Task Manager ဖွင့်မရရင်

6:44 PM ---
           ဒီပြဿနာတော့ လူတိုင်းကြုံရတဲ့ ပြဿနာပါ ။ ကျွန်တော်ကိုတောင် ခဏခဏလာမေးမေးတယ် ။ ဒါပေမယ့် ရုတ်တရက်ကြီး ဘာမပြောပြောရမှန်းလည်း မသိဘူး :)
ဒါကြောင့် ဖွင့်မရခဲ့ရင် ပြန်ဖွင့်ဖို့ နည်းတွေကို ကျွန်တော်ရေးပေးမှာပါ ။
ပထမနည်း ။
Run box ကို ဖွင့်ပါ ။ (window + R)
gpedit.msc လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ ။
တက်လာတဲ့ box က
User Configuration အောက်က  Administrative ကိုနိပ်ပါ ။ ပြီးရင် System ကို ဆက်နိပ်ပြီးတော့ Ctrl+Alt+Del Options ကို နှစ်ချက်ဆက်တိုက်နိပ်ပြီးတော့ ။ enable လိုက်ရင် ပြန်ဖွင့်လို့ရပါပြီ ။

ဒုတိယနည်း ။
Run box ကို ဖွင့်ပါ ။ (window + R)
regedit လို့ ရိုက်ထည့်ပြီး Enter ခေါက်ပါ ။
HKEY_CURRENT_USER then Software\Microsoft\Windows\CurrentVersion\Policies\System အစဉ်တိုင်းသွားလိုက်ပါ ။  ပြီးရင် ဘေးဘက် box ကို ကြည့်ပါ ။ သုံးခုရှိပါယ် ။ အောက်ဆုံးက  Task Manager ကို နိပ်ပါ ။ နှစ်ချက်ဆက်တိုက် နိပ်ပါ ။ value ကို 0 ထားပါ ။ အဲဒါကို ဖျောက်ထားချင်ရင်တော့ 1 ပေါ့ ။
ဒီလောက်ဆိုရင် Task manager ဖွင့်လို့မရတဲ့ ပြဿနာကို ဖြေရှင်းလို့တတ်ပြီထင်ပါတယ် ။ Virus ကြောင့် Disable ဖြစ်သွားတတ်တဲ့ Task manger ကို ပြန်ဖွင့်တဲ့ နည်းပါ ။ အဆင်ပြေပါစေ ခွန်မောင်ပန်

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။