ကျွန်တော်တို့တွေ နည်းပညာပဲဖြစ်ဖြစ် အနုပညာပဲဖြစ်ဖြစ်(PHOTOSHOP စသည်) စာအုပ်တွေကို ဖတ်နေသူတိုင်းဖြစ်ပါတယ် ။ ဒါကြောင့် စာဖတ်ရာတွင်လည်း အသုံးပြုတဲ့ Reader ခြင်းမတူကြပေ ။ ကျွန်တော်ကတော့ Adobe Reader ကလွဲရင် ဘယ် Reader ကလွဲရင် သုံးလို့မရတော့ပါဘူး ။ ဘာကြောင်းလဲဆိုတော့ ပြီးခဲ့ရေးခဲ့ စာဖတ်ခိုင်းတာရယ် ။ အခု Keyboard နဲ့ Roll လို့ရတာရယ်ကြောင့်ပဲ ။
ကျန်တဲ့ Reader တွေ ရလားမရားတော့ ကျွန်တော် မသိပါ ။
နည်းကတော့ လွယ်လွယ်လေးပါဗျာ ။ View ► Page Display ► Automatically Scroll ပါ ။Shortcut နဲ့ အသုံးပြုသူများကတော့ Ctrl + Shift + H ပါ ။ ကျွန်တော်ကတော့ အဲဒါပဲ အသုံးများပါတယ် ။
ပြီးရင်တော့ Up Down ကို နိပ်ပြီးတော့ အပေါ်အောက်ကို နိပ်နိုင်ပါပြီ ။ အောက်ကို (▼) တစ်ချက်နိပ်ရင် အောက်ဖြည်းဖြည်းချင်း သူလိမ့်သွားလိမ့်မယ်ဗျာ ။ နောက်တစ်ချက်ထပ်နိပ်လိုက် နည်းနည်းမြန်လာလိမ့်မယ် ။ နောက်တစ်ချက်ထပ်နိပ်လိုက် နည်းနည်း ပိုမြန်လာလိမ့်မယ် ။ထပ်နိပ်ရင် ပိုပြီးတော့ မြန်လာလိမ့်မယ် ။ ကဲဗျာ ။ ဆက်တိုက်ဆက်တိုက်နိပ်ကြည့်လိုက်ပါ ။ တွေ့တယ်ဟုတ် ။
အဲလိုပဲ ။ အပေါ်(▲) ကို နိပ်ကြည့်ပါ ။ တစ်ဖြည်းဖြည်း နှေးလာလိမ့်မယ် ။ ဆက်ဆက်နိပ်လိုက်ပါ ။ အပေါ်ကို ပြန်တက်လိမ့်မယ် ။ စာဖတ်တာ ဒါမျိုးသုံးပြီး ဖတ်ရင် စာဖတ်လို့လည်း ကောင်းတယ် ။
ကျွန်တော်တော့ ကြိုက်တယ် ။ ဘာလို့ဆိုတော့ စာဖတ်တာက ရတယ် ။ Mouse လှည့်ရတာ ကြာလာတာနဲ့ ပျင်းလာပြီ ။ စိတ်လည်းမရောက်တော့ဘူး ။ဒါကြောင့် မဖတ်တော့တာများတယ် ။ဒါကြောင့် ဒီနည်းကို သုံးလို့ စာဖတ်လည်းဖြစ်တယ် ။ အပေါ်ဆုံး အောက်ဆုံးကို သွားချင်ရင်တော့ HOME & END ကို နိပ်ပါ ။ စာဖတ်ချင်းဖြင့် သုတပွားနိုင်ပါစေဗျာ ။ ခွန်မောင်ပန်
1 comments:
ကျေးဇူးတင်ပါတယ်..ကျေးဇူးတွေတင်ပါများတော့ နိုင်ပါ့တော့မလားမသိဘူး..တော်တော်ကျေးဇူးတင်ပါတယ်..ဟုတ်တယ်..အဲလိုမျိုးmouse နဲ့နှိပ်ပြီးကြည့်ရတာကိုပျင်းတယ်...တကယ့်ကိုအသုံးဝင်ပါတယ်
Post a Comment
သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။