Gmail တွင် Search box ကို အသုံးပြုပြီး ရှာဖွေခြင်း

8:08 AM ---
            ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ Gmail ကလွဲပြီး ကျန်တာတွေ သိပ်မသုံးပါဘူး . .. ရုံသုံးကျောင်းသုံးအိမ်သုံး..... အဆုံးထိပြောရရင် ကလေးအစလူကြီးအဆုံးသုံးကြတယ်လေ။ အလုပ်နဲ့ပါတ်သက်ပြီး သုံးကြတဲ့သူတွေလည်း အများကြီးရှိတယ် သုံးတာကြာလာတော့ အရင်က မေလ်းအဟောင်းတွေ တစ်ခါကျ အသုံးဝင်လို့ ပြန်သုံးစရာလို့ ရှာကြပြန်ရော မြေလန်ပြီး... အဲမေလ်းလန်ပြီး ရှာဖို့လည်း များကများနဲ့ အဲဒီခါကျတော့ တေပြီဆရာပေါ့.....

gmail advanced search
အဲဒါကြောင့် ကျွန်တော် ဒီနေ့ မေလ်းက မေလ်းအဟောင်းတွေကို လွယ်လွယ်ကူကူမြန်မြန်နဲ့ ရှာနိုင်စေဖို့ပါ ။
ပထမဆုံး မေလ်းကို အရင်ဖွင့်ပါ ။ ဖွင့်ပြီးပြိဆိုရင်တော့ အပေါ်နားက Search box ကို တွေ့ရပါလိမ့်မယ် ။ အဲဒီ Search box ကို အသုံးပြုပြီး ရှာကြဖွေကြတာပေါ့ ။


ပထမဆုံး ပို့ထားတဲ့ စာရင်းတွေက အရင်းရှာမယ်...
ရှာတဲ့ပုံစံ To:zinzin
 အဲလိုရိုက်ပြီးတာနဲ့ Enter ခေါက်ပါ ။ တက်လာပါလိမ့်မယ် ။ ဇင်ဇင်ဆီကို ပို့ထားတဲ့ မေလ်းတွေ တက်လာပါလိမ့်မယ် ။ 


ပြီးတော့ From:zinzin 
အဲဒါတော့ ဇင်ဇင်က ပို့လာတဲ့ စာတွေ အကုန်တက်လာပါလိမ့်မယ် ။ ဇင်ဇင်အစားကိုယ်ရှာမည့် နာမည်ရိုက်ထည့်ပေါ့ ။ ဒါတော့ username နဲ့ ရိုက်ထည့်တာ လိပ်စာနဲ့ဆိုရင်တော့ အနောက်က @gmail.com ဆိုတာလည်း ထပ်ရိုက်ထည့်ပေါ့ ။

နောက်တော့ In ကို အသုံးပြုပါမယ့် In:Chat ဆိုရင်တက်လာပါလိမ့်မယ် chat list တွေ... in iN IN ဘယ်လိုပဲဖြစ်ဖြစ် ကြီးကြီးသေးသေး မဆိုင်ပါဘူး ။ စာလုံးပေါင်းမှန်ဖို့သာလိုပါတယ် ။ အဲဒီမှာ ကိုယ်အလုပ်နဲ့ပတ်သက်ရင် label တစ်ခု သက်သက်လုပ်ထားသက့်တည် အဲဒီမှာ စုထားလိုက် ။ ပြီးရင် အဲဒီထဲကို ပြောင်းပြီး သိမ်းထားလိုက်ရင် နောက်လိုအပ်ရင် ရှာရလွယ်တာပေါ့ ။

is:unread မဖတ်ရသေးတဲ့ မေလ်းတွေချည်း တန်းစီနေလိမ့်မယ် ။ နောက်တော့ starred ပါ ။ ကြယ်ပွင့်လေးကို ပြောပါတယ် ။ ဥပမာ မေလ်းထဲကို အသုံးဝင်တဲ့ ကိုယ်ကြိုက်တဲ့ မေလ်းရောက်လာပြီဆိုရင် နောက်ဖတ်ပြီးတာနဲ့ ကြယ်ပွင့်လေးကို တစ်ချက်နိပ်ထား၇ုံနဲ့ နောက် ကြိုက်တဲ့မေလ်းတွေကို ဒီနည်းဖြင့် အလွယ်တကူပြန်လည်ဖတ်ရှုနိုင်မှာပါ ။
Is:starred  ပါ ။

နောက်တော့ before & after ကို အသုံးပြုပါမယ် ။
နှစ် လ ရက် အစဉ်တိုင်းပါ ။ 
before:2012:9:20 အဲလိုပေါ့ ။ နောက် before & after ကို ပေါင်းပြီးတော့ သုံးလို့လည်း ရသေးတယ် ။
after:2010/06/01 before:2010/07/01 စက်ပြီးတော့ စမ်းကြည့်လို့ရပါတယ် ။ ကိုယ်မေလ်းရဲ့ အချိန်တွေကို မှန်းပြီးတော့ ရှာလို့လည်းရတော့ အဆင်ပြေစေဦးမှာပါ ။

နောက်တော့ ဖိုင်အလိုက်ရှာပါမယ် ။ ဓါတ်ပုံဆိုရင် jpeg ပေါ့ jpg လည်းဖြစ်ပါတယ် ။ စာအုပ်ဆို PDF စသည်ဖြင့် ကိုယ်ရှာနေတဲ့ဖိုင်က ဘာအမျိုးစားလဲဆိုတာတော့ သိဦးပေါ့ ။
Filename:JPG ဆို ဇင်လေး ပို့ထားတဲ့ ဓါတ်ပုံတွေ တစ်ပုံကြီးတက်လာတယ်ဗျ :)

နောက်တော့ အတက်မဲန်းလုပ်ထားတဲ့ ဖိုင်တွေအကုန်လုံးကို ပေါ်စေတာပါ ။  has:attachment ပါ။ နောက်ကျန်တဲ့ နည်းတွေလည်း အများကြီးရှိပါသေးတယ် ။ ဒါပေမယ့် ဒါလောက်နဲ့ပဲ အလုပ်ဖြစ်လောက်ပြီဆိုတော့ ခေါင်းရှုပ်အောင် မရေးတော့ပါဘူး ။ အဆင်ပြေကြပါစေဗျာ ။
 ခွန်မောင်ပန် 




0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။