Photoshop ဖြင့် Zoom နိုင်သော ကီးများ

1:32 AM ---
        ရေးလက်စနဲ့ ဆက်ရေးပေးလိုက်ပါဦးမယ်ဗျာ ။ ကျွန်တော် သိသလောက်ပေါ့ဗျာ ။ Photoshop ဖြင့် Zoom နိုင်တာပေါ့ ။ဓါတ်ပုံကို ပြင်နေတုန်း အနီးကပ်ပြင်ချင်ရင် သုံးသုံးနေရတဲ့ ကီးတွေပါပဲဗျာ ။  ဓါတ်ပုံပြင်သူတိုင်း အမြဲသုံးနေရတဲ့ ကီးပါ  ။


       ပထမဆုံးအနေနဲ့ CTRL + + ပါ ။ ဒါတော့ သုံးရတာ အဆင်မပြေလှပါဘူး ။ ကျွန်တော်နဂိုက သုံးသုံးနေတဲ့ ကီးပါ ။ အသုံးများ သိများနေတဲ့ ကီးပါ ။ ခုတော့ ကျွန်တော် မသုံးသလောက်ဖြစ်သွားပါပြီ ဘာလို့ဆိုတော့ သူထက်ကောင်းတဲ့ ကီးကို သုံးနေရလို့ပါပဲ ။

        နောက်တစ်ခုနဲ့တော့ CTRL + Space bar ပါ ။ အဲဒါ နှစ်ခုကို တွဲနိပ်ပြီး ပုံပေါ်ကို နိပ်လိုက်ပါ ။ မိမိလိုသလောက်ကို  Zoom လို့ရပါပြီ ။ ဒါလည်းကောင်းတယ် ။ ကျွန်တော်လည်း အဲဒါကို သုံးနေတဲ့ ဒါပေမယ့် တစ်ခါတစ်လေလောက်ပါပဲဗျာ ။ သိတယ်မလား ။ သူ့ထက်ကောင်းတာ ရှိသေးလို့ပဲ ။
 
      နောက်ဆုံးတစ်ခုအနေနဲ့တော့ လွယ်လည်းလွယ် သုံးရတာလည်း အဆင်ပြေလွန်းတာမို့ ကျွန်တော်ရဲ့ သုံးနေကျကီးပါ ။ ဒါပေမယ့် ဒီကီးရဲ့ အားနည်းချက်က တစ်ချို့ Tool ကို သုံးနေတုန်း အသုံးမပြုနိုင်လို့ပဲ ။ အဲဒီခါကျရင်တော့ CTRL + Space ကို ပြန်သုံးရပါတယ် ။  ခုကျွန်တော် သုံးဖြစ်နေတဲ့ Zoom ကီးက ALT ကို နိပ်ထားပြီး Mouse က ဘီးကို လည့်လိုက်တာနဲ့ မိမိလိုသလို Zoom ကို သုံးနိုင်ပါပြီ ။ နောက်တစ်ခုပြောချင်တကတော့ ALT ကီးတွေ အကြောင်းပါ ။ အဲဒီကောင်ကို အထင်မသေးလိုက်ပါနဲ့ဗျာ ။ ALT ကီး တစ်ခုတည်းနဲ့ ဝက်ဆိုဒ်ထောင်ထားတဲ့ ဆိုဒ်တွေ ရှိပါတယ် ။ မယုံဘူးဆိုရင် ALT codes ဆိုပြီး Google မှာ ရိုက်ထည့်ကြည့်လိုက်ပါ ။ ခု စမ်းကြည့်လိုက်ပါ ။ မယုံမရှိနဲ့...
အဆင်ပြေကြပါစေဗျာ ။ ခွန်မောင်ပန်(မြဝတီ)

1 comments:

Anonymous said...

အိုကေပါ

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။