♥♥♥♥♥ ဂလိုလေးတွေရေးမယ်♥♥♥♥♥♥

11:19 PM ---
            တကယ်တော့ ကျွန်တော်က ဒီနည်းလေးကို ရှာနေတာ နည်းနည်းတော့ ကြာနေပြီ ။ သူများရေးထားတာကို တွေ့တော့ကိုယ်လည်း ရိုက်ချင်ရေးးချင်တာပေါ့ဗျာ ။ အသည်းပုံတွေ ဘာတွေ ညာတွေပေါ့ဗျာ ။ ခုတော့ အနော်သိပြီ :)  ဝါသနာပါရင်တော့ အဲဂလိုရေးလို့ရတယ်နော် :) ☻☻☻☻
          လုပ်ချင်တယ်ဆိုရင်တော့ ပထမဆုံး Number Lock ကီးကုတ်နိပ်လိုက်ပါ ။ ကီးဘုတ်ဆို ဒီတိုင်းတိုက်ရိုက်ကို ရှိတယ် ။ လက်တောပ့်တော့ တစ်ခုခုနဲ့ မတူတတ်ပါ ။ ကျွန်တော်တော့ တော်တော်ကို ရွာလည်ခဲ့သေးတာဗျာ :) ကျွန်တော်ကီးဘုတ်မှာ Scroll ဆိုတာရှိတယ် ။ F12 ဘေးကပါ ။ အဲဒီကောင်နဲ့Fn key ကို တွဲနိပ်လိုက်ပါ ။ Number Lock key နှင့်တူတူပင်ဖြစ်သွားသည် ။ အဲဒါက ပထမဆင့် အဲဒါပြီးရင်တော့ Number key ကို Lock ပြီးသွားရင်တော့ စရေးလို့ရပြီ ။
            စရေးတဲ့နေရာမှာ Alt ကို တစ်ချက်နိပ် ပြီးမှာ မိမိရိုက်လိုတဲ့ ပုံကို ရိုက်ရုံတင် ။ သူ့သင်္ကေတတွေက Alt ကို တစ်ချက်နိပ်ပြီး 3 ကို နိပ်လိုက်ပါ ။ ♥ ကလိုတက်လာလိမ့်မယ်..... ကီးဘုတ်ဆိုရင်တော့ အဲဒီတိုင်းနိပ်လို့ရတယ် ။ ကျွန်တော့်လက်တောပ်မှာတော့ JKL: စတာတွေနဲ့ နိပ်ရပါတယ်ဗျာ ။ အဆင်ပြေကြပါစေခင်ဗျာ ။ ခွန်မောင်ပန်

6 comments:

ရနံ့စံအိမ် said...

အဆင်မပြေဘူးဗျို့
နောက်နည်းတွေရှိရင်လည်း ဝေငှပေးပါဥိး
အားကိုးပါတယ်။

December Mgmg said...

ကျွန်တော် ရေးတဲ့အတိုင်း စမ်ကြည့်ဗျ ။ ပြီးတော့ ဘယ်နေရာမှာ အဆင်ပြေတာကို ကျွန်တော့်ကို ပြောပြပေးပါ ။ ဒါမှလည်း ဖြေရှင်းလို့ တတ်မှာ :)
ကျေးဇူးပါဗျ ။ အကြံပေးတဲ့အတွက်ကို :)

ရနံ့စံအိမ် said...

အင်္ဂလိပ်နဲ့ထားမှ အဆင်ပြေတယ်
မြန်မာနဲ့ထားအဆင်မပြေဘူး။ ☺☺☺☺
နောက်ပြီး ဂဏန်းရိုက်တဲ့အချိန်။
nun lock ကွက်ထဲက ဂဏန်းနဲ့မှ အဆင်ပြေတယ်။
ကျေးဇူးအထူးတင်ပါတယ်။
စမ်းသပ်လို့ အောင်မြင်အောင် ညွှန်ပြပေးတဲ့အတွက် ဒီဇင်ဘာနှင့်ပွင့်လေးလို့ အေးမြငြိမ်းချမ်းသော ဘ၀ကို ပိုင်ဆိုင်ပါစေ..♥♥♥

December Mgmg said...

ဟုတ်ပါတယ်ဗျာ ။ မြန်မာဖောက်ဖြတ်ရင်တော့ မရပါဘူး ။ ဗဟုသုတအနေနဲ့ မြန်မာဖောက်ဖြစ်နေရင် shortcut key သုံးလို့မရတော့ကြောင်းပါ ။ Photoshop မှာ အထင်ရှားဆုံးပါ။
ကျေးဇူးတင်ပါတယ်ဗျာ ။ လာလည်းလာလည် အကြံလည်း ပေးသွားတဲ့အတွက်

ရနံ့စံအိမ် said...

num lock ကီးမပိတ်ဘူး scrooll lock မဖွင့်ဘူး။ မြန်မာဖောက်ဖြတ်ပေမယ့် ရိုက်ရနေပြန်တယ်...
စမ်းသုံးကြည့်မိတာပါ ☺☺☺
ဒီနည်းကို ညွှန်ပြပေးတဲ့အတွက် ကျေးဇူတင်လို့
ပြန်လည် ပြောကြားပေးတာပါနော်....
အခုလာနေတာက ဦးဇင်းတပါးပါ။
ဘာမှမတတ်လို့ ခုလိုဆိုတွေအားကိုးပြီး လေ့လာနေတာပါ။

December Mgmg said...

တင်ပါ ဘုရား ။ တပည့်တော် လူပဲ ထင်လို့ ပြောတာ ရိုင်းသွားရင် တောင်းပန်ပါတယ် ဘုရား ။ တပည့်ဆိုဒ်ကို လာလည်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ဘုရား ။

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။