Photoshop Tool များကို အသုံးပြုခြင်း (၁)

1:16 AM ---
         အားလုံးကို ပြောပြပြီးတဲ့အတိုင်းပါပဲ ဖိုတိုရှောပ်နဲ့ အဲဒိတင်းကို လေ့လာနေတယ်ဆိုတာလေ ။  အဲဒါကြောင့် ပထမဆုံးအနေနဲ့ ကျွန်တော်လေ့လာအသုံးပြုဖြစ်နေတဲ့ ဖိုတိုေ၇ှာပ်နည်းကို နည်းနည်းတင်ပြပေးချင်ပါတယ် ။ များများဆိုတော့လည်း မဟုတ်သေးပါဘူး ။ လေ့လာဖြစ်သလောက် လုပ်ဖြစ်သလောက်လေးပါပဲဗျာ ။ နဂိုဖိုတိုရှောပ်ကို တတ်တော့တတ်တယ် ။ ဒါပေမယ့် စနစ်တကျမဟုတ်ဘူးလေ။ ခုက လေ့လာတာတင်မကပဲနဲ့ ကိုယ်တိုင်ကိုယ်ကျ လုပ်နေရတယ် ။ ဆိုင်မှာ လာပြင်ကြတာကို ပြင်ပေးတာလေ။ အဲဒါကြောင့် ခပ်ကောင်းကောင်းလေး ပြင်နိုင်မှလည်း ဖြစ်မယ်လေ...  ။
လေပေါနေပြန်ရော :D

      ကျွန်တော်အားရင် အဆင်ပြေရင် တင်ပေးပါဦးမယ် ။  ခုလည်း နည်းနည်းပါးပါးအားအားယားယားအားနေတာနဲ့ Tool တွေအကြောင်းတွေကို ရေးပေးချင်ပါတယ် ။ အကုန်လုံးတော့ မဟုတ်ပါဘူး ။ အသုံးပြုတဲ့အခါ အဆင်ပြေအောင် လွယ်ကူမြန်ဆန်အောင် အသုံးပြုနိုင်အောင်ပါ ။
     ပထမဆုံးအနေနဲ့ Move tool ပါ ။ အားလုံးသိပြီးတွေလည်းဖြစ်နေချင် ဖြစ်နေမှာပါ ။ မသိသေးတဲ့ စလေ့လာနေတဲ့ သူတွေတွက် ရေးပေးတဲ့ ပိုစ့်ဆိုလည်း မမှားပါဘူး ။ ပြန်စရအောင် ... Move ကို သုံးချင်တယ်ဆိုရင် ကျွန်တော်နဂိုက Move tool ကို Select ပေးပြီးတော့ သုံးတာများတယ် ။ သုံးတယ် အဲလိုမျိုးသုံးတာ ။ ခုတော့ မဟုတ်တော့ဘူး ။ ဥပမာ .. ဆိုပါတော့ ကျွန်တော် အပုံတစ်ခုကို Lasso tool နဲ့ အသုံးပြုနေတယ် Move tool ကို အသုံးပြုချင်တယ်ဆိုရင် Move tool ကို မနိပ်တော့ပဲ့နဲ့ CTRL ကို နိပ်ထားလိုက်ပါ ။ Move tool အသွင်ဖြင့်အသုံးပြုနိုင်မည် ဖြစ်ပြီး လွတ်လိုက်ပါ ။ မိမိနဂိုသုံးနေတဲ့ Lasso tool ပြန်ပေါ်လာမှာပါ ။ သိပြီးပြီလား.... မသိသေး၇င် ခုကတည်းက စပြီး သုံးကြည့်လိုက်ပါ ။ လွယ်ကူမြန်ဆန်စွာနဲ့ အသုံးနိုင်တဲ့ Move tool ရဲ့အကြောင်းပါဗျာ ။

        နောက်တစ်ခုအနေနဲ့ Tool နှစ်ခုအကြောင်းကို တွဲပြီးရေးပေးမှာပါ ။ Clone နဲ့ Eyedropper ပါ ။ ကျွန်တော်က ပုံပြင်နေတုန်း Eyedropper ကို နိပ် ပြီးရင် Clone နဲ့ သုံးနေတာ အစကပေါ့ ။ အင်မတန်အလုပ်ရှုပ်လှပါတယ် ။ ခုတော့ အဲလိုမဟုတ်တော့ဘူး ။  Clone tool ကို အသုံးပြုနေတုန်း Eyedropper ကို သုံးချင်တယ်ဆိုရင် Eyedropper ကို နိပ်မနေနဲ့တော့ ALT ကို အသေနိပ်ထားပေးလိုက်ပါ ။ Eyedropper အဖြစ်သုံးလို့ရပါပြီ ။ တော်တော်လေးကို အဆင်ပြေတယ် ။ နည်းတွေက ၇ိုး၇ှင်းပေမယ့် အသုံးတော်တော်ဝင်တယ် ။ သုံးကြည့်လိုက်ပါ ။ ဒီနေ့တော့ ဒါလောက်နဲ့ပဲဗျာ ။ အဆင်ပြေတာနပြ ပြန်ရေးပေးပါဦးမယ် Photoshop ရဲ့ အကြောင်းတွေကိုပေါ့ဗျာ ။ အဆင်ပြေကြပါစေ ခွန်မောင်ပန် (မြ၀တီ)

1 comments:

Anonymous said...

my bro ur knowledge is great i like ur post plz try ur best my bro

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။