အင်တာနက်တော့ လူတိုင်း သုံးတတ်တယ် ။ ဒါပေမယ့် အင်တာနက်မှာ လူတိုင်း မရှာတတ်ပါဘူး ။ ကျွန်တော်တွေ့ဖူးပါတယ် ။ အများကြီး အင်တာနက်မှာ ပါးနပ်နပ်လိုက်ရှာတတ်တဲ့သူတွေ တွေ့ခဲတယ် ။ အပြင်မှာ တွေ့ဖူးတာကို ပြောတာနော် ။ ဥပမာ ဆောပ်ဝဲလ်တစ်ခုခုကို လိုတယ်ဆိုပါတော့.....
MP 3 Cutter ဆိုပါတော့ ....အဲဒါကို များသောအားဖြင့် ရိုက်ထည့်ကြတာက freedownload mp3 cutter လို့ပဲ။
အဲလိုရိုက်ထည့်တာနဲ့ mp3 cutter fullversion ဖြစ်ဖြစ် နောက်က version နာမည်တွေ ဘာညာကွိကွ ရိုက်ထည့်တာ ဘယ်လိုထူးခြားတယ်ဆိုတာ ကြည့်လိုက်ပါ ။ free လို့ပါလိုက်တာနဲ့ freesite တွေထွက်လာမယ် ။ downloader တွေနဲ့ ဒေါင်းခိုင်းမယ် ။ ပြီးရင် တစ်ဆိုဒ်မဟုတ်တစ်ဆိုဒ်ဒေါင်းမယ် ။ ရလာပြန်တော့လည်း exe ပဲရမယ် ။ full မဟုတ်ပြန်ဘူး ။ ဒါနဲ့ mp3 cutter ရဖို့ သုံးနာရီကြာလောက်ကြိုးစားပြီး မရတော့တာလည်းတွေဖူးပါတယ် ။ ဒါကတော့ ကျွန်တော်ကွန်ပျူတာ စကိုင်ခါစက တွေ့ခဲ့ဖူးတဲ့အတွေ့ကြုံပါ ။ babylon toolbar နဲ့လည်း ခဏခဏထည့်တာ အဲဒီ freewebsite တွေကြောင့်ပါ ။ free မှာ ရှာရင်တော့ အဲဒါလေးတွေ လက်ဆောင်ရတတ်ပါတယ် ။ ကျွန်တော်ဆောပ်ဝဲလ်တစ်ခုခုကို ရှာမည်ဆိုရင် နာမည်အရင် ၇ိုက်ထည့်နောက်က hacking ဖြစ်ဖြစ်ပေါ့ cracked ဖြစ်ဖြစ် ရိုက်ထည့်လိုက်ရင် အိုခေပြီ ။ ဘာလို့ဆိုတော့ hacking သမားတွေက အဲလိုဆောပ်ဝဲလ်လေးတွေကို cracked ပြီးတင်ကြလို့ပါ ။ ဒါတော့ ထက်သန်ရင် ထက်သန်သလိုရှာနိုင်ပါတယ် ။ ရှာတတ်ဖို့ပဲ လိုပါတယ် ။ free full soft ကို ရေးခဲ့ဖူးပါတယ် ။အဲဒီမှာလည်း ဒေါင်းလို့မကုန်နိုင်ပါဘူး ။
Showing posts with label Google Cache. Show all posts
Showing posts with label Google Cache. Show all posts
Google ဖြင့် နာရီကို ကြည့်ရန်
8:47 PM
ခု အလုပ်နားလို့ ပြန်ရောက်တာနဲ့ စာရေးချင်တာနဲ့ ရေးဖြစ်လိုက်ပါတယ် ။ သိပ်အသုံးမဝင်ပေမယ့် သိထားသင့်တာပေါ့ ။ Google မှာ ကိုယ်ရောက်နေတဲ့ နိုင်ငံနဲ့ နောက်က Time ကို ထည့်ရိုက်လိုက်ရုံတင် ။ ကျွန်တော်က ထိုင်းဆိုတော့ thailand time လို့ရိုက်လိုက်တာပဲ ။ ဒါပါပဲ ။ အချိန်က တက်လာလိမ့်မယ် ။ ကိုယ်ရောက်နေတဲ့ အရပ်ရဲ့ စံတော်ချိန်ပေါ့
အဆင်ပြေကြပါစေ ခွန်မောင်ပန်
အဆင်ပြေကြပါစေ ခွန်မောင်ပန်
Google Cache အကြောင်းတစ်ချို့
2:25 PM
ကျွန်တော် မြန်မာနင်းဆိုဒ်တွေမှာ စာမရေးဖြစ်တာလည်း နည်းနည်းတော့ ကြာနေပြီ ။ အကြောင်းမျိုးမျိုးကြောင့်ပေါ့ဗျာ ။ ခုကျွန်တော် အသုံးဝင်မယ်ထင်တဲ့ Google Cached အကြောင်းကို နည်းနည်းလောက်ရေးပေးချင်ပါတယ် ။ ကျွန်တော် အတွက် အသုံးဝင်နေလို့ပါဗျာ ။ ဒါနဲ့ ကြေညာ နည်းနည်းဝင်လိုက်ဦးမယ် :) ကျွန်တော်စာတွေတင်တာ မြန်မာဆိုဒ်တွေမှာ တော်တော်များများမှာ တင်ဖြစ်ပါတယ် ။ အဲလိုများတဲ့ခါကျတော့ သိပ်ပြီးတော့ မတင်နိုင်တော့ဘူး ။ ကျွန်တော့်ဘလော့လေးမှာပဲ တင်ဖြစ်လိုက်တယ် ။ အဲဒါကြောင့် မြန်မာဆိုဒ်တွေမှာ မတင်ဖြစ်ရင်တောင် ကျွန်တော်ဘလော့လေးမှာတော့ အမြဲတမ်းပုံမှန်ရေးဖြစ်ပါကြောင်း ။ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ ။
Cached က ဘယ်လို အသုံးဝင်တာလဲ ။
ကျွန်တော် သုံးနေတာတော့ ရှင်းရှင်းလေးပဲဗျာ ။ ကျွန်တော့်ဘလော့အဟောင်းက စာတွေကို ပြန်ဖတ်လို့ရတယ် ။ ဘလော့အဟောင်းဆို့တာ decembermgmg.co.cc ပေါ့ ။ ခုက decembermgmg1992.co.cc ဂဏန်းပါတာပဲကွာတယ် ။ အဲဒီဆိုဒ်ဟောင်းက ဖျက်ပြီးသားစာတွေကို ဖတ်လို့ရတယ်ဗျာ ။ ဒီ Cached နဲ့လေဗျာ ။ နောက်တစ်ခုက ဆိုဒ်တော်တော်များများမှာ သူနဲ့ Sing Up လုပ်စရာမလိုပဲနဲ့ ဝင်ဖတ်နိုင်ကြောင်းပါ ။ ခုတော့ ဝက်ဆိုဒ်တစ်ခုခုမှ ဖျက်ပြီးသားစာတွေကို ဖတ်လို့ရအောင် လုပ်နိုင်စွမ်းရှိတဲ့ Cached အကြောင်းကို လက်တွေ့စမ်းကြည့်ရအောင် ...... ။
ပထမဆုံး ကျွန်တော်ဆိုဒ်အဟောင်းက ဖျက်ပြီးသား ပိုစ့်တွေကို Google မှာ ရှာလိုက်ပါတယ် ။ ပြီးရင်တော့ အဲဒီစာကိုပဲ New tag တွေနဲ့ နှစ်ခုဖွင့်လိုက်ပါ ။ ကျွန်တော်တို့ သာမာန်ဖွင့်နေကျအတိုင်းဖွင့်တာနဲ့ Cached နဲ့ ဖွင့်တာနဲ့ပေါ့ဗျာ ။ စာသားတွေပေါ်မှာ Right ကလင်ခ့်နဲ့ Open link in new tag ပေါ့ ။ ပုံကို ကြည့်လိုက်ပါ ။
အဲဒီလိုမျိုး နှစ်ခုဖွင့်လိုက်တဲ့ အခါမှာ ဒီလိုကွဲပြားခြားနားမှုတွေကို တွေ့မြင်ရမှာပါ ။ ဒါက ကြွေပါစေ အလွမ်းအိမ်ကို ဖွင့်ထားတဲ့ပုံ ။
ဒါက Cached ကို ဖွင့်ထားတဲ့ ပုံ ။
ပုံရဲ့ ကွာခြားမှုတွေကို တွေ့မြင်ရပြီမလား ။ ကျွန်တော်အထင် Cached ဆိုတာ ပိုစ့်တစ်ခုကို တင်ပြီးလိုက်ပြီ ဆိုကတည်းက အတိုင်းကို ကြည့်လို့ရအောင် စွမ်းဆောင်နိုင်တဲ့ Google ရဲ့ လုပ်ဆောင်ချက်တစ်ခုလို့ပါ ။ ဒါက ကျွန်တော်အတွေးအမြင်သက်သက်သာ ။ နောက်တစ်ခု ထူးခြားချက်က ရှိသေးတယ် Cached နဲ့ ဖွင့်ထားတဲ့ စာမျက်နှာအပေါ်မှာ ဒီလို ပုံစံမျိုးတွေပါပါတယ်ဗျာ ။ ပုံကို ကြည့်လိုက်ပါ ။
ဒါက အရှေ့ပိုင်းကို ကို ရိုက်ထားတာ ။ ပြီးရင်နောက်တစ်ပုံကို ထပ်ကြည့်ပါဦး ....

current page ကိုနိပ်လိုက်တာနဲ့ မူရင်းလင်ခ့်ကို ရောက်သွားမှာပါ ။ စောစောက အလွမ်းအိမ် ကြွေပါစေကို ဖွင့်ထားသလိုမျိုးပေါ့ ။
အဲသလိုမျိုးပေါ့ ။ ခုကျွန်တော်ရေးချင်တာပြီးပါပြီဗျာ ။
ဒီ Cache ကို အချုပ်ပြောရရင်ဗျာ ။ ကျွန်တော်တို့ ရှာနေတဲ့အရာတွေဟာ တစ်ချိုး မူရင်းတင်တဲ့သူက ပြန်ဖြုတ်လိုက်တော့ ဖတ်လို့မရတော့ပါ ။ အဲဒီခါကျရင် Cache ဖြင့် ဖတ်နိုင်ကြောင်းနှင့်
ဝက်ဆိုဒ်အချို့ကို Sing Up လုပ်စရာမလိုပဲနဲ့လည်း ဝင်ရောက်ဖတ်ရှု့ရန် Cache ဖြင့် ကျော်ဖြတ်နိုင်ကြောင်း ဟုတင်ပေးပေးရင်းနဲ့ ကျွန်တော်စာကို အဆုံးသတ်ပါတယ်ဗျာ ။ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် ။
ခွန်မောင်ပန်