သီချင်းထဲကို သီချင်းစာသားတွေ ထည့်ရအောင်

5:03 AM ---
ဒီနည်းကို ကျွန်တော်ကိုယ်တိုင် စမ်းတာ သိပ်မအောင်မြင်ဘူးဖြစ်နေသေးတယ် ။မြန်မာသီချင်းတော့ မရပါဘူး။ အင်္ဂလိပ်သီချင်းပဲရပါတယ် ။ စမ်းတာ အောင်သည်ဖြစ်စေ မအောင်သည်ဖြစ်စေ ဆောပ်ဝဲလ်လေးက ချစ်စရာကောင်းလို့ :) အင်္ဂလိပ်သီချင်းဖွင့်ရင် သီချင်းစာသားတွေက ချစ်စရာကောင်းလို့ :) Plugin ဆိုလည်းဟုတ်ပါတယ် ။

အရင်ဆုံး MiniLyrics ကို အရင်း ဒေါင်းလုပ်ချပါ ။  ဗားရှင်းလည်း မြင့်တယ် ကီးလည်း ထည့်ပေးထားတာမို့ ခပ်မြန်မြန်သာ ဒေါင်းချလိုက်ပါ ။ ဆိုဒ်လည်း 1MB ပဲ ရှိပါတယ် ။ သုံးရတာလည်း လွယ်တယ် ။ ဒါမျိုးရှားတယ် :)



ဒေါင်းပြီးရင်တော့ ကိုယ်စာသားတွေထည့်ချင်တဲ့ သီချင်းကို ဖွင်လိုက်ပါ ။ minilyrics က သီချင်းစာသားတွေ ထွက်နေရော :) ပြီးရင် အပေါ် MENU BAR က Lyrics က Save as ဖြင့် Lyrics ကို အရင် သိမ်းထားပါ ။

ပြီးရင် ဆောပ်ဝဲလ်နောက်တစ်ခု ထပ်ဒေါင်းရအောင်.....
SYLT Edit ပါ ။
Download link (http://www.compuphase.com/software/sylteditor-0.1.4278.exe) လင့်တိုင်း ဒေါင်းလုပ်ချလိုက်ပါ ။ ပြီးရင် Install လုပ်ပါ ။ ပြီးရင် တင်ပြီးတဲ့ဆောပ်ဝဲလ်ကို ဖွင့်လိုက်ပါ ။ 



အဲဒီဆောပ်ဝဲလ်ရဲ့ Interface ပါ ။ Time Text/Lyrics ကို တွေ့ရပါမယ် ဘယ်အချိန်မှာ ဘယ်စာသားတွေထွက်လာစေမယ့် သဘောပေါ့ ။ အိုခေ ခု စောစောက ဖွင့်ထားတဲ့ သီချင်းကို အရင်ဆုံးဖွင့်လိုက်ပါ ။ သီချင်းရပြီဆိုရင်တော့  စောစော minilyrics နဲ့ သိမ်းထားတဲ့ အချိန်နဲ့ စာသားတွေကို ဒီနေရာကို အရင်ဆုံးလာထည့်ရပါမယ် ။ File Import  SYLT from LRC ကို နိပ်ပါ ။
အဲဒီအချိန်မှာ ဘောစ်တစ်ခု တက်လာပါမယ် ။ minilyrics နဲ့ သိမ်းထားတဲ့ ဖိုင်ကို ရွေးပေးပါ ။ အချိန်နဲ့စာသားတွေ ဖြည့်ပြီးသားကိုေ တွ့ရပါလိမ့်မယ် ။ အဲဒါကို Save လုပ်ပါ ။
 
ဘာပြဿနာပဲပြပြ ဂရုမစိုက်ပါနဲ့ ။ ပြီးရင် သီချင်းတွေ ရှိတဲ့ နေရာကို ဖွင့်ပါ ။

အဲဒီမှာ သေချာကြည့်ပါ ။ သီချင်းနာမည်တွေနောက်မှာ .mp$ နဲ့ တွေ့ရလိမ့်မယ် ။ အဲဒါကို .mp3 လို့ပြောင်းပေးလိုက်ပါ ။ ဒါဆိုရင် သီချင်းတွေထဲကို စာသားထည့်လို့ပြီးပါပြီ ။ ဖုန်းအကောင်းစားပဲ ကိုင်ကြတယ်ဆိုတော့ ဖုန်းထဲကို ထည့်ပြီးတော့ ဖွင့်ကြည့်လိုက်ပါ ။ စာသားလေးတွေ ပြေးနေတာကို တွေ့ရလိမ့်မယ် ။ လောလောဆယ်ဆယ် ကျွန်တော် ကွန်ပျူတာနဲ့ ဖွင့်တာတော့ အဲဒီစာသားတွေ တက်မလာသေးလို့ စမ်းနေတုန်းပဲ အဖြေရှာတွေရင်လည်း ပြောပြကြပါဦးလို့..  ခွန်မောင်ပန်

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။