wifi password ကို ဟက်ကြည့်ရအောင်

7:10 PM ---
            ခါတိုင်းနေ့တွေဆို ကျွန်တော် အင်တာနက်မသုံးရတာနဲ့ ငုတ်တုတ်ထိုင်ပြီး သီချင်းနားထောင်လိုက် ဂိမ်းလေးဆော့လိုက်နဲ့ပဲ အချိန်ကုန်နေရတယ် ။ အလုပ်လည်း မဖွင့်သေးတာကို မနက်ဖန်ကျတော့ လစ်ပြီ :) wifi တွေတက်လာပါတယ် ။ အများကြီးပေါ့ ။ အကုန်လုံး password တွေနဲ့သာမို့လေ...

မနေ့ကျတော့ အကိုဝမ်းကွဲနဲ့ နှစ်ယောက်သား ခေါင်းချင်းစိုက်တိုင်ပင်ပြီးတော့ သူက truemoveh သုံးတယ် ။ ပိုက်ဆံတစ်ယောက်တစ်ဝက်ထည့်ပြီးတော့ တစ်ရက် ဖရီးရိုက်ပြီး ဆော့မယ်ပေါ့ ။ ဒါပေမယ့် true wifi ကို ကလိလိုက်ပြီးတော့ တစ်လကို ဘတ်တစ်ရာတည်းနဲ့ သုံးနေရပြီ မြန်မာငွေအားဖြင့် ၂၀၀၀ကျော်ကျော်သာ အဟတ် :)



အဲဒါနဲ့မဖတ်ဖူးတာကြာတော့တဲ့ စာတွေလိုက်ဖတ်ရင်း wifi hack တာလေးကို သွားတွေ့တော့ ဒေါင်းပြီးတော့ စမ်းကြည့်လိုက်တာ အဆင်ပြေသွားတောကို တွေ့ရပါတယ်ဗျ ။ ရှာရခက်တယ်နော် ဒီဆောပ်ဝဲလ်မျိုး ခွေနဲ့ကြတော့ ဒေါင်းဖို့က မလွယ်ပြန်ဘူး ။ ဆိုဒ်သေးသေးလေးနဲ့ ဟက်လို့ရမယ်ဆိုတော့ ကျွန်တော်က စိတ်ဝင်စားပြီးသားပါ ။

ကဲပါဗျာ ။ အရင် ဒီနေရာမှာ အရင်ဒေါင်းချလိုက်ပါ ။

ပြီးရင်တော့ ပုံမှန် ဆောပ်ဝဲလ် တစ်ခုတင်သလိုပဲ တင်ပေးလိုက်ပါ ။

ပြီးရင်တော့ အောက်နားက network icon ပုံလေးကို နိပ်ပါ ။ပြီးရင်တော့ အဲဒီမှာ လိုင်းအကောင်းဆုံး တစ်ခုပေါ်ကို ထောက်ကြည့်လိုက်ပါ ။ wep လား wpa လားကို အရင်ကြည့် ။ ဒါမှ ခဏနေ ဟက်ခါနီးကျ ရွေးရသေးတာကိုး ။ ကြိုသိထားဖို့လိုလို့ ။ ဟုတ်ပြီ ။

ကဲ အခုစောစောနက ဒေါင်းပြီးတင်ထားတဲ့ Net Tools 5 ကို ဖွင့်လိုက်ပါ ။ ပွင့်လာပြီ ဆိုရင်တော့ Start >>>> Network tool ကနေ WEP/WPA key generator ကို နိပ်လိုက်ပါ ။ ပုံကို ကြည့်ပါ ။
ပြီးရင်တော့ နောက်ကျန်တဲ့ Settings ကိုတော့ ပုံအတိုင်းပဲ ကြည့်ပြီး ရွေးလိုက်ပါ ။
ပြီးရင်တော့ ကီးတွေကို ကူးပြီးတော့ ထည့်လိုက်ရုံပါပဲ ။
အဲဒါနဲ့ ဝင်လို့မရဘူးဆိုရင် ။ ဆောပ်ဝဲလ်မှာ Generate ကို နိပ်ပြီးတော့ ကီးကိုထပ်ကူး ထပ်ထည့်ကြည့်ပါ ။ လေးငါး ခါလောက်စမ်းကြည့်လို့မရရင် နောက်တစ်ခု ထပ်ရွေးပြီးတော့ ထပ်စမ်းပါ ။ တစ်ခုမရတစ်ခုပေါ့ ။ ကျွန်တော်စမ်းတာတော့ ရသွားတယ်ဗျာ ။ အဆင်ပြေကြပါစေ ခွန်မောင်ပန်

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။