ ဒီညအပြီးလုပ်ရမယ့် အလုပ်မို့ ။ Editing လည်း သိပ်မတတ်သေးတာမို့ မရေးသေးပါဘူး ။ လောလောဆယ်ဆယ်တော့ ဖိုတိုရှောပ်နဲ့ ပတ်သက်တဲ့ အကြောင်းတွေပဲများမယ်ဗျ ။ သည်းခံပြီး ဖတ်ပေးပါဦးလို့ ။ ဘာပဲဖြစ်ဖြစ် လာဖတ်နေတာကို တွေ့ရလို့ ၀မ်းသာမိ စာလည်းဆက်ရေးနေမိပါတယ်ဗျာ ။ ဖတ်တဲ့သူတွေကို မတွေ့ရရင်တော့ ရေးဖြစ်ဦးမယ် မထင်ပါဘူး ။
စောစောက Printer အကြောင်းတွေ နည်းနည်းပြန်ဆက်ရအောင်ဗျာ ။ မနေ့ညက ထုတ်တော့မယ့်အထိရောက်ပြီနော် ။ အခု ကျွန်တော် အဲဒီ Printer က Setting တွေကို နည်းနည်းလောက်ရှင်းပြပေးချင်ပါတယ် ။ ဒါတွေကတော့ ကျွန်တော် နားလည်ထားသလိုကို ပြန်လည်ရှင်းပြပေးတာပါ ။ အမှားတွေပါနေရင် ထောက်ပြပေးပါနော် ။
ကိုယ်ထုတ်မယ့် ပုံကို A4 ထဲကို ခေါ်ပြီးပြီဆိုရင်တော့ Ctrl + P ကို နိပ်ပြီးတော့ ထုတ်ရမယ်ဆိုတာတော့ သိပြီးသားဖြစ်ကြမှာပါ ။ အဲဒီမှာ ပေါ်လာလိမ့်မယ် ။ Print box setting တွေပေါ့ ဗျာ ။ အဲဒီမှာ Printer မှာ ကိုယ့်ရဲ့ စက်အမျိုးစားကို ရွေးပေးလိုက်ပါ ။ စက်နာမည်တွေပေါ်နေပါလိမ့်မယ် ။
ပြီးရင်တော့ Page Setup ကို နိပ်လိုက်ပါ ။ အဲဒီမှာ ပြောင်းရမယ့် Setting အကြောင်းတွေကို ကျွန်တော် သိသလောက်ရှင်းပြပေးမှာပါ ။ Main ကို ကြည့်လိုက်ပါဗျာ ။ Quality Option မှာ Draft, Text, Text & Image, Photo, Best Photo ဆိုပြီးတော့ ရှိတယ် ။ အဲဒီမှာ အသုံးများတာကတော့ ဓါတ်ပုံထုတ်ရင် Best photo သုံးတယ် ။စာစီစာရိုက် စာရွက်တွေ A4 စက္ကူတွေဆိုရင် Text ပါ ။ ပုံကော စာကောပါတဲ့ ကာဗာတို့ စတေကာတို့ကိုတော့ Text & Image ပါ ။ ဓါတ်ပုံဆိုရင်တော့ Best photo ပါ ။ ပြီးတော့ နောက်တစ်ခုပြောင်းရမှာကတော့ Type ပါ ။ အဲဒါတော့ ရှင်းရှင်းလေးပဲ ။ A4 paper ဆိုရင် Plain paper ဓါတ်ပုံဆိုရင် Epson premium glossy ပါ ။ နောက်ပြီးတော့ Size ... မနေ့က ကျွန်တော်ပြောခဲ့သလိုပဲ ။ ထုတ်မယ့် ပုံနဲ့ စက္ကူပမာနကို နှိုင်းယှဉ်ရမှာပါ ။ New က A4 ဆိုရင် အဲဒါလည်း A4 ကို ရွေးပေးလိုက်ရုံတင် ။ မိမိထုတ်မယ့်ပုံဆိုဒ်နဲ့ စက္ကူနဲ့ နှိုင်းယှဉ်ပြီးရွေးချယ်ပေးရမှာပါ ။
နောက်တစ်ခုကတော့ Center Image နဲ့ Scale to fit ပါ ။ ဒီနှစ်ကလည်း အရေးပါပါတယ် ။ Center Image က အလည်တည့်တည့်ကျအောင် ထုတ်မယ်ဆိုရင်ပေါ့ ။ ဆိုတော့ A4 တစ်ရွက်မှာ 4'' x 6'' တစ်ပုံထုတ်မယ်ဆိုရင် အဲဒါကို အမှတ်ပေးပါက ဓါတ်ပုံက အလယ်ကို ရောက်နေပါလိမ့်မယ် ။ ဒါကြောင့် မိမိထုတ်လိုသောပုံကို အနားစွန်းတွင်သာ ထားလိုပါက ထိုအစက်ကို ဖြုတ်ပေးပါရန် ။ Center Image က ဘယ်နေရာမှာ သုံးလဲဆိုရင်တော့ ထုတ်ရမယ့်ဟာက အလည့်တည့်တည့်ကျစေချင်တဲ့ အခါလောက်ပါပဲ ။ ဒါလည်း အောက်က Scale to fit ပေးလိုက်ရင်လည်း သူလည်း အဲဒီထဲကို အကြုံးဝင်သွားမှာပါ ။ ဒါကြောင့် သိပ်အသုံးမလိုတဲ့အတွက်ကြောင့် ဓါတ်ပုံထုတ်တိုင်း ဖြုတ်ပေးဖို့ မမေ့စေနှင့်
Showing posts with label Printer. Show all posts

ကျွန်တော်နှင့် Printer (၁)
7:45 AM
ဘာရယ်လို့တော့ မဟုတ်ပါဘူး ။ ကိုယ်တိုင်ကိုယ်ကျ မသုံးဖူးဘူးဆိုရင်တော့ Printer နဲ့ နှစ်ပါးသွားနိုင်ဖို့ ကြိုးစားရဦးမှာပါ :D ဘာလို့ဆိုတော့ Setting တွေက ရှိနေတာကိုး ။ နည်းနည်းဖောလိုက်ဦးမယ်နော်.....
ခုကျွန်တော်တို့ သုံးနေတာက Epson ပါ ။ အခက်ကြီးတော့ မဟုတ်ပါဘူး ။ မသိသေးတဲ့ သူတွေကို ရည်ရွယ်ပြီး ရေးလိုက်တာပါ ။ ပုံတွေနဲ့လည်း ပြပေးချင်ပါတယ် ။ ဒါပေမယ့် ကွန်က အဲလောက်မကောင်းတာမို့ မပြတော့ပါဘူး ။ ကျွန်တော်ရေးပေးတဲ့ စာတွေကို သေချာဖတ်ပြီးတော့ ကိုယ်တိုင်ကိုယ်ကျလုပ်တော့မယ့် ခါကျတော့ အသုံးဝင်စေမယ်လို့ မျှော်လင့်မိတာပါ ။ ကျွန်တော်နဂိုက လက်တွေ့ မလုပ်သေးဖူးခင်အထိတော့ မသိသေးကြောင်းပါ ။ အဲဒီချိန်က ဘလော့လည်းရေးနေပါပြီ ။ ဖတ်တဲ့သူတွေလည်း ရှိနေပြီ ။ ဒါပေမယ့် Printer နဲ့တော့ မနွဲရသေးပါ ။ ကျွန်တော်တို့လေ့လာနေတာက သဘောတရားတွေချည်းပဲလေ လက်တွေ့နဲ့ကျတော့ အံကိုက်မှုဖြစ်အောင်တော့ အချိန်ပြန်ပေးရတာ ချည်းပဲလေ ။ ဒီစကားကိုတော့ ယုံစေချင်တယ် ဘာလို့ဆိုတော့ ကျွန်တော်ကိုယ်တိုင် အခု အချိန်ယူနေရသေးနေဆဲမို့လို့ပါ ။ လိုင်းတော့ ပြောင်းရမလိုလိုတော့ဖြစ်နေပြီ ။ ကွန်ပျူတာပိုင်းတော့ သိပ်မရောက်ဖြစ်တော့ဘူး ။ ဖိုတိုရှောပ်နဲ့ အဲဒိတင်း နဲ့ ကင်မရာ တွေနဲ့ပါ ။ ဒါကြောင့် အခုလောလောဆယ်ဆယ်တော့ အဲဒီသုံးပဲ လေ့လာဖြစ်နေတယ် ။
နည်းနည်းလောက်ကြေညာဝင်ပါရစေနော် :D
နောက်တော့မှ အခြေနေပေးတော့မှ Heardware ပိုင်းကို လှည့်ဦးမယ်လို့ စိတ်ကူးထားတယ် ။ လောလောဆယ်ဆယ်တော့ လက်တွေ့လေ့လာဖြစ်သမျှလေးတွေကို အဆင်ပြေတာနဲ့ လိုင်းပေါ်ကို တင်ပေးဦးမှာပါ ။ စာရေးတဲ့ ၀ါသနာလည်း ခိုင်နေပြီဖြစ်တာမို့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ကို ရေးဖို့ အစီစဉ်ရှိပြီးသား :D
Printer အကြောင်းကို ပြန်ဆက်ရအောင်ဗျာ ။
ဆိုတော့.... ဥပမာဗျာ ။ ကျွန်တော် 4'' x 6'' ဓါတ်ပုံတစ်ပုံထုတ်မယ် ထားပါတော့ ။ ဒီဆိုဒ်က သာမန်ဓါတ်ပုံတစ်ပုံရဲ့ဆိုဒ်ပါ ။ အဲဒါကို ထုတ်ချင်တယ် ... ဟုတ်ပြီ ။ ဘယ်လိုထုတ်မလဲ.... Print လိုက်ရင် ရပြီဆိုပေမယ့် စက်ကူနဲ့ ပုံနဲ့ ကွက်တိကျဖို့လိုသေးတယ်နော် ။ နို့ မဟုတ်ရင် အရင်းရှုံးမယ်... သဘောပေါက်တယ် မလား ။ ပုံမှန်အနေဖြင့် တစ်ရွက်မှာ သုံးပုံရမယ့် ဟာကို တစ်ပုံတည်းနဲ့ ပွဲသိမ်းရရင်ပေါ့လေ ။ မသိသေးရင်တော့ အဲလိုဖြစ်တတ်ပါတယ် ။ ဒါကြောင့် ကျွန်တော် Printer ရဲ့ Setting အကြောင်းကို နည်းနည်းလောက်ဖောလိုက်မယ် အဲ.. ပြောလိုက်ဦးမယ် လိုတာရှိရင်လည်း ထောက်ပြပေါ့ ။
ကျွန်တော်က 4'' x 6'' တစ်ပုံကို ထုတ်ချင်တယ်ဆိုရင် ပထမဆုံး A4 တစ်ရွက်ခေါ်တယ် ။ ပြီးရင် အဲဒီထဲကို ချိုးပြီးသား 4'' x 6'' ပုံကို စွဲထည့်ပြီး ထုတ်တယ် ။ တစ်ခုအနေနဲ့ A4 တစ်ရွက် ခေါ်တယ်ဆိုတာတော့ သိပြီးသားဖြစ်မှာပါ ။ မသေးရင်လည်း Ctrl + N ပါ ။ အဲဒါကို ခေါ်တဲ့ နေရာမှာ ကိုယ် အခု သုံးမယ့် Paper နဲ့ ဆိုင်ပါတယ် ။ ဆိုလိုတာက ထုတ်မယ့် ပုံနဲ့ စက္ကူနဲ့ မကိုက်မှာ စိုးတာပါ ။ ထုတ်မယ့် ပုံက 4'' x 6'' သုံးမယ့် စက္ကူက A4 ခေါ်တာက A6 ဆိုရင်ကော ဘယ်လိုထွက်လာမလဲ ပုံက ။ စက္ကူလည်း ရှုံးမယ် ဓါတ်ပုံလည်း မရဘူး ။ ဒါကြောင့် မိမိ သုံးမယ့် စာရွက်ကို အရင်ကြည့်ပြီးရင် အဲဒီထဲကို ထည့်လိုက်ပေါ့ 4'' x 6''ကိုလေ ။ နည်းနည်းရှုပ်သွားမှာလည်း မသိဘူး ။ ပုံတွေနဲ့ကို ပြပေးချင်တာ အဆင်မပြေလို့ ။ ဒါတော့ မထုတ်ခင်လေးမှာ ကြိုတင်လုပ်ဆောင်ချက်လေးတွေပေါ့ ။
Print Setting တွေမှာ ဘာတွေ ပြောင်းရမလဲဆိုတွေကိုတော့ ကျွန်တော် နောက်ညတွေမှ အဆင်ပြေရင် ဆက်ရေးပေးဦးမယ်ဗျာ ။ လောလောဆယ်ဆယ်တော့ လုပ်စရာလေးတွေ ရှိသေးတာမို့နော် ။ နောက်ညကျရင်တော့ ကျွန်တော် Print Setting ပြောင်းရမယ်ဟာတွေ ပြီးရင် ကာဗာတွေ စတစ်ကာတွေ ဘယ်လောက်ဘယ်လောက် ဆိုတာကိုလည်း ရေးပေးပါဦးဗျာ ။ နောက်နောက်လည်း ကျွန်တော်တတ်သမျှ သိမျှတွေကို ဆက်လက်ဝေငှဦးမယ်ဗျာ ။ ခွန်မောင်ပန် (မြ၀တီ)