ဆန္ဒတစ်စုံ

6:43 AM ---
     ကျွန်တော် စာတွေအရမ်းရေးချင်တယ် .. ဒါပေမယ့် ဘာတွေရေးရမှာမှန်းတောင် မသိတော့ ။ စာမရေးတာကြာတော့ စာရေးဖို့တော်တော်လေးကို စဉ်းစားရတယ် ။ ပြီးတော့ စနစ်တကျ တတ်လာတာလည်း မဟုတ်တဲ့ အတွက် မေ့တဲ့ဟာတွေလည်း ပျောက်တဲ့ဟာတွေလည်း ပျောက်ကုန်ပါပြီ ။
တတ်သည့်ပညာ မလေ့လာ မကြာမရှည် ပျောက်တတ်သည်တဲ့ ။ မှန်ပါပေသည် ။ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ လူကို ပြန်သတ်နေပါပြီ ....
အရာရာ သုညက ပြန်စရတော့မယ်....
ကျွန်တော့် အကြောင်းတွေပါ ။ ဒီနှစ်တွေပိုင်း နှစ်နှစ်သုံးနှစ် အတွင်းမှာပေါ့ တော်တော်လေးကို ရုန်းကန်ရတယ် ။ တစ်ခါတစ်လေကျရင် အားပါးတကျ ငိုကြွေးချင်တယ် ။ တစ်ခါတစ်လေ... တစိမ့်စိမ့်ထိုင်ဆွေးနေရတတ်တယ်... တကယ်လည်း ကြေကွဲရတဲ့နှစ်တွေပါ.....အကြောင်းတွေအစုံပေါ..
စီးပွားရေး အချစ်ရေး.... အကုန်ပါပဲဗျာ ။

 အလုပ်မှာ အလုပ်လုပ်နေရင်း လုပ်ဖော်ကိုင်ဖက်တွေကို ကြည့်ရင်းနဲ့ ကိုယ်တတ်တာလေး ကိုယ်သိတာလေး ကိုယ်တတ်တာလေးတွေကို တတ်နိုင်သမျှ သင်ပေးချင်ပါတယ် ။ တတ်စေချင်တယ် ။ သိစေချင်တယ် ။ တစ်ချို့က ဖုန်းတစ်ခုခုဖြစ်ရင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်တတ်တယ် ။ ဖုန်း တစ်ခုခုဖြစ်လာပြီဆိုရင် ကျွန်တော်ချည်းပဲ လုပ်ပေးရတယ် ။ တစ်ချို့ဆိုရင် ဖုန်း မီမိုရီမှာ ပြည့်နေရင် သီချင်းဖွင့်လို့မရဘူးဖြစ်တတ်တယ် နိုကီယာ မှာ အတွေ့များပါတယ် ။ အဲဒါကို ဘယ်လိုလုပ်ရမှန်း မသိဘူး ။ ဖုန်းပျက်တော့မယ်လို့ ယူဆလိုက်ကြပြီ ။ သီချင်းတွေ ဘလူးထုနဲ့ ကူးကြတာလေ ဖုန်းမီမိုရီပြည့်သွားလို့ ဖွင့်လို့မရတော့တာ အဲဒါကို မီမိုကဒ်ထဲကို ရွှေ့ပေးလိုက်ရင် ရပြီ ။ ဒါအတွေ့များဆုံးပဲ ။ နောက် CHAINA ဖုန်းတွေက My Music ဆိုတဲ့ folder လုပ်ပေးပြီး အဲဒီထဲကို သီချင်းထည့်ပေးမှ player နဲ့ ဖွင့်လို့ရပါတယ် ။ အမျိုးမျိုးပါပဲ ။ အဲဒါကိုတွေကို အားလုံးလိုလို မလုပ်တတ်လို့ ကျွန်တော်ပဲ ဒိုင်ခံ ပြင်ပေးရတယ် ။ အကိုကြီးတစ်ယောက်က သူခိုင်းတာ များလို့ အားနာတဲ့ ပုံနဲ့ ဘီယာတိုက်မယ်လို့ ပြောပါတယ် :)

 နောက်ပြီးတော့ တစ်ချို့တွေက အိမ်ကို ၆ ၇ နှစ်ထိ မပြန်ရသေးတဲ့ သူတွေရှိတယ် ။ ၁၀ ၂၀ အထိ မပြန်နိုင်သေးတာလည်း ရှိတယ် ။  များသောအားဖြင့် အိမ်ပြန်ရင် ဘာဆက်လုပ်မယ် ဘာအလုပ်မှာကို မစဉ်းစားနိုင်ကြဘူး ။ အရင်းနှီးရှိရင်တောင်ပေါ့ .... ။ ငါတို့တွေ အိမ်ကို ပြန်ပြီး ဘာလုပ်စားရမှာလဲ အဲဒါကိုတွေးပြီး မပြန်ကြတာ တော်တော်များတယ် ။ တွေ့ဖူးပါတယ် အကိုတစ်ယောက် အသုံး လေးဆယ်ကျော်လို့ ငါးဆယ်နား နီးနေပြီ ။ ဒီမှာပဲရှိနေသေးတယ် ။ ရွာပြန်ပြီးတော့ အလုပ်လုပ်ရမှာကို ကြောက်နေတယ် ။ ဒီမှာက ရွာထက်အများကြီးသာတယ်ဆိုတဲ့ အသိလေးတစ်ချက်နဲ့ နှစ်ပေါင်းတွေ အများကြီး မိဘတွေ ဆွေမျိုးတွေ နဲ့ ကွဲနေရကြတာ အများကြီးပါ ။
ကျွန်တော်တော့ နောက်သီတင်းကျွတ်ဆို ပြန်တော့မှာပါ ။

ကျွန်တော် သူတို့တွေကို ကွန်ပျူတာ သင်ပေးပြီးတော့ သူတို့ကို အသိတွေသွင်းပေးချင်တယ် ။ ကွန်ပျူတာနဲ့ ပတ်သက်ပြီး မလုပ်နိုင်ရင်တောင် ကွန်ပျူတာ အားကိုးပြီးတော့ တတ်ချင် သိချင်တာ ။ သူတို့ ဝါသနာပါတာတွေကို ကွန်ပျူတာနဲ့လေ့လာပြီး တတ်မြောက်ပြီး ကိုယ့်ရွာတွေမှာပဲ ပြန်ပြီးအလုပ်လုပ်စေချင်တဲ့ ဆန္ဒတစ်စုံတည်းပါ ။ ခုတော့ ကြိုးစားဆဲ ကြိုးစားတုန်းပါ ။
တကယ်လည်း သင်ပေးနိုင်အောင် ကြိုးစားမှာပါ ။
ခွန်မောင်ပန်
RAMA3
BANGKOK

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။