လွယ်ကူမြန်ဆန် Shortcut အားမာန်

8:20 AM ---
       Shortcut ကို စိတ်မ၀င်းစားတဲ့သူတွေ မရှိသလောက်ပဲ ထင်တယ်  ။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ် ။ စိတ်ဝင်စားတယ်ဆိုတာ ထက် လျင်လျင်မြန်မြန်နဲ့ အသုံးပြုနိုင်တာကိုက အင်မတန်ကောင်းလွန်းလှပါသည် ။ သင်မယုံဘူးလား ။ သင်မယုံရင် ခု စာဖတ်နေရင်းနဲ့ End ကီးကို နိပ်ကြည့်လိုက်ပါ ။ ကျွန်တော့်ဆိုဒ်ရဲ့ အောက်ဆုံးကို ရောက်သွားလိမ့်မယ် ။ လက်တွေ့ပဲမလားဗျာ ။ အပေါ်ဆုံးကို ပြန်ရောက်ချင်တယ်ဆိုရင်တော့ Home ကီးကို ပြန်နိပ်လိုက်ပါ ။  သဘောပေါက်ပြီ မလားဗျာ ။ ဆိုတော့ ဒီ End , Home ကီးက အစနဲ့အဆုံးကို သွားဖို့ နိပ်တယ်လို့ အကြမ်းဖျင်းအားဖြင့် မှတ်သားလို့ရပါတယ် ။ စာရိုက်နေရင်းအစကို အဆုံးကို မောက်နဲ့ လိုက်ရွေ့စရာမလိုပဲနဲ့ အဲဒီကီးနှစ်ခုကို နိပ်ပြီးတော့ ရွေ့လိုက်ပါ ။ လျင်မြန်သက်သာလှပါတယ် ။  ပြောပြရရင်တော့ အဲဒီကီးတွေက ကုန်နိုင်မှာ မဟုတ်ပါဘူးဗျာ ။ လေ့လာကြည့်လိုက်ပါ ။ သင်ရဲ့ လေ့လာမှုနောက်မှ မျက်စိရဲ့ အမြင်က အမြဲတမ်းကပ်ပါနေပါစေ ဒါမှ ထူးခြားမှုကို မှတ်သားနိုင်ပြီးတော့ တတ်လွယ်မှတ်လွယ် သိလွယ်သွားမှာပါ ။ 

     ဖိုတိုရှောပ်ကို အမြဲသုံးဖြစ်နေတာမို့ အသုံးဝင်တဲ့ ကီးအချို့ကို ပြောပြပါမယ် ။  ဓါတ်ပုံပြင်ချင်လို့ Open ကို နိပ်ပြီး မခေါ်ပါနဲ့ Workspace က လွတ်တဲ့ နေရာမှာ နှစ်ချက်ဆက်တိုက်ကလင်ခ့်ပါ ။ ကီးတော့ မဟုတ်ပါဘူး ။ အသုံးဝင်လို့ ကြားညှပ်ပြောပြတာ ။  ပုံရွေးဖို့ ဘောက်စ် တစ်ခု တက်လာလိမ့်မယ် ။  နောက်တစ်ခုကနှစ်ပုံ သုံးပုံပြင်နေလို့ နောက်တစ်ပုံကို ရွေ့ချင်တယ်ဆိုရင် မောက်စ် သုံးမနေပါနဲ့ Ctarl + Tab ကို တွဲ
နိပ်ကြည့်လိုက်ပါ ။ နောက်ကျောက်သွားတဲ့ ပုံကို ပြန်ဆုတ်ချင်တယ်ဆိုရင်တော့ Ctarl + Shift +Tab ကို တွဲနိပ်လိုက်ပါ ။ အဆင်ပြေတယ်ဟုတ် ..... ။ ပြီးတော့  Layer နှစ်ခု ပေါင်းထားလို့ အောက်က တစ်ခုကို ပေါ်စေချင်လို့ အပေါ် တစ်ခုကို Opacity ကို လျော့ချင်တယ်ဆိုရင်တော့ မောက်စ်ကို မသုံးပါနဲ့ ဘယ်လောက်လျော့ချင်လဲ ၅၀ ဆိုရင် ၅၀ လို့ ကီးဘုတ်က ဂဏန်းကို နိပ်လိုက်ပါ ။ လွယ်တယ်ဟုတ် ။ ပြီးတော့ Layer က နှစ်ခု သုံးခုဆိုတော့ အပေါ်အောက်ကို Select ပေးချင်တယ်ဆိုရင် မောက်စ်နဲ့ မရွေ့ပါနဲ့ Alt + ] ကို တွဲနိပ်ပါ ။ [ နဲ့လည်း စမ်းကြည့်ပါ ။ အဲဒါက Select တာနော် ။ ရွေ့ချင်တယ်ဆိုရင်တော့  ] ကို Ctrl နဲ့ တွဲနိပ်ပါ ။ အကုန်လုံးကို ရွေ့ချင်တယ်ဆိုရင် Lock ထားတဲ့ အောက်ဆုံးက Layer ကို Unlock ဖို့ မမေ့ပါနဲ့ ။ ကျန်တာတွေလည်း အများကြီး ရှိပါသေးတယ် နောက်နောက် ရေးပေးပါဦးမယ် ။ အားလုံး အဆင်ပြေကြပါစေ ခွန်မောင်ပန်

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။