Showing posts with label Firefox. Show all posts
Showing posts with label Firefox. Show all posts

Youtube ကြည့်တုန်း ခဏတိုင်း ရပ်နေလျှင်

6:01 AM ---
        တစ်ခါတစ်လေ အပျင်းပြေ Youtube မှာ Mr bean တို့ Tom & Jerry တို့ ကြည့်တို့ ခဏခဏ ရပ်နေရင် ဖီးပျက်တတ်တယ် မလား ။ တစ်ခါတစ်လေ သီချင်းနားထောင်ပြန်တော့လည်း  ခဏခဏရပ်နေတော့ ဇိမ်ပျက်လှပါတယ် ။ ဒါကြောင့် အဲဒါလေးတွေ မကြုံရအောင် မရပ်လေအောင် ကျွန်တော်တွေ့ထားတဲ့ နည်းတွေကို ပြန်ရှဲပေးပါမယ် .....
(နဂိုကတည်းက လိုင်းမကောင်းရင်တော့ ကျွန်တော်လည်း မလုပ်တတ်ပါး)))))

Solution - YouTube Videos are not Buffering Fully when Paused

ဖိုင်တွေကို စောင့်ဆိုင်းမှုမရှိပဲ ဒေါင်းရန်

8:18 PM ---
                     ဒါလေးကတော့ ကျွန်တော် မရေးဖြစ်တော့တာကြာပြီ ဖြစ်တဲ့ Add-On အကြောင်းပါ ။ အသုံးဝင်ပါတယ် ။ တစ်ချို့ဆိုဒ်တွေက စောင့်ဆိုင်းခိုင်းတာတွေ အဲ.. သူတို့လည်း အခကြေးလိုချင်လို့ကိုး မစောင့်နိုင်ရင် ဝယ်ပေါ့း)  အနော်တော့ မဝယ်ဘူး ။ Add-On သုံးပြီးတော့ ကျော်လိုက်ရုံပဲ ။ ဘယ်လောက်ထိကောင်းလဲဆိုရင် Mediafire ကို ဒေါင်းချင်ရင် လင့်ခ်ပဲဖွင့် သူဖာသာသူ ဒေါင်းပေးတာ ။ ဘာမှဆက်နိပ်စရာလည်း မလိုပါဘူး ။ ကျန်တဲ့ ဆိုဒ်တွေ အများကြီးနဲ့ အလုပ်ဖြစ်ပါတယ် ။ သုံးတတ်လောက်ပါပြီ ။ ဒီနေရာမှာ အင်စတော လုပ်ပါ ။

Firefox 14.0 Beta 10

6:48 AM ---
           ကျွန်တော်ခု 12 နဲ့ သုံးနေတာပါ ။ 14 သုံးချင်သူများ အတွက်တင်ပေးလိုက်ပါတယ် ။ စက်ကောင်မှလည်း သုံးလို့ကောင်းမှာ နို့မို့ဆို စက်ဟန်းပြီး တိုင်ပတ်နေပါဦးမယ် ။ ပြီးတော့ Add on တွေအတွက်လည်း ပြဿနာရှိသေးတယ် ။ အဆင်မပြေရင်လည်း အဟောင်းကို ပြန်သုံးပေါ့ ။
undefined

Download Click Here

Firefoxe လေး မြန်သွားအောင်လို့

11:34 PM ---
        Firefox လည်း 13.14 ထိတောင် ထွက်နေပြီ ။ ထွက်လေလေ လေးလေလေပဲဗျာ ။ ကျွန်တော်တောင် နောက်ပိုင်းထွက်တာကို လိုက်သုံးရင်းနဲ့ လေးလာလေလေ IDM က ပြဿနာရှာလာလေလေ ။ တော်သေးလို့ ရှာနိုင်ဖွေနိုင်လို့ IDM က အလုပ်လုပ်နေလေရဲ့ ။ဒါပေမယ့် စက်နဲ့ တွက်ခြေမကိုက်တော့ စက်ကလေးတော့တာပဲ ။ ဒါကြောင့် ဒီဆောပ်ဝဲလ်က အထောက်ကူပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ် ကျွန်တော်တော့ 7ကိုပဲ ပြောင်းသုံးလိုက်တာ ။ ဘာမှမပူရတော့ဘူး ။ အသစ်တွေ ဘယ်လောက်ပဲထွက်ထွက် အဟောင်းကို မမှီတာတွေရှိပါတယ်ဗျာ ။ ဥပမာ ဖိုတိုရှောပ်ပဲကြည့်ပါဗျာ ။ CS 6 ထိသာ ထွက်တာ CS3 လောက် ။ မမှီကြပါဘူး ။ ဘယ်လောက်ပဲတိုးတိုးလာ ။ သုံးရတာ အဆင်မပြေပါဘူးဗျာ ။ စကားလည်း များသွားပါပြီ ။ ခု ဆောပ်ဝဲလ်ကို ဒေါင်းပြီး သုံးကြည့်လိုက်ပါဗျာ ။ အဆင်ပြေစေမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။

Firefox နဲ့ အင်တာနက်ကို ခပ်မြန်မြန်လေး သုံးမယ်(အာမခံသည်)

7:56 AM ---
    ဒီနည်းတော့ ကျွန်တော့်ရဲ့ ကိုကြီးတစ်ယောက်လိုဖြစ်တဲ့ ကိုတရုတ်ကြီးက ပြပေးတဲ့ နည်းလေးပေါ့ဗျာ ။ ဆိုတော့ မဆိုးပါဘူး ။ စမ်းကြည့်တာ မြန်တော့ တော်တော်ကို မြန်သွားတယ် ။ ခါတိုင်းညဆို ကွန်မကောင်းလို့ စိတ်ညစ်ရတဲ့ ကျွန်တော် ဒီည ပိုစ့် သုံးပုဒ်လောက်တောင် ရေးနိုင်တာ စာဖတ်သူတို့ အတွေ့ပဲနော်း)
ဘာမှလည်း မခက်ပါဘူး ။ ဘာမှလည်း မကောင်းရပါဘူး ။ တက်လာတဲ့ Error ကို ရှင်းပေးလိုက်ရုံပဲ ။ ကျွန်တော်တော့ ဒီနည်းလေးကို တော်တော်လေးကြိုက်နေပြီဗျ ။ စာဖတ်သူတွေလည်း စမ်းနိုင်အောင် ပြန်မျှလိုက်ကြောင်းပါ ။ ဆိုဒ်တွေမှာ ရေးထားတာကို မတွေ့ရသေးတာ မို့ ။ မတွေ့တာလည်း ဖြစ်မှာပါ ။


     ပထမဆုံး Firefox ကို ဖွင့်လိုက်ပါ ။ Short key နဲ့ပဲ သုံးကြရအောင်ဗျာနော် ။ Ctrl +Shift+Jကို နိပ်လိုက်ပါဗျာ ။ box တစ်ခုတက်လာမယ်ဗျာ ။ အဲဒီမှာ All ကို တစ်ချက်နိပ်ပေးပြီး Clear ကို နိပ်လိုက်ပါ ။ ဒါပါပဲဗျာ ။ အခု ကျွန်တော်ဆိုဒ်ကို စဖွင့်ပြီဆိုတာနဲ့ Ctrl+Shift+J ကို နိပ်လိုက်ပါ ။ ပြီးရင် Atl + C ကို နိပ်ပါ ။ Error တွေ ထပ်တက်လာသေးရင် Alt  + C ကို ထပ်နိပ်လိုက်ပါ ။ Alt နည်းတွေကို ကျွန်တော်ရေးပြပြီးပါပြီ သေချာကြည့်လိုက်ပါ ။ ထပ်ပြောပြပါမယ်ဗျာ မသိသေးတဲ့ သူတွေအတွက်ပါ ။ C စကားလုံးရဲ့ အောက်မှာ မျဉ်းသားထားတာကို တွေ့တယ် မလား ။ သင်္ကေတပေါ့ ဗျာ ။ အဲဒါကို မနိပ်ချင်လို့ ရှောပ်ကပ်နဲပ သုံးချင်တယ်ဆိုရင် Alt+C တွဲနိပ်ပါ ဆိုတဲ့ သဘော ကျန်တဲ့ နေရာတွေမှာလည်း ဒီနည်း၎င်းပဲ ။ ပြီး အဲဒီ box ကို ပိတ်ချင်တယ်ဆိုရင် Ctrl +w နဲ့ဖြစ်ဖြစ် Alt+F4 ပဲဖြစ်ဖြစ် ပိတ်နိုင်ကြောင်းပါ ။ စမ်းကြည့်လိုက်ပါ ။ အခုပဲ စမ်းကြည့်ပါ ။ သိသာမြန်ဆန်ကြောင်း ကျွန်တော် အာမခံပါသည် ။
(ခြွင်းချက် ။    ။လုံးဝကွန်မကောင်းသော နေရာမှ တစ်ပါး ။ )
ခွန်မောင်ပန်

Mozilla Firefox က Bookmar တွေကို ဘယ်လို Backup လုပ်မလဲ

9:54 AM ---
               ရေးပေးချင်တာကတော့ ကြာပြီ ။ ဒါပေမယ့် အချိန်မရလို့ မရေးဖြစ်ဘူး ။ ခုလည်း မရေးတော့ပါဘူး ။ Video နဲ့ပဲ တင်လိုက်ပါတယ် ။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် ။

Hacking Firefox (Ebook)

8:49 PM ---
                                                      
Format: PDF
Size: 10.3 mb

-Step-by-step instructions for these hacks and dozens more
-Settings, content, and extension hacks
-Hacking the interface and themes
-Performance boosters
-Anti-phishing and security hacks
-Toolbar and status bar tweaks
-Navigation, download, and search hacks
-Hacks for common plugins
-Extension and theme creation
                                                          >>>>>>Download Link<<<<<<

Adblock Plus

10:52 PM ---

        

>>>>>Add-On Link<<<<

ကြိုက်တဲ့ Webpage ကို PDF file ပြောင်းမယ်

6:45 AM ---
          ကျွန်တော်အစက Webpage ကို PDF Flile နဲ့ လိုချင်တုန်းက ဆို တော်တော်လေးကို အလုပ်ရှုပ်ခဲ့ရတယ် ။ အဲဒီတုန်းက ဖိုတိုရှောပ်ကို တော်တော်လေးကို လေ့လာဖြစ်ခဲ့သေးတာကိုး ။ အဲဒါကို သူပေးတဲ့ နည်းကို လိုချင်ရင် ပုံတွေနဲ့ ပြပေးတော့ အဲဒီနည်းကို ကြိုက်တယ်ဆိုရင် PDF file ဒါမှ မဟုတ် ။ Capture Add-On ကို သုံးပြီး JPG ဓါတ်ပုံဖိုင်နဲ့ သိမ်းထားတာ ။ အဲသလို... တော်တော်လေးကို ဒုက်ခရောက်ခဲ့တာ ။ PDF File တစ်ခါတစ်ခါပြောင်းတာနဲ့ တော်တော်ကို ဟန်းသွားတာ Firefox က စိတ်တော်တော်ညစ်ဖို့ ကောင်းတာ ။ 
         ခုတော့ ကျွန်တော် Webpage တွေကို PDF file ပြောင်းဖို့ နည်းတွေတော်တော်လေးကို ရလာတယ် ။ Gmail ကနေ တစ်မိနစ်စောင့်ပြီး လုပ်တာတို့တွေပေါ့ဗျာ ။ ခုရေးစာကလည်း Add-On ပါပဲဗျာ ။ ပိုမြန်တာပေါ့ ။ Gmail ကနေ လုပ်တာက ခဏစောင့်ရဦးမယ် ။
အလုပ်နည်းနည်းရှုပ်ဦးမယ်....ဒီကောင့်လေးကို သုံးလိုက်ရင် မြန်မြန်ဆန်ဆန်ပဲဗျာ ။အဲဒီဝက်ဆိုဒ်ရဲ့ ကောင်းမှုပါပဲဗျာ ဒီကောင်က ။ ပြီးတော့ သာတာ တစ်ခုရှိသေးတယ် ။ ဒေါင်းလုပ်လို့ရရုံတင် မကဘူး ။တစ်ခါတည်း Google Doc  ကို လည်းတစ်ခါတည်း ပို့နိုင်သလို ။ သူငယ်ချင်းတွေကိုလည်း ပို့ပေးလို့အောင်လည်း လုပ်လို့ရပါသေးတယ် ။ ဒါပေမယ့် မြန်မာဆိုဒ်တွေတော့ မရကြောင်းပါ ။ 
         နောက်တစ်ခုကြေညာဝင်ချင်ပါသေးတယ်ဗျာ ။ ခုကျွန်တော်ဆိုဒ်သစ်ကို အပြီးပိုင်ပြောင်လိုက်ပါပြီ ။ ပြီးတော့ ဆိုဒ်က ဓါတ်ပုံတွေ သီချင်းတွေ အလကား နည်းပညာနဲ့မဆိုင်တာတွေကို အပြီးပိုင်ဖြုတ်ပေးလိုက်ပါပြီ ။ ကျွန်တော်ဆိုဒ်က နည်းပညာတစ်ခုတည်းနဲ့ပဲ ရေးသွားတော့မှာပါ ။ ဆိုဒ်အသစ်ကိုလာလည်ကြပါဦးလို့ ။ နဂိုက Member ဝင်ထားတဲ့သူတွေလည်း တတ်နိုင်ရင် ပြန်ဝင်ပေးပါဦးလို့ ။ အသစ်လည်း ထပ်ဝင်ပေးပေါ့ဗျာ :) တော်ပါပြီ တော်ကြာနေ အမြင်ကတ်ခံနေရဦးမယ်..........
         စောနက Add-On လုပ်နည်းကို ရေးပေးပါဦးမယ် ။ Add-On လုပ်နည်းတွေကို ကျွန်တော်မကြာခဏရေးပေးနေပါတယ် ။ လုပ်တတ်ပြီးသားဆိုရင် လည်း လင်ခ့်အတိုင်းသွားပြီး ကိုယ့်ဖာသာကိုယ်လုပ်လိုက်ရုံတင် ။ ကျွန်တော်တော့ မလုပ်တတ်သေးတဲ့သူတွေအတွက် ဆက်ရေးဦးမယ်ဗျာ...
        ပထမဆုံး ဒီလင့်အတိုင်းသွားလိုက်ပါဗျာ ။ Firefox တင်မကဘူး IE,Chrome မှာ လည်း လုပ်နိုင်ပါတယ် ။ ကျွန်တော်တော့ Firefox ကိုပဲ သုံးဖြစ်နေတော့ တစ်နည်းပဲ ရေးပေးပါမယ် ။ သုံးကြာတဲ့ဟာပဲ သုံးလွယ်လို့ သုံးဖြစ်နေတာဗျာ ။ IE,  Chrome အတွက်လင်ခ့်ပါ ။ အဲဒီလင့်အတိုင်းသွားပြီးတော့ ပုံအတိုင်းကြည့်လိုက်ပါ ။ အဆင်ပြေပါလိမ့်မယ်ဗျာ ။
ကဲခု Firefox အတွက် ပြန်စရအောင်... အပေါ်က လင်ခ့်အတိုင်းသွားလိုက်ပါ ။ ပြီးရင် Add to firefox လိုက်ပါ ။ 
ပြီးရင် သင့်ရဲ့ Firefox အပေါ်နားမှာ ပေါ်လာလိမ့်မယ် Allow လို့ နိပ်ပေးလိုက်ပါ ။ အဲဒီကို...
ပြီးရင် ခဏလေးစောင့်ပေးလိုက်ပါ ။ သူ့ဖာသာ ဒေါင်းနေလိမ့်မယ်... ဘာမှလုပ်စရာမလိုပါ ။ ပြီးရင် Install လုပ်ဖို့ Box တက်လာလိမ့်မယ်... Install လိုက်ပါ ။
ပြီးရင် Allow လိုမျိုး Restart ချဖို့ တက်လာမယ်... ချသာချ ;)
Restart ပြီးလို့ ပြန်တက်လာရင် ရွေးစရာလေး ရှိမယ် ။ ကြိုက်တာရွေးပေးလိုက်ရုံတင်..
ပြီးရင်တော့ သင်ရဲ့ Firefox ဒီလို့ အမှတ်သာလေး ပေါ်လာပါလိမ့်မယ်...
အဲဒါကို ဘယ်လိုသုံးရတာလဲ ဆိုတော့ သင်ရောက်နေတဲ့ စာမျက်နှာကို ပြောင်းချင်ရင် အဲဒီနေရာကို နိပ်ပေးလိုက်ရုံတင် ။ ဥပမာ ခု ဖတ်နေတဲ့ စာမျက်နှာကိုပေါ့ဗျာ ။ အဲ... အဲဒါကို နိပ်လိုက်တာနဲ့ New Tag ဖွင့်လိုက်မည်... အဲဒီမှာ ဒေါင်းဖို့ရယ်...ရှဲဖို့ရယ်... သိမ်းဖို့ရယ်ရှိမယ်... ကြိုက်တာလုပ်လိုက်ရုံတင်။

                အဆင်ပြေကြပါစေဗျာ ။ ခွန်မောင်ပန်

Firefox ကို အမြန်ဆုံးဖွင့်မယ် { အာမခံသည် :) }

6:01 PM ---

       ဒီနည်းလေးတော့ ကျွန်တော်ကိုယ်တိုင်ကိုယ်တွေ့ပါဗျာ ။ တကယ်မြန်ပါတယ် .... နဂိုကဆို စောင့်နေရတာ Firefox ကို ဖွင့်ပြီးရင် အနည်းဆုံး နှစ်မိနစ်သုံးမိနစ်လောက်တောင်ဗျာ ။ စိတ်တော်တော်ပျက်တာ ။ ခုတော့ဗျာ ။ ငါးစကန့်လေးနဲ့တင် သုံးလို့ရနေပြီ ။ ဘယ်လောက်ကောင်းလိုက်တာလဲဗျာ ။ ကျွန်တော့်အတွက်လေ... ။ တကယ်လို့ စာဖတ်သူတို့များ အဲလိုဖြစ်ခဲ့သည်ရှိသော... ဒီနည်းလေးကို သတိရလိုက်ပါ ။ ခက်လည်း မခက်ပါဘူး ။ Gtalk Account ကို နှစ်ခုဖွင့်လို့ရအောင် လုပ်သလိုမျိုးပါပဲ Target မှာ စကားလုံးလေး ထည့်လိုက်ရုံတင် ။ စိတ်ဝင်စားတယ်ဆိုရင် လုပ်လိုက်ပါဗျာ ။ အာမခံတယ် တကယ်မြန်တယ် ။ ဒါကျွန်တော်ကိုယ်တိုင် လက်တွေ့မှာ မြန်နေလို့ ပြန်တင်ပေးလိုက်ပါဗျာ ။







      ပထမဆုံး မိမိတို့ရဲ့ Desktop ပေါ်က Mozilla ကို Right Clink  နဲ့ Properties ကို ရွေးလိုက်ပါဗျာ ။ အများ နားလည်လွယ်အောင် ပုံတွေနဲ့ တင်ပေးပါတယ် ။ စောစောစီးစီးပဲ ထရေးတာမို့ ဖိုတိုရှောပ်မဖွင့်ချင်သေးဘူးဗျာ ။ ကြေညာစာတွေ ဖြုတ်လိုက်တာပေါ့ ။ ကျွန်တော်တစ်ခုတောင်းဆိုပါရစေဗျာ ။ ကျွန်တော်စာတွေကို ကော်ပီချင်ရင် ကော်ပီလို့ရတယ်ဗျာ ။ ကျွန်တော့်နာမည်နဲ့ ဆိုဒ်လိပ်စာကိုတော့ ထည့်ပေးပါနော်...မဖြစ်ဘူးဆိုလည်း ဘာမှမဖြစ်ပါဘူးဗျာ ။




အောက်ဆုံးက ငနဲကို တွေ့တယ် မလား ။ အဲဒီကောင်ကိုပြောတာ ... နိပ်လိုက် သူ့ကို Box တစ်ခုတက်လာမယ်ဗျာ ။ အဲဒီမှာ Target ကို ကြည့်လိုက်ပါ ..Shortcut ကို အရင်တစ်ချက်နိပ်ပေးလိုက်ပါ ။



Target ကို တွေ့တယ် မလား ...အဲဒီမှာ exe'' ရဲ့  /prefetch:1 ကို ထည့်ပေးလိုက်ပါ ။






အပေါ်ကို ပုံက ထည့်လိုက်ပြီးဖြစ်တဲ့ပုံပါ ။ ပြီးရင် Apply >>> OK ပေါ့ ။ မြေခွေးလေးကို ဖွင့်ကြည့်လိုက်ပါ ။ မြန်လား မမြန်လားဆိုတာ.... ကျွန်တော်တော့ တကယ်ကြိုက်သွားပြီဗျာ ။ ဒီနည်းကိုလေ.........

 အဆင်ပြေကြပါစေဗျာ ခွန်မောင်ပန်

ဝက်ဆိုဒ်မှန်သမျှ စိတ်ကြိုက် ဖျက်ဆီးမယ်

8:30 PM ---

ဒီနည်းကို ရေးသင့် မရေးသင့် ကျွန်တော် မနည်းစဉ်းစားရတယ် ။ ဘာလို့ ဝက်ဆိုဒ်မှန်သမျှကို စိတ်ကြိုက်ဖျက်ဆီးတယ် ဆိုတော့လေ ။ မတော်လို့ ကိုယ့်ဝက်ဆိုဒ်ကို ဖျက်ဆီးလိုက်ရင် ဘယ်နှယ့်လုပ်မှာလဲ ။ ဒါပေမယ့် ဆုံးဖြတ်ချက် တစ်ခုကို ခိုင်မာစွာချလိုက်ပြီး အများသူငါ ဖျက်ဆီးနိုင်ရန် အလို့ငှာ အဲ....မှားလို့ အများသူငါ ဗဟုသုတ တိုးစေရန် အလိုငှာ ရေးသား တင်ပြလိုက်ပါတယ်ဗျာ :D :D :D


        ဝက်ဆိုဒ်မှန် သမျှကို စိတ်တိုင်းကျ ပြင်ဆင် ဖျက်ဆီး ချင်သပ ဆိုရင်လည်း လုပ်ကြည့်လိုက်ပါဗျာ ။ တစ်ခုတော့ ကြိုပြောထားမယ် ။ ပြီးရင် ဘာမှမပြောနဲ့ ဒီနည်းနဲ့ ပတ်သက်ရင်ပေါ့ ။ အောက်က စာသားကို ကူးပြီးတော့ URL ဘားမှာ ထည့်လိုက် ။

javascript:document.body.contentEditable='true'; document.designMode='on'; void 0

ကြိုက်တဲ့ ဝင်ဆိုဒ်ကို အရင်ဝင်ပေါ့ ။ စာသားလေးကို ထည့်ပြီးရင် Enter တစ်ချက် ရိုက်လိုက်ပေါ့ဗျာ ။ စမ်းကြည့်ပေါ့တော့....

ကျွန်တော့် ဆိုဒ် ပျက်ဆီးသွား ပုံလေးကို ရှုလိုက်ပါဦး ....





စမ်းသပ်ရင်းနဲ့ စိတ်ချမ်းသာနိုင်ပါစေဗျာ ။ ခွန်မောင်ပန်

Firefox မှာ ကိုယ်ပိုင် Chatroom တစ်ခု လုပ်မယ်

9:51 AM ---

ကျွန်တော်က Firefox  ပဲ အသုံးများလို့ Firefox ပဲ ရေးမှာပါ ။ ကျန်တဲ့ Browser အတွက်တော့ မရေးပေးတော့ပါဘူး ။ ချက်တင် ဝါသနာရှင်တွေအတွက်တော့ တော်တော်လေးကို ကောင်းတယ်ဗျ ။ စပါယ်ရှယ်ကို ချက်လို့ရတယ် ။ Facebook, Gtalk, Window Live(MSN),Yahoo, ICQ,Jabber, ပါတယ် ။ ကြိုက်တာနဲ့ ဝင်လို့ရတယ် ။ Gtalk ဆိုရင်လည်း ခုကျွန်တော်တို့ သုံးနေတဲ့ Gtalk နဲ့ တူတူပဲ ။ ကြိုက်တဲ့နေရာမှာ ချက်လို့ရတယ် ။ တစ်ပြိုင်တည်း ..Facebook,Gtalk စသည်ကို ချက်လို့ရတယ် ။





ကြေညာနေတာ ကြာပါတယ် ... စိတ်ဝင်စားတယ်ဆိုရင် လုပ်ကြည့်လိုက်ပါ ။

ပထမဆုံး ဒီနေရာလေးကို သွားလိုက်ပါ ။ Auto Bookmark လိမ့်မယ် ။

ပြီးရင်တော့ ချက်ချင်တယ်ဆိုရင် Bookmark လုပ်ထားတဲ့ဟာလေးကို နိပ်လိုက်ရုံတင် ။



အဲဒီမှာ Chatroom တက်လာမယ် ။ အဲဒီမှာ ကိုယ်ကြိုက်တာနဲ့ ချက်လို့ရတယ် ...



ကဲ...ချက်ပေတော့ဗျာ ။ အဆင်ပြေပါစေ ....ခွန်မောင်ပန်

IDM က Firefox မှာ အလုပ်မလုပ်ရင်

9:39 PM ---

ကျွန်တော်ကို မေးထားတာတွေရှိပါတယ် ။ ဒါပေမယ့် ကျွန်တော်မသိသေးတာနဲ့ မတင်ဖြစ်လိုက်ပါဘူး ။ ပြောရရင် ကျွန်တော် ကိုယ်တိုင်းလည်း အဲဒီပြသနာနဲ့ ရင်ဆိုင်နေရတာပါ ။ ကျွန်တော် IDM လည်း Firefox မှာ အလုပ်မလုပ်ပါဘူးဗျ ။ သူတို့မေးတော့မှ ကျွန်တော်လည်း အဖြေရှာရတာပေါ့ဗျာ ။ ခုတော့ ရပါပြီ ။ လွယ်လွယ်လေးပါဗျာ ။ မေးထားတဲ့ သူငယ်ချင်းတွေလည်း ကျေးဇူးတင်ပါတယ် ။ သူတို့ မေးလို့လည်း ကျွန်တော် အတွက် အလုပ်တစ်ခုရတာပေါ့ ။ ဒါကြောင့် သူငယ်ချင်းတို့ရေ ဘာပဲဖြစ်ဖြစ် ဘယ်လိုအခက်ခဲပဲ ကြုံကြုံ ပြောပါ ။ မေလ်းပို့ပါ ။ ကျွန်တော် တော်လို့ အဲလိုပြောတာ မဟုတ်ဘူး ။ ဒါပေမယ့် ရှာလို့တော့ တတ်တယ် ။ ဒါကြောင့် ။



စကားများသွားပြန်ပြီ.... စာဖတ်သူရဲ့ IDM လည်း Firefox မှာ အလုပ်မလုပ်ဘူးဆိုရင် ဒီတိုင်းလေးပဲလုပ်ပေးလိုက်ပါ ။ အဆင်ပြေပါလိမ့်မယ် ။ ကျွန်တော် တင်ထားတဲ့ ပိုစ့်တွေ အတွက် ကျွန်တော် အာမခံတယ် ။ ဘာလို့ဆိုတော့ ကျွန်တော် ကိုယ်တိုင် စမ်းပြီး အောင်မြင်ပြီးမှပဲ ကျွန်တော်တင်တာ ။ ပြောရဦးမယ်...ကျွန်တော်ရဲ စာတစ်ပုဒ်အကြောင်းကို ပါ ။ သူငယ်ချင်းတွေကို အွန်လိုင်းကနေ ဖုန်းခေါ်ရင်းနောက်မယ် ဆိုတဲ့ ပိုစ့်ပါ ။ စာဖတ်သူလည်း ဖတ်ဖူးကောင်း ဖတ်ဖူးလိမ့်မယ်ထင်ပါတယ် ။ အဲဒါ နည်းနည်းလေး ဖြေရှင်းချက်ပြောချင်ပါတယ် ။ ကျွန်တော်ရဲ့ ပိုစ့်နာမည်ကို သေချာဖတ်နော် ။ သူငယ်ချင်းတွေကို အွန်လိုင်းကနေဖုန်းခေါ်ရင်း နောက်မယ် ။ စကားပြောမယ် မဟုတ်ဘူးနော် ။ နောက်တာလေးတင် အပုံအတိုင်းသွားလိုက်ပြီး Call now ကို နိပ်လိုက်ပါ က ။ အင်တာနက်ကနေ ခေါ်ပါလိမ့်မယ် ။ စကားပြောလို့မရဘူး ။နောက်တာလေးတင် ။ ပြီးတော့လည်း ။ ကျွန်တော်ကိုယ်တိုင် လုပ်တာကတော့ ဖုန်းနံပါတ်တွေကို Add ပြီးတော့ ခေါ်ရတာ ။ ကိုယ့်ဖုန်းနံပါတ်ကို ထည့်ခါစက လိုမျိုးပေါ့ ။ ရပါတယ် ကျွန်တော်ကိုယ်တိုင် ကျွန်တော့် သူငယ်ချင်းတွေကို နောက်ပြီးပါပြီ ။ တစ်ယောက်က အရက်မူးနေတုန်းမို့ မသိလိုက်ပါဘူး ။ ကိုယ့်ဖုန်းနံပါတ်က ကိုယ့်ကို ပြန်ခေါ်နေတာနော် ။ တစ်ယောက်ကတော့ အိပ်နေတုန်း ဖုန်းဝင်လာတာ ကြည့်တော့ သူဖုန်းနံပါတ်ပဲဖြစ်ပြီး Hi! December လိုခေါ်တော့ မှ ကျွန်တော် မွှေထားမှန်း သူသိသွားတယ် ။ December လို့ နာမည် ထည့်ထားတာကိုး ။ စကားတော်တော်များလွန်သွားပြီ ။



ကဲ စမယ်နော်....

ပထမဆုံး ဒီနေရာလေးကို သွားပြီးတော့ Firefox Add-On ကို လုပ်ပါ ။ Add-On လုပ်နည်းတွေကို သိပါတယ် မလား ။ သာမန် Add-On လုပ်သမျိုးပါပဲဗျာ ။ မသိသေးတဲ့ လူတွေ တွက်ကို ရည်ညွန်းပြီး အရှည်ရေးပေးပါမယ် ။ သိပြီးသားဆိုရင်တော့ Add-On လင့်ကို သွားပြီးတော့ ကိုယ့်ဖာသာကိုယ် လုပ်လိုက်ရုံပဲ နော်.....။

အဲဒါလေးကို နိပ်လိုက်ရုံနဲ့ Add-On လုပ်ပြီးသားပါပဲဗျာ ။  အပုံကြည့်လိုက်ပါဦး



အပေါ်က ဒီနေရာလေး ဆိုတာကို နိပ်လိုက်တာနဲ့ အဲလိုမျိုး ပေါ်လာလိမ့်မယ် ။ ဒါမှမဟုတ်ရင် တော်ကြာလင့်က အလုပ်မလုပ်ရင် အပြောခံရမှာ စိုးလို့ အောက်က စာသားကို လည်း နိပ်နိုင်ပါတ်။  



အဲဒီလိုတက်လာပြီဆိုရင် Allow ကို နိပ်လိုက်ရုံတင် ။  ပြီးရင်တော့ Install Now ဆိုတာ တက်လာလိမ့်မယ်။


နားမလည်ရင် အပုံကို ကြည့်ပါ ။ ဘာမှလုပ်စရာမလိုပါဘူး ။ Allow ကို နိပ်လိုက်တာနဲ့ တင် တက်လာပါပြီ ။





ပြီးရင်တော့ Restart ချဖို့ပဲ ကျန်တယ် ။ Restart ချတယ်ဆိုတော့ မလန့်ပါနဲ့ ။ ချက်နေရင်းမို့ ဟိုဘက်က စိတ်ဆိုးမှာကြောက်တာနဲ့ Restart ချဖို့ ကြောက်သွားတဲ့လူလည်းရှိတယ် ။ တကယ်ပြောတာ ။ Firefox ပဲ ချတာပါ ဗျ ။ ပြီးရင်တော့ ခဏလေးစောင့်ပြီးရင် ပြန်ပေါ်လာပါလိမ့်မယ် ။ အဲဒီချိန်ကရင် သင့်ရဲ့ IDM က Firefox မှာ အလုပ်လုပ်နေပြီဖြစ်ကြောင်းကို Right လိုက်ရင် သိမှာပါ ။



အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။ ခွန်မောင်ပန်



Firefox နဲ့ မြူးကြမယ်

10:00 PM ---

မြူးမြူးလေးနေတာပဲ ကောင်းပါတယ်နော်.... ။ မြူးကြမယ်.....

အောက်က စာသားလေးတွေကို ကူးပြီးတော့ လိပ်စာဘားမှာ ထည့်ပြီး မြူးပေါ့.....

chrome://global/content/alerts/alert.xul

chrome://browser/content/browser.xul

chrome://browser/content/preferences/preferences.xul

chrome://browser/content/bookmarks/bookmarksPanel.xul

chrome://browser/content/history/history-panel.xul

chrome://mozapps/content/extensions/extensions.xul?type=extensions

chrome://browser/content/preferences/cookies.xul

chrome://browser/content/preferences/sanitize.xul

chrome://browser/content/aboutDialog.xul         

မြူးခဲ့တဲ့ ခွန်မောင်ပန်

Right လင့် မပေးတဲ့ ဆိုဒ်ကို Right လင့်မယ်

8:37 PM ---

ကျွန်တော်တို့ တွေတွေ့ ဖူးကြမှာပါ ။ ဆိုဒ်တစ်ချို့တွေမှာ မကော်ပီရ...Right လင့်မရတာလေ ။ ခု ကျွန်တော်က

အဲဒါကို ဘယ်လိုကျော်ဖြတ်ပြီး Right မလဲပေါ့ ။ လွယ်ပါတယ်ဗျာ ။ ဒီပိုစ့်ရဲ့ ဓါတ်ပုံအဖြစ်သုံးထားတဲ့ အဖြူရောင်နတ်သမီးကိုလည်း ဒီနေရာကနေတောင်းပါန်ပါတယ်ဗျာ ။ ဟီး ..... ။ သူ့ဆိုဒ်ကို လက်တွေ့လုပ်ပြထားမှာမို့လို့ကို ။



လုပ်ချင်တယ်ဆိုရင်တော့ စမ်းကြတာပေါ့ဗျာ ။

ပထမဆုံး Firefox နဲ့ အရင် လုပ်ကြမယ်....

Option ကို သွားပါ ။ Tool>>>>>Option>>>>>ကို သွားပါ ။



ပြီးရင် Box လေး တစ်ခုတက်လာမယ် ။ အဲဒီမှာ ....

Content >>>>>  Enable JavaScrpit  က အမှတ်စက်ကို ဖြုတ်ပေး လိုက်ပါ ။



ကဲ...ပြီးပါပြီဗျာ ။ Right click မပေးလင့်တဲ့ ဆိုဒ်ကို လင့်ကြည့်လိုက်ပါ ။




ဒါက Firefox နဲ့လုပ်တာပါ ။ 





Internet Explorer Browser နဲ့လုပ်ချင်တယ် ဆိုရင်တော့ ...


ပထမဆုံး Internet Option ကို သွားပါ ။






ကဲ ပြီးရင်တော့ Internet Options တက်လာမယ် ။ အဲဒီမှာ Security က  Custom Level ကို နိပ်လိုက်ပါ ။



Scripting က Disable ကို အစက်ပြောင်းထည့်ပေးလိုက်ပါ ။



ကဲ ပြီးပြီဆိုရင်တော့ Internet Explorer Browserကို Restart ချပြီးတော့ ပြန်ဖွင့်ကြည့်လိုက်ပါ ။ Right လင့်ရနေပြီ ဆိုတာကို တွေ့ရလိမ့်မယ် ။





နောက် Google Chromeအတွက်တော့ .....

ကျွန်တော်က မသုံးတဲ့ အတွက် လက်တွေပုံတွေနဲ့ မလုပ်ထားပါဘူးဗျာ ။ ဒါကြောင့် စာတွေနဲ့ပဲ ရေးလိုက်ပါတယ် ။


  1. Click on the Wrench Icon on the top right side on your browser.

  2. Click on Options

  3. Now goto Under the Hood tab

  4. Click on Content Setings and then on JavaScript

  5. Disable java script and open the website




အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။ ခွန်မောင်ပန်

ခွေးဘီလူးကို ခပ်မြန်မြန်လေး ပြေးခိုင်းရအောင်

12:23 AM ---

တွေ့ဖူးပါတယ် ။ ဒါစာကို သူများတင်ထားတာကိုပေါ့ ။ ကျွန်တော်လည်း တင်ကြည့်မယ်ပေါ့လေ ။ မြေခွေးဘီလူးကို ခပ်သွက်သွက်လေး ခိုင်းကြည့်တာပေါ့ဗျာ ။ လွယ်လွယ်လေးပါ ။ စမ်းကြည့်ရအောင်

ပထမဆုံး New tag ယူပြီးတော့ ဒီစာကိုabout:config  ကော်ပီထည့်လိုက်ပါ ။ ပြီးရင် Enter တစ်ချက်လောက် ခေါက်လိုက်ပါ ။  ပြီးရင် about:config တွေတက်လာမယ်.....

အဲဒီမှာ နည်းနည်းပြင်စရာတွေ ရှိမယ်....



network.http.proxy.pipelining ကို နှစ်ချက်ဆက်တိုက်လောက် နိပ်လိုက်ပါ ။  true သို့ပြောင်းသွားလိမ့်မယ် ။ နောက်တစ်မျိုးnetwork.http.pipelining ပါ ။ ကဲ ရှာလိုက်ပါ ။အဲဒီစာသားကို ကော်ပီလိုက်ပြီးတော့ အပေါ်နားမှာ Title bar လေး ထဲမှာ ထည့်လိုက်ပါ ။ URL bar  ဟုတ်ဘူးနော် ။ ပြီးရင် တက်လာလိမ့်မယ် ။ တက်လာတာနဲ့ နှစ်ချက်ဆက်တိုက် နိပ်လိုက်ရုံလေးပဲ။ ကိုtrue ပြောင်းဖို့ပေါ့ ။ တစ်ချက်လင့်လိုက်ရင် နာမည်က တစ်မျိုးပြောင်းနေတာကို သတိထားကြည့်ပါ ။ နာမည်က နှစ်မျိုး တစ်ချက်နိပ်ရင်တစ်မျိုး ။ တစ်လှည့်စီပြောင်းနေတာ ။ ကဲ နောက်network.http.pipelining.maxrequestsတစ်ခုကို ပြောင်းမယ် ။ သူ့ကို နိပ်ချက်လောက် ဆက်တိုက်လင့်လိုက် ဂဏန်းလေးနဲ့ box သေးသေးလေး တက်လာမယ် ။ အဲဒီထဲက ဂဏန်းကို 30 ပြောင်းပေးလိုက်ပါ ။ ကဲ နောက်ဆုံးတစ်ဆင့် ကျန်သေးတယ် ။ အဲဒါက တစ်နေရာရာမှာ Right လင့်တစ်ချက်လောက် နိပ်လိုက်ပါ ။ အဲဒီမှာ New>>>Integer>>ကို ရွေးလိုက် နာမည်ကိုnglayout.initialpaint.delay လို့ပေးလိုက်ပါ ။ ပြီးရင် ဂဏန်း 0 လို့ပဲ ထားပြီးတော့ OK လိုက် ။ ခွေး ဘီးလူး အပြေးမြန်လာတာကို တွေ့ရလိမ့်မယ် ။

         ခွန်မောင်ပန်

Firefox မှာ Gtalk ထားမယ်

7:44 PM ---

သိပြီးသား သူများအတွက်တော့ လွယ်ပါတယ် ။ မသိသေးတဲ့သူတွေအတွက် ရည်ရွှယ်တာပါ ။  Invisible လုပ်လို့လည်းရတယ် .....ပြောနေတာ ကြာပါတယ် ။ စိတ်ဝင်စားရင်တော့ လုပ်ကြည့်လိုက်ပါဗျာ ။

ပထမဆုံး ဒီနေရာလေးကို သွားလိုက်ပါ ။ ပြီးရင် အဲဒီမှာ အကောင့်မဝင်ထားရသေးရင် ဝင်လိုပါဗျာ ။ ဝင်ပြီးသားဆိုရင်လည်း မဝင်နဲ့တော့ပေါ့ :) ။ ကဲ ဝင်ပြီးပြီ ဆိုရင်တော့ အဲဒီနေရာလေးကို Bookmark လေးလုပ်ထားမယ် ။ ဒါမှ ကြိုက်တဲ့အချိန်ဝင်ချင်ရင် အဲဒါလေးကို နိပ်လိုက်ရုံပဲလေ ။







ဒါလေးပါပဲ ။

အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ် ။  ခွန်မောင်ပန်

Firefox new tab မှာ google ကို တန်းပေါ်စေချင်လား

11:10 PM ---

ဒီပိုစ့်ကို သူငယ်ချင်းတစ်ယောက်က အကူညီတောင်းလာလို့ ဖြေပေးရတာပါ ။ Friefox newtab မှာ ဒီတိုင်းပဲလေ ။ ဘာမှပေါ်မလာဘူး ။ newtab ကို နိပ်တိုင်း home ကိုသွားရတာ ပျင်းတယ် ထင်သပ ။

ကလိုဆို ဒီလုပ်လိုက် ။ ပထမဆုံး ဒီနေရာလေးကို သွားပြီးတော့ Add-On လေးကို အက်လိုက်ပါ ။
newtab ခေါ်တိုင်း Google ကို တန်းရောက်သွားပါလိမ့်မယ် ။ Add-On လုပ်တာကို မသိသေးဘူးဆိုရင် ဒီနေရာမှာ နည်းသွားယူလိုက်ပါဗျာ ။ ကျန်တာတော့ လွယ်ပါပြီ ။ အဲသမှာ ကိုယ်သွားစေချင်တဲ့ ဆိုဒ်ကို ထည့်လိုက်ပေါ့ဗျာ ။ ဥပမာ http://www.google.co.th/ ဆိုရင် ကူးထည့်လိုက်ရုံပဲ ။ အပြည့်အစုံတော့ ထည့်ရမယ် ။  ပုံကို ကြည့်လိုက်ပါဦး ။










 အားလုံးပဲ အဆင်ပြေပြေလုပ်နိုင်ပါစေ ။

      ခွန်မောင်ပန်

Firefox ရဲ့ Shortcut အချို့

6:59 AM ---























ShortcutCommand
Ctrl+DAdd Bookmark
Backspace or Alt+<-Back
Ctrl+B or Ctrl+IBookmarks
F7Caret Browsing
Ctrl+W or Ctrl+F4Close Tab
Ctrl+Shft+W or Alt+F4Close Window
Ctrl+EnterComplete .com Address 2
Shft+EnterComplete .net Address 2
Ctrl+Shft+EnterComplete .org Address 2
Ctrl+CCopy
Ctrl+XCut
Ctrl+-Decrease Text Size
DelDelete
Shft+DelDelete Individual Form Auto-Complete Entry
Ctrl+Shft+IDOM Inspector
Ctrl+JDownloads
Ctrl+G F3Find Again
'Find As You Type Link
/Find As You Type Text

















































Ctrl+Shft+G Shft+F3Find Previous
Ctrl+FFind in This Page

Shft+Backspace or Alt+->Forward
DownGo Down One Line
UpGo Up One Line
PageDownGo Down One Page
PageUpGo Up One Page
EndGo to Bottom of Page
HomeGo to Top of Page
F11Full Screen
F1Help
Ctrl+HHistory
Alt+HomeHome Page
Ctrl++Increase Text Size
F6Move to Next Frame
Shft+F6Move to Previous Frame
Ctrl+MNew Mail Message 3
Ctrl+TNew Tab
Ctrl+Tab or Ctrl+PageDownNext Tab
Ctrl+NNew Window
Ctrl+OOpen File
EnterOpen Link
Ctrl+EnterOpen Link in New Tab
Shft+EnterOpen Link in New Window
Alt+EnterOpen Address in New Tab 2
Ctrl+IPage Info
Ctrl+UPage Source
Ctrl+VPaste
Ctrl+Shft+Tab or Ctrl+PageUpPrevious Tab
Ctrl+PPrint
Ctrl+Shft+Z or Ctrl+YRedo
F5 or Ctrl+RReload
Ctrl+F5 or Ctrl+Shft+RReload (override cache)
Ctrl+0Restore Text Size
Ctrl+SSave Page As
Alt+EnterSave Link Target As
Ctrl+ASelect All
Ctrl+L or Alt+DSelect Location Bar
DownSelect Next Auto-Complete entry in text field
UpSelect Previous Auto-Complete entry in text field
Ctrl+DownSelect Next Search Engine in Search Bar
Ctrl+UpSelect Previous Search Engine in Search Bar
Ctrl+[1 to 9]Select Tab [1 to 9]
EscStop
SpacebarToggle Checkbox
Ctrl+ZUndo
Ctrl+KWeb Search


Gmail this

7:00 AM ---

အွန်လိုင်းမှာ ကိုယ်ရှာတွေ့တာတွေကို သူငယ်ချင်းတွေကို လွယ်လွယ်လေးနဲ့ ပို့ပေးချင်တယ်ဆိုရင် ကျွန်တော်နည်းလမ်းပေးပါမယ် ။ ပထမဆုံးဒါကိုနိပ်လိုက် သွားပါ ။

ပြီးရင်သူက အလိုလို Bookmarks လုပ်ပါလိမ့်မယ် ။ အဲလိုဆိုရပြီ ။





ကဲ ခုဆို ဝက်ဆိုဒ်တစ်ခုခုကို ဖတ်ရင်းနဲ့ အဲဒီ Gmail this ကို နိပ်လိုက်ပါ ။  ။