ကျွန်တော်နှင့် Printer (၂)

11:20 PM ---
         မနေ့ညက မပြီးသေးလို့ ခုပြန်ဆက်ေ၇းပေးလိုက်ပါတယ် ။ ဒီညတော့ နှစ်ပုဒ်လောက်ရေးမယ်လို့ စိတ်ကူးထားတယ် ။ ဒါကြောင့် ခုတစ်ပုဒ်ရေးပြီးတာနဲ့ နောက်တစ်ပုဒ်ရေးဖို့ လုပ်ရဦးမှာမို့ ဒီတစ်ပုဒ်ကို မြန်မြန်ဆန်ဆန်ပဲရေးပေးမှာပါ ။ နောက်တစ်ပုဒ်ကျရင် ပုံတွေနဲ့မှ ဖြစ်မှာမို့လို့ပါ ။ ပုံကို Capture ရမှာနဲ့ ကြာမှာမို့လို့ပါ ။ ပြီးတော့ ဒီည အဲဒိတင်းတွေလည်း ရှိနေသေးတာမို့လေ ။ ဒီညအပြီးလုပ်ရမယ့် အလုပ်မို့ ။ Editing လည်း သိပ်မတတ်သေးတာမို့ မရေးသေးပါဘူး ။ လောလောဆယ်ဆယ်တော့ ဖိုတိုရှောပ်နဲ့ ပတ်သက်တဲ့ အကြောင်းတွေပဲများမယ်ဗျ ။ သည်းခံပြီး ဖတ်ပေးပါဦးလို့ ။ ဘာပဲဖြစ်ဖြစ် လာဖတ်နေတာကို တွေ့ရလို့ ၀မ်းသာမိ စာလည်းဆက်ရေးနေမိပါတယ်ဗျာ ။ ဖတ်တဲ့သူတွေကို မတွေ့ရရင်တော့ ရေးဖြစ်ဦးမယ် မထင်ပါဘူး ။

စောစောက Printer အကြောင်းတွေ နည်းနည်းပြန်ဆက်ရအောင်ဗျာ ။ မနေ့ညက ထုတ်တော့မယ့်အထိရောက်ပြီနော် ။ အခု ကျွန်တော် အဲဒီ Printer က Setting တွေကို နည်းနည်းလောက်ရှင်းပြပေးချင်ပါတယ် ။ ဒါတွေကတော့ ကျွန်တော် နားလည်ထားသလိုကို ပြန်လည်ရှင်းပြပေးတာပါ ။ အမှားတွေပါနေရင် ထောက်ပြပေးပါနော် ။
ကိုယ်ထုတ်မယ့် ပုံကို A4 ထဲကို ခေါ်ပြီးပြီဆိုရင်တော့ Ctrl + P ကို နိပ်ပြီးတော့ ထုတ်ရမယ်ဆိုတာတော့ သိပြီးသားဖြစ်ကြမှာပါ ။ အဲဒီမှာ ပေါ်လာလိမ့်မယ် ။ Print box setting တွေပေါ့ ဗျာ ။ အဲဒီမှာ Printer မှာ ကိုယ့်ရဲ့ စက်အမျိုးစားကို ရွေးပေးလိုက်ပါ ။ စက်နာမည်တွေပေါ်နေပါလိမ့်မယ် ။



ပြီးရင်တော့ Page Setup ကို နိပ်လိုက်ပါ ။  အဲဒီမှာ ပြောင်းရမယ့် Setting အကြောင်းတွေကို ကျွန်တော် သိသလောက်ရှင်းပြပေးမှာပါ ။ Main ကို ကြည့်လိုက်ပါဗျာ ။  Quality Option မှာ Draft, Text, Text & Image, Photo, Best Photo ဆိုပြီးတော့ ရှိတယ် ။ အဲဒီမှာ အသုံးများတာကတော့ ဓါတ်ပုံထုတ်ရင် Best photo သုံးတယ် ။စာစီစာရိုက် စာရွက်တွေ A4 စက္ကူတွေဆိုရင် Text ပါ ။ ပုံကော စာကောပါတဲ့ ကာဗာတို့ စတေကာတို့ကိုတော့ Text & Image ပါ ။ ဓါတ်ပုံဆိုရင်တော့ Best photo ပါ ။  ပြီးတော့ နောက်တစ်ခုပြောင်းရမှာကတော့ Type ပါ ။ အဲဒါတော့ ရှင်းရှင်းလေးပဲ ။ A4 paper ဆိုရင် Plain paper ဓါတ်ပုံဆိုရင် Epson premium glossy ပါ ။ နောက်ပြီးတော့ Size ... မနေ့က ကျွန်တော်ပြောခဲ့သလိုပဲ ။ ထုတ်မယ့် ပုံနဲ့ စက္ကူပမာနကို နှိုင်းယှဉ်ရမှာပါ ။ New က A4 ဆိုရင် အဲဒါလည်း A4 ကို ရွေးပေးလိုက်ရုံတင် ။ မိမိထုတ်မယ့်ပုံဆိုဒ်နဲ့ စက္ကူနဲ့ နှိုင်းယှဉ်ပြီးရွေးချယ်ပေးရမှာပါ ။

နောက်တစ်ခုကတော့ Center Image နဲ့ Scale to fit ပါ ။ ဒီနှစ်ကလည်း အရေးပါပါတယ် ။ Center Image က အလည်တည့်တည့်ကျအောင် ထုတ်မယ်ဆိုရင်ပေါ့ ။ ဆိုတော့ A4 တစ်ရွက်မှာ 4'' x 6'' တစ်ပုံထုတ်မယ်ဆိုရင် အဲဒါကို အမှတ်ပေးပါက ဓါတ်ပုံက အလယ်ကို ရောက်နေပါလိမ့်မယ် ။ ဒါကြောင့် မိမိထုတ်လိုသောပုံကို အနားစွန်းတွင်သာ ထားလိုပါက ထိုအစက်ကို ဖြုတ်ပေးပါရန် ။ Center Image က ဘယ်နေရာမှာ သုံးလဲဆိုရင်တော့ ထုတ်ရမယ့်ဟာက အလည့်တည့်တည့်ကျစေချင်တဲ့ အခါလောက်ပါပဲ ။ ဒါလည်း အောက်က Scale to fit ပေးလိုက်ရင်လည်း သူလည်း အဲဒီထဲကို အကြုံးဝင်သွားမှာပါ  ။ ဒါကြောင့် သိပ်အသုံးမလိုတဲ့အတွက်ကြောင့် ဓါတ်ပုံထုတ်တိုင်း ဖြုတ်ပေးဖို့ မမေ့စေနှင့်

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။