တစ်ဖန်ပြန်လာခြင်း

6:09 PM ---
         အားလုံးမင်္ဂလာရှိတဲ့ နှစ်သစ်နဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးရင်းနဲ့ ကျွန်တော် ခွန်မောင်ပန်(ငပျောက်ဆိုလည်းရ၏) ဘလော့လောက ဘလော့ကာဘဝကို တစ်ဖြန်ပြန်လည် တည်ဆောက်ပါမည်(ပြန်ပျောက်ရင်လည်း ပျောက်ရမည်ထင်))))း ။ (ရှေးဦးစွာ ပဏာမခံခြင်း)

အခြေနေတွေ တော်တော်ကြီးမဆိုးဝါးပေမယ့် ငတ်တစ်လှည့် ပြတ်တစ်လှည့် အဆင့်သာမို့ ကွန်ပျူတာ မသုံးနိုင်ခြင်းပေသာ ။ လွန်ခဲ့တဲ့ငါးလအတန် စိတ်မာန်ဟန်တွင်းက နှစ်အသစ်အမှီတစ်ချီပြန်လာဦးမယ်လို့ ကြံလို့သာ ရည်ခဲ့သည် ။ ငါးလအကြာ သင်္ကြန်ခါတော်လည်း ကြသမို့ ..... ဟာတော်ပြီ ။ မရေးတတ်တော့ဘူး ။ ဝယ်မယ်ဝယ်မယ်နဲ့ အခြေနေတွေက အဆင်မပြေတာမို့ မဝယ်ဖြစ်ဘူး ။ (ဒါတောင် အိမ်နဲ့အဆက်သွယ်ဖြတ်ထားလို့ ဝယ်နိုင်တာ) ပို့ဖူးတာလည်း မဟုတ်ပါး)))))) ။ လေရင်းလွင့်ရင်း ရရစားစားဝါးဝါးမျိုမျိုပေါ့း)))))) ဒါတော့ ကျွန်တော်ရဲ့ လက်ရှိအခြေနေပါ ။

မနေ့တစ်နေ့ကပေါ့... ငါးနာရီအလုပ်က အပြန် ကျွန်တော်သူငယ်ချင်းနဲ့ ချိန်းထားပြီးတော့ သွားဝယ်မယ်လို့ ။(ပိုက်ဆံကတော့ လွန်တဲ့တစ်ပတ်ခန့်ကပင် ပေါင်းနှံရောင်းချပြီးသမို့ အလုံအလောက်ပင်)
လုံး ပရိုဂရမ်ကို ခပ်ခပ်မြန်မြန်ပြောပြတာမို့ အာမခံကဒ်အတွက်များလားလို့ (အာမခံတာကို ရပ် ပရကံလို့ခေါ်ပါတယ်) တစ်နာရီခွဲလောက်စောင့်ပြီးမှ ကွန်ပျူတာ ရလာပြီး ပြန်လာပါတယ် ။ အပြန်ကျတော့ ည ၈ နာရီခွဲပြီမို့ သူငယ်ချင်း အခန်းမှာလည်း သူမိန်းမရှိနေတာနဲ့ မရှိရင် သူ့အခန်းမှာ အိပ်ပြီး ဟဲဟဲဟဲ.... သောက်စားမယ်ဆိုရင်းလည်း ဒီစာကို ဖတ်မိရင် ဆူမည့်သူက ရှိသမို့ ....( အရင်ကတော့ ယုံတယ်.... မသောက်ဘူး မသောက်ဘူးဆိုပြီး သူပဲမော့မော့ နေတာ မသိတာကျနေတာပဲတဲ့ အလွတ်တောင်ရနေပြီး) ) အဲဒါနဲ့ ကျောချင်းကပ်ပြီး အခန်းကို ပြန်လာခဲ့တာ ။ ရောက်တာနဲ့ ဖုန်းကလာတော့တာ တော်သေးတာပေါ့  ။

ထားပါတော့လေ စာမရေးတာ ကြာလို့ ရေချင်း ပေါက်ကရလိုက်ရေးတာကို စိတ်မရှိပါနဲ့ ။ နောက်ကျွန်တော်တော် အင်တာနက်သုံးလို့ရအောင် ကြိုးစားပြီးတော့(ပေါင်နှံစရာတွေ ရှိပါသေးတယ်လေ) ။ ကျွန်တော် နည်းပညာအကြောင်းတွေကို ဆက်လက်ရေးသားဦးမယ်လို့ တစ်ဖန်ပြန်လာကြောင်း အသိပေးစာ ရေးခြင်းသာ ။
            မင်္ဂလာရှိသောနှစ်သစ်နဲ့ အတူ ကိုယ်စိတ်ကျန်းမာ ချမ်းသာစွာဖြင့် ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်ကြပါစေဗျာ ။   ခွန်မောင်ပန်

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။