သင် Photoshop တတ်ပြီလား ?

7:53 AM ---
            ဒီမေးကို ဖြေကြည့်ပေးပါ ။ ဓါတ်ပုံပြင်တာကို စိတ်ဝင်စားတယ်ဆိုရင်ပေါ့  ။ အရမ်းအရေးကြီးပါတယ် ....
ဒါတွေက ကျွန်တော်ကိုယ်တိုင် ကိုယ့်ကိုယ်ကို မမေးဖူးတဲ့ မေးခွန်းတစ်ခုပါ ။ ဒါပေမယ့် အခုတော့ အဲဒီမေးခွန်းတစ်ခွန်းဟာ အရမ်းကို အရေးတယ်ဆိုတာကို နားလည်လာပြီ ။ ဘာလို့ဆိုတော့.....

အခုကျွန်တော် ဓါတ်ပုံပြင်တဲ့ဆိုင်မှာလုပ်နေတယ်လေ... အဲဒီမတိုင်ခင်က ကိုယ့်ကိုယ်ကို ဖိုတိုရှောပ်တတ်ပြီလို့ ထင်နေတာ ။ ဒါပေမယ့် အဲဒီအတွေးက လုံးလုံးမှားနေတာကို ကောင်းကောင်း သိပါပြီ ။ မလုပ်ခင်က တတ်တယ်လို့ ထင်ထားတာ နဖူးတွေ့ဒူးတွေ့တော့မှ ဘယ်လိုလဲဆိုတာ ကောင်းကောင်းသွားတော့တာ ။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကို ကျွန်တော် မေးဖူးတယ် ။ ဖိုတိုရှောပ်သုံးတတ်လားလို့... သူက တတ်တယ်တဲ့ ဘယ်လိုတတ်လဲဆိုတော့ ကလိလို့တတ်တာတဲ့ ။ အင်း .... တတ်တယ်လို့ အသိအမှတ်ပြုပေးပါတယ် ။ တကယ်တော့မှာ တတ်မှာ မဟုတ်ပါဘူး ။ စောဒက မတက်နဲ့ဦးနော်....

ကျွန်တော်လည်း သူ့လိုမျိုးပဲ ကျွန်တော်ကို အဲလိုမေးဖူးတယ်... ကျွန်တော်က တတ်တယ်လို့ ကလိလို့တတ်တာပဲ ကျွန်တော်လည်း ။ အဲဒါကြောင့် တတ်မှာ မဟုတ်ဘူးလို့ ပြောရဲတာ ။ တကယ်တော့ ဖိုတိုရှောပ်က ကလေးကစားမှ မဟုတ်တာလေ ။ သုံးရင် သုံးတတ်သလောက် တတ်ရင်တတ်သလောက်လုပ်လို့ရတာကို ကောင်းကောင်းတတ်သူတိုင်း သုံးတတ်သူတိုင်း သဘောပေါက်ပြီးသားပဲ ။ အဲဒါကို ကလိရင်းနဲ့ တတ်တယ်ဆိုတော့ စာဖတ်သူပဲ စဥ်းစားကြည့်ပါ ။ ဟုတ်မလားလို့ပေါ့ ။ တတ်တယ်ဆိုတဲ့ စကားတစ်လုံးကို စဉ်းစားကြည့်လိုက်ပါ ။ သိတဲ့ အဆင့်ပဲ ရှိသေးတယ်လို့ ဆိုပါတယ် ။ သိပြီးမှ လက်တွေ့များများ လုပ်ပေးမှ တတ်မယ် တတ်ပြီးသားကို ထပ်ဖန်တလဲလဲ လေ့ကျင့်မှ ကျွမ်းမယ်.... ဒါတွေက နက်နဲလှပါတယ် ။ လောလောဆယ်ဆယ် ကိုယ့်ကိုယ်ကို ဖိုတိုရှောပ်တတ်လား မတတ်လား စမ်းစစ်ချင်တယ်ဆိုရင် ကျွန်တော် တတ်သလောက်လေး နည်းလမ်းပေးပါမယ် ။ ဘာမှမလုပ်နဲ့ဦး Laso ကိုပဲ အရင်ဖြတ်ကြည့်ပါ ။ L ကို နိပ်ပြီး ဖြတ်တာကို ပြောတာပါ ။ ပြီးရင် မြင်အောင်ကြည့်ပါ အနားစွန်းတွေ ဘယ်လိုနေလဲဆိုတာ ကိုယ်ဖြတ်ထားတဲ့ ပုံက အနားစွန်းတွေ ချောမွေ့နေလား ကြမ်းတမ်းနေလားပေါ့ ။ Father ကိုလည်း သိလောက်ပါတယ်နော် ။ ပြီးရင် ကောင်းပြီးဆိုရင်တော့ မဆိုးဘူးလို့ ဆိုရမယ် ။ ပြီးရင်တော့ ပုံဟောင်းတွေကို Scan ဖတ်ပြီး ပြင်ကြည့်ပါ ။ ဓါတ်ပုံပြင်တယ်ဆိုတာ သဘာဝလည်းကျရမယ် လှလည်းလှရမယ်ဆိုတာကိုတော့ မမေ့ပါနဲ့ ။  ပုံဟောင်းကို ပြင်တတ်တယ်ဆိုရင်တော့ မဆိုးဘူးလို့ဆိုရမယ်.. မဆိုးတာများမှ ကောင်းတာများမယ် ကောင်းတာများမှ တတ်တယ်လို့ ခေါ်တယ် ။ မြန်မာလို့ ရေးထားတဲ့ ဖိုတိုရှောပ် တူး သုံးနည်းတွေ ရှိပါတယ် ။ ရှာဖွေဖတ်ရှုပြီး လက်တွေ့ စမ်းကြည့်ပါ ။ ဒါမှ တတ်တယ်လို့ ဆိုရမယ် ... ကျန်တာတွေ များကြီးရှိပါသေးတယ် ။ အင်တာနက်မှာတွေတဲ့ Layer ပြောင်းပြီး လုပ်တာတို့ ဒီဇိုင်းတို့ မလုပ်ခင်မှာ ကျွန်တော်အထက်က ရေးထားတဲ့ အတိုင်းအရင်လေ့ကျင့်မှ စာဖတ်သူဟာ ဖိုတိုရှောပ်သုံးတတ်တဲ့ သူလို့ ကျွန်တော် ယူဆပါတယ် ။ ဒါတွေ ပိုင်နိုင်တော့မှ အင်တာနက် နည်းတွေကို စမ်းမယ်ဆိုရင် သင့်အတွက် ဘယ်လောက်လွယ်ကူစေလဲဆိုတာ သင်ကိုယ်တိုင် ခံစားသိရှိရလိမ့်မယ်......အခြေခံရမှ အထက်တန်းတွေကို လွယ်ကူစွာလေ့လာနိုင်မယ်ဆိုတာ အားလုံးသိပြီးပါဗျာ ။ ကျွန်တော်စာကို ဒါလောက်နဲ့ပဲ ရပ်ပါရစေဦး.... ခွန်မောင်ပန်

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။