Online က passport ပုံလုပ်မယ်(Useful Link)

8:57 AM ---
         
Make Passport Photoကျွန်တော်တွေ့ထားတဲ့ လင်ခ့်တစ်ခုကို ပြန်ရှယ်တာပါ ။ ဖိုတိုရှောပ်မတတ်ရင်တောင် ထုတ်လို့ရတဲ့ နည်းလေးပါ ။ လွယ်လွယ်လေးပါ ။ ပထမဆုံးကို ဒီဆိုဒ်ကိုသွားလိုက်ပါ ။ ပီးရင် Setting တွေ ရွေးပါမယ် ။ နိုင်ငံတကာက ပါစ်ပိုစ့်ဆိုဒ်တွေကိုတောင် သိလိုက်ရပြီ ။ မြန်မာနိုင်ငံမပါတာတော့ ဝမ်းနည်းစရာပဲ ။
နိုင်ငံကို Common size ရွေးပြီးတော့ 2x2 နဲ့ပဲ ထုတ်လိုက်ကြစို့ ။(ဗဟုသုတအနေနဲ့ပြောပြမယ်ဗျာ ။ ပါစ်ပိုစ့်ပုံတွေက မြန်မာနိုင်ငံမှာ သုံးတာ 1.1 in x 1.3 in ပါ ။ ကျန်တဲ့ ဆိုဒ်တွေလည်း ရှိပါသေးတယ်ဗျာ ။ ဖိုတိုရှောပ်နဲ့ လုပ်လိုတယ်ဆိုရင်တော့ Cropping tool ကို ရွေးပြီး ။ Tool Option  မှာ 1.1 in x 1.3 in လို့ရိုက်ထည့်ပြီး ပုံကို ချိုးလိုက်ရင် ရပါပြီ ဖြစ်ကြောင်းပါ ။ ) ကဲခု ဆိုဒ်လည်း ရွေးပြီးသွားပြီဆိုတော့ Print size ကတော့ ပုံပြီးရင် ဘယ်နှစ်ပုံ စီပေးရမှာလဲဆိုသလိုပေါ့ ။ 4x6 ကို ရွေးလိုက်ပါတယ် ။ ပြီးရင်တော့ ကိုယ်လုပ်မယ့် ဓါတ်ပုံကို တင်လိုက်ပါ ။ ပြီးရင်တော့ Next page အနေနဲ့ Cropping ချိုးရုံပါပဲဗျာ ။ အောက်နားမျာ ချိုးနည်းတွေတောင် သူပြထားသေးတယ် ။ ပညာလည်းရပါတယ်ဗျာ ။ ပြီးရင်တော့ Make photo နိပ်လိုက်ပါ ။ ခဏလေးစောင့်ပေးလိုက်ပါ ။ ပြီးရင်တော့ သင့်ရဲ့ ပုံ Print ထုတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ (ဆိုဒ်ကြေညာတဲ့ စာတော့ ပါတာပေါ့ ။ ဖိုတိုရှောပ်နဲ့ ပြန်ဖျက်ပေါ့ :) )

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။