ခဏတိုင်းပဲ လာမေးကြတယ်ဗျာ ။ ဒီနည်းကို ကျွန်တော်လည်း လိုက်မွှေတယ် ။ ခေါင်းကိုက်တာပဲ အဖတ်တင်တယ် ။ ဟုတ်တော့ ဟုတ်ပါတယ်ဗျာ ။ Gtalk မှာ မြန်မာဖောက်ရိုက်လိုက်ရင် လေးထောင့်အတုံးပဲ ပေါ်လာတယ်ဆိုပြီးတော့ပေါ့ ။ ဖတ်လို့လည်း မရဘူး ။ Gtalk Setting မှာလည်း ချိန်းပြီးပြီး ။ မရဘူးတဲ့ဗျာ ။ အကြံလည်း ကုန်ပြီးတဲ့ဗျာ ။ လာမေးကြတယ် ။ အနော်လည်း ဘယ်သိမလဲနော့်...
တစ်ညတော့ ဒီအတိုင်းပဲ ပအိုဝ်းသွီးက အကိုက လာမေးပြန်ရော အဲဒါပဲ ။ ကျွန်တော်လည်း မသိကြောင်း :) :) အဲဒီလိုတော်တာနော် ။ ဒါပေမယ့် တစ်အောင့်လောက်နေတော့ သူကပဲ ရပြီတဲ့ ။ သူများမေးရင် ဖြေလို့ရအောင်တဲ့ဗျာ ။ သူပြောပြပုံက ဒီလိုဒီလို....
ကျွန်တော်ပြောချင်တာ ပထမဆုံး Gtalk Setting မှာ အရင်ပြောင်းကြည့် ။ ပြောင်းပြီးမှမရရင် ဒီလိုလုပ် ။ Language ဘားမှာ အရင်းပြောင်း ။ ပြောင်းပုံပြောင်းနည်းတွေ ရေးထားတာ အများကြီး တွေ့ရပြီမို့ မရေးတော့ပါဘူး ။
အဲဒီအကိုပြောတဲ့နည်းက Internetoption ကနေ ပြောင်းတာပါ ။ သူက IE ကနေ ဝင်ပြောင်းတယ်ဆိုလို့ ကျွန်တော်လည်း IE နဲ့ ပြောင်းပြမှာပါ ။ ဘယ်ကနေ ဝင်ဝင် အရေးကြီး Internetoption ထဲရောက်ဖို့ပဲ ။ IE ကို ဖွင့်လိုက်ပါ ။ Tools--> Internet Option ပါ ။
ပြီးရင်တော့ Internet Option box တက်လာမယ် ။ အဲဒီမှာ Font ကို ကြည့်လိုက်ပါ ။
ပြီးရင်တော့ ပေါ်လာတဲ့ Font တွေထဲက အောက်ဆုံးက Zawgyi ကို ရွေးပေးပြီး OK လိုက်ပါ ။
အဆင်ပြေမယ်လို့ ထင်ပါတယ်ဗျာ ။ ခွန်မောင်ပန်
Showing posts with label Font. Show all posts
Showing posts with label Font. Show all posts