
Covert လုပ်ချိန်မြန်တယ် ။ File တွေ တစ်ခုခုပြောင်းပြီဆိုတာနဲ့ ကျန်တဲ့ကောင် သူလောက်မြန်တာကို မတွေ့သေးဘူး ။ Anyvideoconverter လည်း အဲဒီလောက်မမြန်ဘူး ။
အမြဲတမ်း Free ပေးတယ် ။ ကျန်တဲ့ကောင်တွေက Path file ဘာနဲ့ ကီးနဲ့ အလုပ်ရှုပ်စေတယ် ။ ဒီကောင်တော့ ဘာမှမ တက်လာဘူး ။ တင်ကတည်းက စပြီး ။
ဖိုင်တိုင်းလိုလို Covert နိုင်တယ် ။ မရတာလည်း ရှိတာပေါ့ :) ဒါပေမယ့် ကျန်တဲ့ကောင်ထက်စာရင် သူက ပိုပြီးလုပ်ပေးနိုင်တယ် ဖိုင်တော်တော်များများကို ။
ဓါတ်ပုံတွေ ခွေတွေကနေပြောင်းတာလည်း လုပ်နိုင်ပါသေးတယ်။ ခုကျွန်တော်က သူရဲ့လုပ်ဆောင်ချက်တွေထဲက လူသိနည်းပြီး အသုံးဝင်တဲ့ နည်းကို တင်ပေးမှာပါ ။ သိပြီးဖြစ်ချင်လည်း ဖြစ်မှာပေါ့ဗျား)
အဲဒါကတော့ Video/ Audio ကို ဖြတ်တာပဲ Cutter ပေါ့ :)
သီချင်းတွေကို Ring tone လုပ်တာလေ ။ သီးခြား Cutter ထပ်ရှာစရာမလိုတော့ဘူး ။ အဲဒါလေးကို ကြိုက်တာ ။ ပြောတာကြာပါတယ် ။ စလိုက်ရအောင်....
ပထမဆုံး Formatfoatry ကို ဖွင့်ပါ ။ မရှိရင်ဒေါင်းပါ ။ ပေါပါတယ် ။ filecrop ကို သွားပြီး ရိုက်ထည့်ပြီး ဒေါင်းရုံပဲ ။
Advanced က Audio joiner ကို နိပ်ပါ ။ ဗီဒီယိုကို ဖြတ်ချင်ရင်တော့ Video joiner ပေါ့ ။
ပြီးရင် ကိုယ်ဖြတ်မည့် သီချင်းကို Add file ကနေ ရွှေးပါ ။
ပြီးရင်တော့ အစနဲ့အဆုံးက Start time နဲ့ End time ကို နိပ်ပြီးဖြတ်ရုံပဲ ။ ဟုတ်လား မဟုတ်လားကိုတော့ အလည်က Play Icon ကို နိပ်ပြီး နားထောင်ကြည့်ရုံပဲ ။ ပြီးရင်တော့ Save ပေါ့ လွယ်ပါတယ် ။ အဆင်ပြေပါစေဗျာ ။ Output folder ကိုတော့ အပေါ်နားက ၄င်းစာသားကို နိပ်ရုံဖြင့် output folder ကို အလွယ်တကူသွားရောက်နိုင်ပါပြီ ။

အဆင်ပြေကြပါစေဗျာ .... ခွန်မောင်ပန်
0 comments:
Post a Comment
သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။