Showing posts with label Registry. Show all posts
Showing posts with label Registry. Show all posts

Window Version ကို Desktop မှာ ပေါ်စေဖို့

6:05 PM ---
              ဒီနည်းတော့ သိပ်အသုံးမဝင်ပေမယ့် ကလိရတာ ဝါသနာပါတဲ့သူတွေအတွက်နည်းတစ်ခုပေါ့ :)
Regedit ကနေဝင်ပြင်တာပါ ။ တစ်ခုပြောချင်တာက အဲဒီကနေဝင်ပြင်မယ်လုပ်ရင် Backup လုပ်ထားဖို့တော့လိုပါတယ် ။ တစ်ခုခုမှားသွားရင် Undo ပြန်လုပ်ရတာ မဟုတ်ပါဘူး ။အ ခန့်မသင့်ရင် ဝင်ဒိုးမတက်တော့တဲ့အထိဖြစ်တတ်တယ် ။ ဒါကြောင့် အထူးတလည်သတိပေးနေရတာပါ ။

ပထမဆုံး RUN (window + R) ကိုနိပ်ပါ ။
ပြီးရင် regedit လို့ရိုက်ထည့်လိုကပါ ။ ပြီးရင် ဒီတိုင်းအစဉ်လိုက်သွားပေးလိုက်ပါ ။
HKEY_CURRENT_USER\Control Panel\Desktop
ပြီးရင်တော့ Desktop ကို Select ပေးပြီးတော့ ဘေးဘက် PaintDesktopVersion ကိုရှာလိုက်ပါ ။ ရှာတဲ့နည်းကိုလည်း ကျွန်တော် အမြဲရေးပေးပါတယ် ။ PaintDesktopVersion ကိုရှာမယ်ဆိုရင် P နဲ့စတယ်မလား ။ အဲဒါ P ကိုနိပ်လိုက်ပေါ့ နာမည်အစတူတာတွေရှိရင်တော့ ဆက်တိုက်နိပ်ပေးရောက်ပါလိမ့်မယ် ။
တွေ့ပြီဆိုရင်တော့ နှစ်ချက်ဆက်တိုက်နိပ်ပေးလိုက်ပါ ။ ပြီးရင်တော့ အဲဒီမှာ value က 0 ကို 1 လို့ပြင်လိုက်ပါ ။ စက်ကို Restart ချပြီးတော့ ပြန်ကြည့်လိုက်ပါ ။ window xp,vista, 7 တွေမှာ ကောင်းကောင်းလုပ်ပါတယ် ။ အဆင်ပြေပါစေဗျာ ။

window 7 logon screen ကိုပြောင်းချင်ရင်

10:14 PM ---
            ဆောပ်ဝဲလ်နဲ့ပြောင်းတဲ့နည်းတွေလည်း ရှိပါတယ် ။ ခုတစ်ခါတော့ ကျွန်တော် ဆောပ်ဝဲလ်ကို မသုံးပဲ နဲ့

window 7 logon screen ကို ပြောင်းမှာပါ ။ ပထမဆုံးအနေနဲ့ သင်ရဲ့ စိတ်ကြိုက်ဓါတ်ပုံတစ်ပုံကို ရွေးပါ ။ ပြီးရင်တော့ ဆိုဒ်တွေ နည်းနည်း အပြောင်းလဲလုပ်ပါမယ် ။ ဖိုတိုရှောပ်နဲ့ပြောင်းပါ ။ Cropping ချိုးရုံပါပဲ ။ ဆိုဒ်ကတော့ ဓါတ်ပုံအတိုင်းပဲ ရိုက်ထည့်ပေးလိုက်ပါ ။

Start Menu ကို အရှိန်မြင့်ရန်

3:03 PM ---
                ကျွန်တော်တို့တွေ All Program တွေကို ရှာမယ်ဆို များသောအားဖြင့် Start Menu ကို ဝင်ပြီးရှာတာများပါတယ် ။ ဒါကြောင့် အဲဒီကောင့်ကို မြန်အောင်လုပ်ထားမယ်ဆိုရင်  ရှာရဖွေရတာလည်း ပိုပြီး ကောင်းလာမယ်ထင် ။
အရှိန်မြင့်ချင်ရင်တော့ ပထမဆုံး Run box ကို အရင်ဖွင့်လိုက်ပါ  ။ ပြီးရင် အဲဒီထဲမှာ regedit ရိုက်ပြီး Enter လိုက်ပါ ။ ပြီးရင် HKEY_CURRENT_USER\Control Panel\Desktop ကို အစဉ်လိုက်သွားလိုက်ပါ ။ ပြီးရင်တော့ Desktop ကို Select ထားပြီးတော့ ညာဘက်ချမ်းက Box မှာ MenuShowDelay ကို ရှာလိုက်ပါ ။ တွေ့ပြီဆိုရင်တော့ နှစ်ချက်ဆက်တက်နိပ်ပေးလိုက်ပါ ။ Box တစ်ခုတက်လာလိမ့်မယ် ... အဲဒီမှာ ရှိနေတဲ့ Value ကို 0 သို့ပြောင်းပေးလိုက်ပါ ။ ပြီးရင် OK ပေါ့  ။ စက်ကို Restart ချလိုက်ပါ ။ ပြီးရင် ပြန်ဖွင့်လိုက်ပြီး Start Menu ကို နိပ်ကြည့်လိုက်ပါ ။ သိသိသာသာမြန်သွားတာကို တွေ့ရလိမ့်မယ် ။   ။
အဆင်ပြေကြပါစေဗျာ ခွန်မောင်ပန်