IDM က Firefox မှာ အလုပ်မလုပ်ရင်

9:39 PM ---

ကျွန်တော်ကို မေးထားတာတွေရှိပါတယ် ။ ဒါပေမယ့် ကျွန်တော်မသိသေးတာနဲ့ မတင်ဖြစ်လိုက်ပါဘူး ။ ပြောရရင် ကျွန်တော် ကိုယ်တိုင်းလည်း အဲဒီပြသနာနဲ့ ရင်ဆိုင်နေရတာပါ ။ ကျွန်တော် IDM လည်း Firefox မှာ အလုပ်မလုပ်ပါဘူးဗျ ။ သူတို့မေးတော့မှ ကျွန်တော်လည်း အဖြေရှာရတာပေါ့ဗျာ ။ ခုတော့ ရပါပြီ ။ လွယ်လွယ်လေးပါဗျာ ။ မေးထားတဲ့ သူငယ်ချင်းတွေလည်း ကျေးဇူးတင်ပါတယ် ။ သူတို့ မေးလို့လည်း ကျွန်တော် အတွက် အလုပ်တစ်ခုရတာပေါ့ ။ ဒါကြောင့် သူငယ်ချင်းတို့ရေ ဘာပဲဖြစ်ဖြစ် ဘယ်လိုအခက်ခဲပဲ ကြုံကြုံ ပြောပါ ။ မေလ်းပို့ပါ ။ ကျွန်တော် တော်လို့ အဲလိုပြောတာ မဟုတ်ဘူး ။ ဒါပေမယ့် ရှာလို့တော့ တတ်တယ် ။ ဒါကြောင့် ။



စကားများသွားပြန်ပြီ.... စာဖတ်သူရဲ့ IDM လည်း Firefox မှာ အလုပ်မလုပ်ဘူးဆိုရင် ဒီတိုင်းလေးပဲလုပ်ပေးလိုက်ပါ ။ အဆင်ပြေပါလိမ့်မယ် ။ ကျွန်တော် တင်ထားတဲ့ ပိုစ့်တွေ အတွက် ကျွန်တော် အာမခံတယ် ။ ဘာလို့ဆိုတော့ ကျွန်တော် ကိုယ်တိုင် စမ်းပြီး အောင်မြင်ပြီးမှပဲ ကျွန်တော်တင်တာ ။ ပြောရဦးမယ်...ကျွန်တော်ရဲ စာတစ်ပုဒ်အကြောင်းကို ပါ ။ သူငယ်ချင်းတွေကို အွန်လိုင်းကနေ ဖုန်းခေါ်ရင်းနောက်မယ် ဆိုတဲ့ ပိုစ့်ပါ ။ စာဖတ်သူလည်း ဖတ်ဖူးကောင်း ဖတ်ဖူးလိမ့်မယ်ထင်ပါတယ် ။ အဲဒါ နည်းနည်းလေး ဖြေရှင်းချက်ပြောချင်ပါတယ် ။ ကျွန်တော်ရဲ့ ပိုစ့်နာမည်ကို သေချာဖတ်နော် ။ သူငယ်ချင်းတွေကို အွန်လိုင်းကနေဖုန်းခေါ်ရင်း နောက်မယ် ။ စကားပြောမယ် မဟုတ်ဘူးနော် ။ နောက်တာလေးတင် အပုံအတိုင်းသွားလိုက်ပြီး Call now ကို နိပ်လိုက်ပါ က ။ အင်တာနက်ကနေ ခေါ်ပါလိမ့်မယ် ။ စကားပြောလို့မရဘူး ။နောက်တာလေးတင် ။ ပြီးတော့လည်း ။ ကျွန်တော်ကိုယ်တိုင် လုပ်တာကတော့ ဖုန်းနံပါတ်တွေကို Add ပြီးတော့ ခေါ်ရတာ ။ ကိုယ့်ဖုန်းနံပါတ်ကို ထည့်ခါစက လိုမျိုးပေါ့ ။ ရပါတယ် ကျွန်တော်ကိုယ်တိုင် ကျွန်တော့် သူငယ်ချင်းတွေကို နောက်ပြီးပါပြီ ။ တစ်ယောက်က အရက်မူးနေတုန်းမို့ မသိလိုက်ပါဘူး ။ ကိုယ့်ဖုန်းနံပါတ်က ကိုယ့်ကို ပြန်ခေါ်နေတာနော် ။ တစ်ယောက်ကတော့ အိပ်နေတုန်း ဖုန်းဝင်လာတာ ကြည့်တော့ သူဖုန်းနံပါတ်ပဲဖြစ်ပြီး Hi! December လိုခေါ်တော့ မှ ကျွန်တော် မွှေထားမှန်း သူသိသွားတယ် ။ December လို့ နာမည် ထည့်ထားတာကိုး ။ စကားတော်တော်များလွန်သွားပြီ ။



ကဲ စမယ်နော်....

ပထမဆုံး ဒီနေရာလေးကို သွားပြီးတော့ Firefox Add-On ကို လုပ်ပါ ။ Add-On လုပ်နည်းတွေကို သိပါတယ် မလား ။ သာမန် Add-On လုပ်သမျိုးပါပဲဗျာ ။ မသိသေးတဲ့ လူတွေ တွက်ကို ရည်ညွန်းပြီး အရှည်ရေးပေးပါမယ် ။ သိပြီးသားဆိုရင်တော့ Add-On လင့်ကို သွားပြီးတော့ ကိုယ့်ဖာသာကိုယ် လုပ်လိုက်ရုံပဲ နော်.....။

အဲဒါလေးကို နိပ်လိုက်ရုံနဲ့ Add-On လုပ်ပြီးသားပါပဲဗျာ ။  အပုံကြည့်လိုက်ပါဦး



အပေါ်က ဒီနေရာလေး ဆိုတာကို နိပ်လိုက်တာနဲ့ အဲလိုမျိုး ပေါ်လာလိမ့်မယ် ။ ဒါမှမဟုတ်ရင် တော်ကြာလင့်က အလုပ်မလုပ်ရင် အပြောခံရမှာ စိုးလို့ အောက်က စာသားကို လည်း နိပ်နိုင်ပါတ်။  



အဲဒီလိုတက်လာပြီဆိုရင် Allow ကို နိပ်လိုက်ရုံတင် ။  ပြီးရင်တော့ Install Now ဆိုတာ တက်လာလိမ့်မယ်။


နားမလည်ရင် အပုံကို ကြည့်ပါ ။ ဘာမှလုပ်စရာမလိုပါဘူး ။ Allow ကို နိပ်လိုက်တာနဲ့ တင် တက်လာပါပြီ ။





ပြီးရင်တော့ Restart ချဖို့ပဲ ကျန်တယ် ။ Restart ချတယ်ဆိုတော့ မလန့်ပါနဲ့ ။ ချက်နေရင်းမို့ ဟိုဘက်က စိတ်ဆိုးမှာကြောက်တာနဲ့ Restart ချဖို့ ကြောက်သွားတဲ့လူလည်းရှိတယ် ။ တကယ်ပြောတာ ။ Firefox ပဲ ချတာပါ ဗျ ။ ပြီးရင်တော့ ခဏလေးစောင့်ပြီးရင် ပြန်ပေါ်လာပါလိမ့်မယ် ။ အဲဒီချိန်ကရင် သင့်ရဲ့ IDM က Firefox မှာ အလုပ်လုပ်နေပြီဖြစ်ကြောင်းကို Right လိုက်ရင် သိမှာပါ ။



အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။ ခွန်မောင်ပန်



2 comments:

r said...

ကျေးဇူးပါ။ သူငယ်ချင်းတစ်ယောက်အစဉ်မပြေဖြစ်နေတာ အခုတော့ရသွားပါပြီ။ အဲနောက်တစ်ယောက်ကတော့ IDM ကို update လုပ်လိုက်မိသွားတာရှိတယ် ။ဒါကြောင့် ၁ လပဲသုံးလို့ရတော့တယ်။အဲ့ဒါကို uninstall လုပ်ပြီး install ပြန်လုပ်တာ ဘယ်နှစ်ခေါက်ပဲလုပ်လုပ် ရက်ကျန်သလောက်ပဲရပါတော့တယ်။ ပေစ့်ဖိုင်တွေနဲ့ လိုင်စင်ရအောင်လုပ်တာလဲလုံးဝမရတော့ပါဘူး။ အဲ့ဒါ ဘယ်နားမှာဘယ်လိုဖြတ်ရမလဲဆိုတာ အကြံတောင်းချင်ပါတယ်။ ပြီးတော့ uninstall လုပ်တဲ့ ဆော့ဝဲလ်နဲ့ကို uninstall လုပ်ထားတာပါ။ စက်ထဲမှာကျန်နေလို့သာ ဒီလိုအသစ်ပြန်လုပ်လို့မရဘူးလို့ထင်မိပါတယ်။ တစ်ခါမှမလုပ်ဘူးတဲ့စက်မှာ လုပ်ရင် ပေစ့်ဖိုင်ကော run လိုက်တာနဲ့လိုင်စင်နဲ့သုံးလို့ရပါတယ်။ အကြံပေးပါအုံးခင်ဗျာ။

December Mgmg said...

Run box မှာ regedit လို့ ရိုက်ထည့်ပြီး အဲဒီမှာ Internetdownloadmanager ကို ရှာပြီး delete လိုက်ပါ ။ နှစ်ခုလောက်ရှိမယ် အဲဒီမှာ... နည်းနည်းတော့ အလုပ်ရှုပ်မယ်နော်... Software ခေါင်းစဉ်ကို လိုက်ရွေးကြည့်ပြီး ရှာပါ ။

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။