ကျွန်တော် ဒီပြဿနာကို ကြုံခဲ့ဖူးပါတယ် ။ ဒီအကြောင်းတွေကိုလည်း ဂခနန နားမလည်ပါဘူး ။ ဒါပေမယ့် စိတ်တိုင်းတော့ မကျခဲ့ဘူး ။ ကွန်ပျူတာတွေ သုံးခဲ့ဖူးတာ စက်ဟန်းတဲ့ပြဿနာကို အမြဲတမ်းကြုံခဲ့ဖူးတယ် ။ ဒါပေမယ့် ဖြေရှင်းတဲ့ နည်းကတော့ ကွန်ပျူတာ ပါဝါပိတ်ပြီးတော့ တစ်ခါပြန်ဖွင့်ချင်းသာ ။ ဟုတ်ပါတယ် ။ ကျွန်တော်က ပညာကို အရမ်းလောဘကြီးတတ်တယ် ။ ဝက်ဆိုဒ်တွေကို ဝင်ဖတ်ပြီဆိုရင် new tab တွေကို အနည်းဆုံး ၁၀ ၁၂ လောက်ဖွင့်တတ်တယ် ။ ကြာလာတော့ ကွန်ပျူတာ ဘယ်ခံနိုင်မှာလဲ ဒီလောက်တောင်ဖွင့်တာကို ။ RUM , CPU တွေလည်း အဲလောက်ထိမရှိတော့ အဲလောက်ဖွင့်လိုက်တာနဲ့ ထပ်ပြီးမလုပ်နိုင်တော့လို့ ဟန်းသွားတာ ။ တစ်ခါတစ်ခါ မောက်စ်ကို ရွေ့ဖို့အရေး မှတ်တောင် မှတ်မိသေးတယ် ။ ခုတော့ မကြုံရတော့ပါဘူး နည်းတွေက ရှိနေပြီလေ ။ အဲဒါကြောင့် ဒီလိုပြဿနာတွေကြုံရမယ်ဆိုရင် ကျွန်တော့်နည်းလေးကို သတိရပေးပေါ့ :) ဖုန်းဖြစ်ဖြစ် 1GB 2GB ဆိုလည်း စက်သုံးရတာ တော်တော်လည်း အဆင်ပြေစေမှာပါ ။
Showing posts with label Computer. Show all posts

Task Manager ဖွင့်မရရင်
6:44 PM
ဒီပြဿနာတော့ လူတိုင်းကြုံရတဲ့ ပြဿနာပါ ။ ကျွန်တော်ကိုတောင် ခဏခဏလာမေးမေးတယ် ။ ဒါပေမယ့် ရုတ်တရက်ကြီး ဘာမပြောပြောရမှန်းလည်း မသိဘူး :)
ဒါကြောင့် ဖွင့်မရခဲ့ရင် ပြန်ဖွင့်ဖို့ နည်းတွေကို ကျွန်တော်ရေးပေးမှာပါ ။
ပထမနည်း ။
Run box ကို ဖွင့်ပါ ။ (window + R)
gpedit.msc လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ ။
တက်လာတဲ့ box က
User Configuration အောက်က Administrative ကိုနိပ်ပါ ။ ပြီးရင် System ကို ဆက်နိပ်ပြီးတော့ Ctrl+Alt+Del Options ကို နှစ်ချက်ဆက်တိုက်နိပ်ပြီးတော့ ။ enable လိုက်ရင် ပြန်ဖွင့်လို့ရပါပြီ ။
ဒုတိယနည်း ။
Run box ကို ဖွင့်ပါ ။ (window + R)
regedit လို့ ရိုက်ထည့်ပြီး Enter ခေါက်ပါ ။
HKEY_CURRENT_USER then Software\Microsoft\Windows\CurrentVersion\Policies\System အစဉ်တိုင်းသွားလိုက်ပါ ။ ပြီးရင် ဘေးဘက် box ကို ကြည့်ပါ ။ သုံးခုရှိပါယ် ။ အောက်ဆုံးက Task Manager ကို နိပ်ပါ ။ နှစ်ချက်ဆက်တိုက် နိပ်ပါ ။ value ကို 0 ထားပါ ။ အဲဒါကို ဖျောက်ထားချင်ရင်တော့ 1 ပေါ့ ။
ဒီလောက်ဆိုရင် Task manager ဖွင့်လို့မရတဲ့ ပြဿနာကို ဖြေရှင်းလို့တတ်ပြီထင်ပါတယ် ။ Virus ကြောင့် Disable ဖြစ်သွားတတ်တဲ့ Task manger ကို ပြန်ဖွင့်တဲ့ နည်းပါ ။ အဆင်ပြေပါစေ ခွန်မောင်ပန်

Google Earth Pro
10:01 AM
Google Earth Pro
By - Mintayza
- အဓိက ရည်ရွယ်တာကတော့ Geography သမားများအတွက်ပါ။
- ဒါပေမယ့် ကိုယ်လိုအပ်တဲ့အချိန်မှာ မြို့တွေ၊ နယ်တွေ ကို အလွယ်တကူရှာလို့ရအောင်လို့ ကွန်ပြူတာထဲမှာ ထည့်ထားသင့်တဲ့ Software လေးပါ။
- Google မှာ Google Map ဆိုပြီး ရှိပြီးသားဖြစ်ပေမယ့် ဒီဟာလေးက 3D version နဲ့မို့ ပိုပြီး အရည်အသွေးမြင့်ပါတယ်။
- size လဲ သိပ်မကြီးပါဘူး။
- တကယ်အသုံးလိုတဲ့လူတွေအတွက်တော့ ရွှေကမ္ဘာလုံးလေးတစ်ခုဖြစ်မယ်လို့မျှော်လင့်ပါတယ်။
- Earth Pro Store မှာတော့ တစ်နှစ်ကို $399 နဲ့ ရောင်းနေပါတယ်။ အဲ့မှာ 7Days Trial Version ကိုလဲ တင်ပေးထားပါတယ်။
- ဒီမှာ သွားကြည့်ကြည့်ပါ။
- အခု ကျွန်တော်တင်ပေးထားတာက Patch နဲ့ပါ။ Full Version လုပ်ပြီးသုံးလို့ရအောင်ပါ။
- လုပ်ပုံလုပ်နည်းကလဲ..မခက်ပါဘူး
(၁) Install မလုပ်ခင် Antivirus ကို ခဏပိတ်ပေးထားပါ။
(၂) Download ချထားတဲ့ File ထဲက GoogleEarthWin.exe ဆိုတဲ့ file ကို Double ကလစ်နှိပ်ပြီး install လုပ်ပါ။
ှုImportant - Install လုပ်ပြီးသွားတဲ့အခါမှာ Lunch Google Earth Pro ဆိုတာကို အမှန်ခြစ်ဖြုတ်ပေးပါ။
(၃) Patch .exe ဖိုင်ကို run ပြီး Patch လုပ်ပါ။
(၄) ပြီးရင် OK နှိပြီး ပိတ်လိုက်ပါ။
ဒါပါပဲ။ ဖိုင်ထဲမှာလဲ ပုံနဲ့တကွ ပြပေးထားပါတယ်။
အောက်မှာ ဒေါင်းလုပ်လင့်ခ်ပါ။
Download - Google Earth Pro
Rar pw - pooh

window 7 logon screen ကိုပြောင်းချင်ရင်
10:14 PM
window 7 logon screen ကို ပြောင်းမှာပါ ။ ပထမဆုံးအနေနဲ့ သင်ရဲ့ စိတ်ကြိုက်ဓါတ်ပုံတစ်ပုံကို ရွေးပါ ။ ပြီးရင်တော့ ဆိုဒ်တွေ နည်းနည်း အပြောင်းလဲလုပ်ပါမယ် ။ ဖိုတိုရှောပ်နဲ့ပြောင်းပါ ။ Cropping ချိုးရုံပါပဲ ။ ဆိုဒ်ကတော့ ဓါတ်ပုံအတိုင်းပဲ ရိုက်ထည့်ပေးလိုက်ပါ ။
CMD ဖြင့် ဝက်ဆိုဒ်ကို ဖွင့်ခြင်း
6:49 PM
ဘာရယ်လို့တော့ မဟုတ်ပါဘူး ။ ဗဟုသုတအနေနဲ့ တင်ပေးတာပါ ။ လူရှေ့သူရှေ့မှာ ဒီနည်းကို သုံးပြလျှင် လူရှိန်မယ်ဆိုတာ လုံးဝ အာမခံပါတယ် ။ ဖွင့်ရတာလည်း လွယ်ပါတယ် ။ အသုံးလည်း ဝင်မယ်ထင်ပါတယ် ။
Start -> All Programs -> Accessories ->command prompt. Right click and choose run as administrator.ဒါက အရှည်သွားတဲ့နည်း ။ ဖြတ်လမ်းနည်းနဲ့သွားချင်ရင်
Window + R (run box) ထဲကို cmd လို့ ရိုက်ထည်

့ ပြီးရင် CMD ထဲကို ဝင်ချင်တဲ့ ဆိုဒ်ကို ရိုက်ထည့်
ဥပမာ ကျွန်တော့်ဆိုဒ်ကို ဝင်ချင်တယ်ဆိုရင် start www.decembermgmg1992.blogspot.com လို့ ရိုက်ထည့်ပြီးတော့ Enter ခေါက်လိုက်ပါ ။

ပွင့်တက်လာပါလိမ့်မယ်

Restore your deleted history
1:00 AM
ဆောပ်ဝဲလ်နာမည်အတိုင်းပဲ ဖျက်ပြီး history ကို အလွယ်တကူ ပြန်လည်ရယူနိုင်သလို ။ ဖွင့်ပြီးသား ဖိုင်တွေကို ပြန်လှည်ရှာဖွေနိုင်ပါတယ် ။ ဖိုင်ဆိုဒ်လည်း သေးတာမို့ အသုံးပြုရတာ လွယ်ကူပါတယ် ။

ဒေါင်းလုပ်ရန်

ဒေါင်းလုပ်ရန်
သင်ရဲ့ ကွန်ပျူတာက ယောင်္ကျားလား မိန်းမလား
11:56 PM
ကျွန်တော် ပေါက်ပေါက်ရှာရှာတွေ့ထားတဲ့ ကွန်ပျူတာ အထီးအမခွဲနည်းပါ ။ ဟုတ်လား မဟုတ်လားတော့ မသိဘူး ။ ကျွန်တော့် ကွန်ပျူတာတော့ အထီးပဲ :)
စမ်းချင်တယ်ဆိုရင် ပထမဆုံး Notepad ကို ဖွင့်ပါ ။ (Win+R )
ဒါလေးကို ရိုက်ထည့်လိုက်ပါ ။ ဒါမှ မဟုတ်ကူးထည့် အနော်တော့ ကူးထည့်လိုက်တာပဲ :)
CreateObject("SAPI.SpVoice").S
peak"I love you" ပြီးရင်
computer_gender.vbs ဒီဖိုင်နာမည်နဲ့ သိမ်းပါ ။ ကျန်တာ ဘာမှပြောင်းစရာမလိုပါဘူး ။ တွေ့တွေ့နေရတယ် .vbs Format က သူ့ကွန်ပျူတာမှာ မရှိဘူးတဲ့ ။ ကျွန်တော့်မှာလည်း မရှိပါဘူး ။ ပြီးရင်တော့ ဖွင့်ကြည့်လိုက်ပါ ။
အထီးဆိုရင် အထီးသံပေါ့
အမဆိုရင် အမသံပေါ့ ။ ရိုင်းတယ်လို့တော့ မထင်ပါနဲ့နော် ။
ရေးသွားပါဦး သင့်ရဲ့ ကွန်ပျူတာက အထီးလေလား အမလေးလား :)
ခွန်မောင်ပန်

ကွန်ပျူတာရဲ့ ရိုးရှင်းသော လျို့ဝှက်ချက်များ(၂)
7:56 AM
မနေ့ညက သိပ်မအားလို့ ပြီးအောင် မရေးလိုက်ရလို့ ဒီနေ့တော့ မနေ့က ကျန်နေသေးတဲ့ အဆက်ကို ပြန်ရေးလိုက်ပါသည် ။ သိပြီးသားတွေလည်းဖြစ်ကောင်း ဖြစ်မှာပါ ။ မသိသေးတဲ့ ကွန်ပျူတာကို စသုံးနေတဲ့ သူတွေအတွက် လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်သုံးနိုင်အောင် ရည်ရွယ်ပြီးရေတာပါဗျာ ။
`
ပထမဆုံး ကျွန်တော်ရေးပြချင်တဲ့အကြောင်းရာကတော့ ကျွန်တော်တို့တွေ သုံးနေတဲ့ ဆောပ်ဝဲလ်ရဲ့ Shortcut key တွေ အကြောင်းပါ ။ ဘယ် ဆောပ်ဝဲလ်မဆို အမြဲလိုလိုပါရှိနေတာကို တွေ့ရှိရပါတယ် ။ ဒါကြောင့်မို့ မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ကာ ရေးသားတင်ပြရပါကြောင်း....
ခု ကျွန်တော် သုံးဖြစ်နေတဲ့ ဖိုတိုရှောပ်ကို နမူနာပုံအနေနဲ့ တင်ပြပေးမှာပါ ။ ကျွန်တော် ဒီနည်းကို စတွေ့ခါစဆိုရင် ဘယ်လောက်ပျော်လိုက်သလဲ သိလား ။ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်ကို လိုက်ပြနေတော့တာပဲ မမောနိုင်မပန်းနိုင်နဲ့း)
အဲဒါက ဘာလဲဆိုရင် ကျွန်တော် Mozilla Firefox ကတွေ့တာပါ ။ ဥပမာ မီးနူးက File ကို နိပ်လိုက်ရင် Open တို့ ဘာတို့ တက်လာတယ် မဟုတ်လား ။ အဲဒီ Open နောက်က ဘာစာသားလဲ... ကြည့်ကြည့်လိုက် CTRL + O မဟုတ်လား ။ ကျန်တာတွေလည်း အများကြီးပဲ ။ ကျန်တဲ့ဆောပ်ဝဲလ်တွေလည်း ဒီလိုပါပဲဗျ ။ ဒီလိုဆိုရင် ကိုယ်သုံးနေကျ ဆောပ်ဝဲလ်တွေမှာပါတဲ့ ကီးကို အမြဲတမ်းလိုလို ကီးဘုတ်ပဲ သုံးပြီး လေ့လာကြည့်ပါ ။ ကြာလာရင် ကျက်စရာမလိုပဲ အလွတ်ရသွားပါလိမ့်မယ် ။
ကျွန်တော် ဘာလို့ ရှောပ်ကပ်ကီးတွေကို စိတ်ဝင်းစားတာလဲဆိုရင် မောက်စ်ကို သုံးတာနဲ့ ရှောပ်ကပ်ကီးသုံးတာ အရမ်းကွာခြားလို့ပဲ ။ ရှောပ်ကပ်ကီးကို သိရင် လွယ်ကူမြန်ဆန်လွန်းလှလို့ပဲ ။ မောက်စ်ဆိုရင် ရှာရတာနဲ့ အချိန်ကုန်လှပါတယ် ။
ဒါလောက်ဆို ကျွန်တော်ရေးနေတဲ့ ပိုစ့်ရဲ့ ဆိုလိုချက်ကို နားလည်ပြီထင်ပါတယ်ဗျာ ။
ပုံကို ကြည့်လိုက်ပါဦး...
ခု နောက်တစ်ခါ ကျွန်တော်ရေးပြမယ့် နည်းကိုတော့ အပုံတွေ မထည့်ပေးတော့ပါဘူး ။ နားလောက်သဘောက်လောက်တဲ့ အကြောင်းမို့လို့ပါ ။ ကျွန်တော်တို့တွေ သီချင်းတွေ ဓါတ်ပုံတွေကူးတဲ့ အခါ များသောအားဖြင့် CTRL ကို ဖိထားပြီး ရွေးတာများတယ်နော် ။ ခု ကျွန်တော်ပြောပြချင်တာကတော့ ကျွန်တော်ကိုယ်တိုင် သိတာ မကြားသေးတဲ့ ကီးလေးပါ ။ ဥပမာ တစ်ကနေ တစ်ဆယ်ထိကို ကြိုက်တယ်ဆိုပါတော့ Select လုပ်မယ်ဆိုရင်လည်း ကို့လို့ကန့်လန့်ဖြစ်နေတတ်တယ် ။ အဲလိုဆို မပူနဲ့ ။ မိမိရွေးလိုတဲ့ ဖိုင်က ကြားတွေမှာ မလိုတဲ့ ဖိုင်ရှိမနေဘူးဆိုရင်တော့ အစဖိုင်ကို Select လိုက်ပြီး Shift ကို နိပ်ထားပြီး မိမိလိုရာ အောက်ဆုံး ဖိုင်တစ်ခုကို နိပ်ကြည့်လိုက်ပါ ။ ဖိုင်တွေ တန်းစီရွေးပြီးသားဖြစ်မှာပါ ။ ရိုးရှင်းလွယ်ကူလှပါသည် ။
နောက်ဆုံးတစ်ပုဒ်အနေနဲ့တော့ဗျာ ။ ကျွန်တော်ရေးပြချင်တဲ့ ပိုစ့်ကတော့ Folder တစ်ခုခုကို ဖွင့်ပြီး ရှာတဲ့ အခါမှာပေါ့ဗျာ ။ ဥပမာ ဖိုင်တွေရှုပ်နေတယ်ဆိုရင်ပေါ့ .... ခုကျွန်တော်ဆိုင်မှာ Folder တွေ ရှုပ်လှပါတယ် ။ အဲဒါကြောင့် ဖိုင်နာမည်ရဲ့ အစကို အမှတ်ရအောင် လုပ်ထားတယ် ။ ပြီးတော့ ဘယ်လိုရှာရမလဲဆိုတာကတော့ အဲဒီဖိုင်နာမည်ရဲ့ အစစကားလုံးကို နိပ်လိုက်ရုံပဲဗျာ ။ ဥပမာ ကျွန်တော်က 2011 ဖိုင်ကို ရှာနေတယ်ဆိုပါတော့ အဲဒီမှာ နာမည်တွေ ရှုပ်နေလို့ လိုက်ကြည့်တာ ကြာနေမယ်ဆိုရင် 2 ကို တစ်ချက်နိပ်လိုက်တာနဲ့ 2011 ဆိုတဲ့ ဖိုင်ကို တန်းရောက်သွားမှာပါ ။ နာမည်တူနေရင်တော့ ဆက်တိုက်နိပ်ပေးလိုက်ပါ ။ အဲဒီအစစကားအတိုင်း တစ်ခုပြီးတစ်ခု သူသွားနေလိမ့်မယ် ။
ဒီနေ့တော့ ဒီလောက်နဲ့ပဲဗျာ ။ နောက်နေ့မှ ကျွန်တော် (၃)ကို ဆက်ရေးပေးဦးမယ်ဗျာ ။ ခွန်မောင်ပန်

Start Menu ကို အရှိန်မြင့်ရန်
3:03 PM
ကျွန်တော်တို့တွေ All Program တွေကို ရှာမယ်ဆို များသောအားဖြင့် Start Menu ကို ဝင်ပြီးရှာတာများပါတယ် ။ ဒါကြောင့် အဲဒီကောင့်ကို မြန်အောင်လုပ်ထားမယ်ဆိုရင် ရှာရဖွေရတာလည်း ပိုပြီး ကောင်းလာမယ်ထင် ။
အရှိန်မြင့်ချင်ရင်တော့ ပထမဆုံး Run box ကို အရင်ဖွင့်လိုက်ပါ ။ ပြီးရင် အဲဒီထဲမှာ regedit ရိုက်ပြီး Enter လိုက်ပါ ။ ပြီးရင် HKEY_CURRENT_USER\Control Panel\Desktop ကို အစဉ်လိုက်သွားလိုက်ပါ ။ ပြီးရင်တော့ Desktop ကို Select ထားပြီးတော့ ညာဘက်ချမ်းက Box မှာ MenuShowDelay ကို ရှာလိုက်ပါ ။ တွေ့ပြီဆိုရင်တော့ နှစ်ချက်ဆက်တက်နိပ်ပေးလိုက်ပါ ။ Box တစ်ခုတက်လာလိမ့်မယ် ... အဲဒီမှာ ရှိနေတဲ့ Value ကို 0 သို့ပြောင်းပေးလိုက်ပါ ။ ပြီးရင် OK ပေါ့  ။ စက်ကို Restart ချလိုက်ပါ ။ ပြီးရင် ပြန်ဖွင့်လိုက်ပြီး Start Menu ကို နိပ်ကြည့်လိုက်ပါ ။ သိသိသာသာမြန်သွားတာကို တွေ့ရလိမ့်မယ် ။ ။
အဆင်ပြေကြပါစေဗျာ ခွန်မောင်ပန်