Internet Speed ကို လုံးဝ မြင့်မယ်

3:40 AM ---
         ဒီနည်းကို ကျွန်တော်တွေ့တာ အံ့သြလို့ မဆုံးဘူးဗျ ။ တကယ်လည်း မြန်လို့လေ ။ ကျွန်တော် မေလ်းကို ဝင်စစ်ဖို့ ဖွင့်တာ နှစ်စက္ကန့်လောက်ပဲ ကြာတယ် Loading ကပေါ့ ။ ခါတိုင်းဆို တအိအိလေးတက်နေတာ ခုတော့ တော်တော်လေးကို တကယ်မြန်သွားတာ ။ အင်တာနက်မကောင်းတဲ့ ဘော်ဘော်တွေကိုလည်း အင်တာနက်မြန်စေ သတည်းလို့ ပြောသလိုပင် ထိုနည်းကို ကျွန်တော်ရေးပေးပါမယ်ဗျာ ။ သိပ်အခက်ကြီး မဟုတ်ပေမယ့် တကယ်လည်း မြန်စေပါတယ်ဗျာ ။ ဆောပ်ဝဲလ်လည်း မသုံးပါဘူး ။
ကဲ လုပ်မယ်ဆိုရင်တော့ ပထမဆုံး control penal ထဲကို သွားလိုက်ပါ ။ ပုံတွေနဲ့ဆိုတော့ အဆင်ပြေတာပေါ့ဗျာ ။




ကဲ ပြီးရင်တော့ Network Connections ကို နိပ်ပါ ။

ပြီးရင်တော့ ကိုယ်သုံးနေတဲ့ အင်တာနက် ရဲ့ ကိုတွေ့ရပါမယ် ။ အဲဒါကို ဘယ်ကလင်ခ့်နဲ့ properties ကို ရွေးပါ ။

တစ်ခါတည်း ဖြတ်လမ်းနဲ့ လုပ်ချင်လည်း ရပါတယ် ။ အင်တာနက် icon ကို နှစ်ချက်ဆက်တက်နိပ်လိုက်ရင်လည်း ရပါတယ် ။ တစ်ခါတည်း တက်လာပါလိမ့်မယ် ။
အဲဒီမှာ တက်လာတဲ့ box ထဲ Internet Protocol (TCP/IP) ကို ရွေးပေးပြီးတော့ ရွေးတယ်ဆိုတာ အဲဒီနာမည်ကို တစ်ချက်နိပ်ရုံတင် ။ ပြီးတော့ အောက်နားက properties ကို နိပ်ပေးပါ ။

ပြီးရင်တော့ အောက်နားမှာ ဓါတ်ပုံပါအတိုင်းရိုက်ထည့်ပေးလိုက်ပါ ။ တစ်ခုတော့ ရှိတယ်နော် ။ ဆက်တိုက် မရိုက်ပါနဲ့ သူ့မျဉ်းကြောင်းတွေပါတယ် ။ အဲဒီမျဉ်းကို ကိုတစ်ချက်နိပ်ပြီးတော့ တစ်ခါထည့် ဂဏန်းကိုပေါ့ ။ ပြီးတော့ အိုခေ စရာရှိတာ အိုခေ ပိတ်စရာရှိတာ ပိတ်ပြီး စမ်းကြည့်လိုက်ပါ ။ သင့်အင်တာနက် စပိဒ် မြန်နေတာကို တွေ့ရပါလိမ့်မယ် ။ ဒီနည်းကို ခုကျွန်တော် စမ်းနေတာက xp နဲ့ပါ ။ window 7 မှာလည်း ရပါတယ်လို့ တွေ့ပါတယ် ။ အဆင်ပြေပါစေဗျာ ။ ခွန်မောင်ပန်

2 comments:

ကျော်မျိုး said...

ဓါတ်ပုံပါအတိုင်းဆိုတာဘာကိုပြဲတာလဲ?ဘာမှလဲအတွေ့ရ၀ူး။

December Mgmg said...

ဟုတ်ကဲ့ ပုံတင်ဖို့မေ့သွားလို့ :)
8.8.8.8.
8.8.4.4.
အဲဒီလိုမျိုးပြောတာ

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။