MP 3 Cutter ဆိုပါတော့ ....အဲဒါကို များသောအားဖြင့် ရိုက်ထည့်ကြတာက freedownload mp3 cutter လို့ပဲ။
အဲလိုရိုက်ထည့်တာနဲ့ mp3 cutter fullversion ဖြစ်ဖြစ် နောက်က version နာမည်တွေ ဘာညာကွိကွ ရိုက်ထည့်တာ ဘယ်လိုထူးခြားတယ်ဆိုတာ ကြည့်လိုက်ပါ ။ free လို့ပါလိုက်တာနဲ့ freesite တွေထွက်လာမယ် ။ downloader တွေနဲ့ ဒေါင်းခိုင်းမယ် ။ ပြီးရင် တစ်ဆိုဒ်မဟုတ်တစ်ဆိုဒ်ဒေါင်းမယ် ။ ရလာပြန်တော့လည်း exe ပဲရမယ် ။ full မဟုတ်ပြန်ဘူး ။ ဒါနဲ့ mp3 cutter ရဖို့ သုံးနာရီကြာလောက်ကြိုးစားပြီး မရတော့တာလည်းတွေဖူးပါတယ် ။ ဒါကတော့ ကျွန်တော်ကွန်ပျူတာ စကိုင်ခါစက တွေ့ခဲ့ဖူးတဲ့အတွေ့ကြုံပါ ။ babylon toolbar နဲ့လည်း ခဏခဏထည့်တာ အဲဒီ freewebsite တွေကြောင့်ပါ ။ free မှာ ရှာရင်တော့ အဲဒါလေးတွေ လက်ဆောင်ရတတ်ပါတယ် ။ ကျွန်တော်ဆောပ်ဝဲလ်တစ်ခုခုကို ရှာမည်ဆိုရင် နာမည်အရင် ၇ိုက်ထည့်နောက်က hacking ဖြစ်ဖြစ်ပေါ့ cracked ဖြစ်ဖြစ် ရိုက်ထည့်လိုက်ရင် အိုခေပြီ ။ ဘာလို့ဆိုတော့ hacking သမားတွေက အဲလိုဆောပ်ဝဲလ်လေးတွေကို cracked ပြီးတင်ကြလို့ပါ ။ ဒါတော့ ထက်သန်ရင် ထက်သန်သလိုရှာနိုင်ပါတယ် ။ ရှာတတ်ဖို့ပဲ လိုပါတယ် ။ free full soft ကို ရေးခဲ့ဖူးပါတယ် ။အဲဒီမှာလည်း ဒေါင်းလို့မကုန်နိုင်ပါဘူး ။
ကျွန်တော် ဒီပိုစ့်ကို ရေးရတဲ့အကြောင်းက အကိုတစ်ယောက်က ကျွန်တော်ကို သံလုံငယ်ဆိုဒ်ကို သိလားတဲ့ ။ ဖွင့်မရတော့လို့တဲ့ ။ ဒီဆိုဒ်တွေက ကျွန်တော်ဖတ်နေကျတွေပေါ့ ။ အကြိုက်ဆုံးမြန်မာနည်းပညာကတော့ သံလုံငယ်နဲ့ မိုးမြင့်ရှိန်ပါ ။ ရေကြီးသုတ်ပြာနဲ့ လာမေးနေတယ် ။ ကွန်ပျူတာ ဝယ်ဖို့ လမ်းညွန်ပိုစ့်ကို ဖတ်ချင်လို့တဲ့ အရေးလည်းကြီးနေလို့တဲ့ အဲဗျာ ။
ကျွန်တော်လည်း ဝင်မရတော့ဘူးဆိုကတည်းက Google Cached ကို သတိရပြီးသား ။ ဒါနဲ့ Google မှာ သံလုံငယ်လို့ ရိုက်ချလိုက်တယ် ။ ပြိးတော့ Cached နဲ့ ဖွင့်တယ် ။ အောက်က တွေ့လိုက်တဲ့ အစစ်ပါတဲ့ စာအုပ်တစ်အုပ်တောင် ရလိုက်သေးတာ ။ပုံကိုကြည့်လိုက်ပါ။ Google မှာ တစ်ခုခုရိုက်ထည့်၇င် pdf ဆိုတဲ့ စာသာလေးကိုတော့ နည်းနည်းပါးပါးသတိထားပြီးတော့ ကြည့်ပေးပါ ။ အရမ်းကောင်းတဲ့ စာအုပ်တွေ ရတတ်တယ် ။ ကျွန်တော်ခဏခဏရနေလို့ ပြောပြတာ :)
ကွန်ပျူတာ ဝယ်ရင် ဖတ်ဖို့ စာအုပ်
0 comments:
Post a Comment
သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။