Photoshop သမားတိုင်း သိထားသင့်တဲ့ နည်း တစ်ခု(အဆက်)

7:51 AM ---
         ဟိုတစ်နေ့ညက နည်းတခုကို တင်ပြပေးတာကို မှတ်မိမယ်ထင်ပါတယ် Photoshop သမားတိုင်း သိထားသင့်တဲ့ နည်း တစ်ခု ဆိုတဲ့ ပိုစ့်ပါ ။ အဲဒီပိုစ့်ကို ရေးနေတုန်း အဲဒီနည်းကို ရေးပေးဖို့ မေ့တာနဲ့ သတိရတာနဲ့ နောက်ထပ်ပြန်ရေးပေးဖို့ စီစဉ်ပြီး ရေးရပြန်တာပါ ။  ဟိုတစ်နေ့ညက Selection Tool နဲ့ ဖြတ်ပြီးသားပုံတွေကို ပြန်ပြီး အနားစွန်းတွေကို ပြန်ပြင်တာကို ရေးပေးတာပါ ။
ဆိုတော့  Selection Tool ကို သုံးပြီး ဖြတ်ပြီးသား Selection Area မရှိတော့တဲ့ ပုံတွေကိုကော ဘယ်လိုပြန်ပြင်မလဲပေါ့ ။ နားရှုပ်သွားမလား မသိ ။ ဆိုပါတော့ဗျာ ။ ကျွန်တော်က Background ပြောင်းဖို့ ဖြတ်ထားတဲ့ ပုံကို PDF file နဲ့ Save ထားတယ် ။ အဲဒီပုံကို ပြောင်းခါနီးကျတော့ အနားစွန်းတွေ ကြမ်းနေတာကို ပြန်ပြင်မယ်ဆိုရင် တစ်ခါပြန်ဖြတ်ဖို့လည်း မကောင်း Magic Wand နဲ့ လုပ်လိုက်ရင်လည်းဖြစ်တယ် ။ အရောင်တွေ ကွဲပြားတဲ့ ကြည့်တဲ့ ပုံတွေဆိုရင်တော့ ပြဿနာ မရှိပါ ။ ပုံဟောင်းတွေဆိုရင်တော့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး ။ ဒါကြောင့် ဒီနည်းလေးကို မသိမဖြစ်တဲ့ နည်းမို့လို့ ပိုစ့်တစ်ခု တစ်ပုဒ်အနေနဲ့ မရေးလောက်ပေမယ့် ပိုစ့်တစ်ပုဒ်ကြောင့် နောက်နောင် ပြင်မယ့် ပုံတွေအတွက်တွေလည်း အသုံးဝင်တာမို့ ရေးလိုက်၇တာပါ ။

      နည်းကတော့ သိပ်မခက်လှပါဘူး ။ Ctrl ကို နိပ်ထားပြီး ဖြတ်ထားတဲ့ပုံရဲ့ Layer ကို ပေါ်ကို နိပ်လိုက်ပါ ။ Selection Area ပေါ်လာပါလိမ့်မယ် ။

အဲဒီပြီးရင်တော့ Photoshop သမားတိုင်း သိထားသင့်တဲ့ နည်း တစ်ခုကို သုံးလို့ရပြီပေါ့  ။ လွယ်တယ်ဟုတ် ။ ဒီနည်းကို သိထားပြီဆိုရင်တော့ ကျန်တဲ့ ပုံတွေကို လည်း လိုအပ်သလို အရောင်ချိန်တာတို့ အလင်းအမှောင်တို့လည်း ဒီနည်းအတိုင်း သုံးပြီး ပြင်နိုင်ကြောင်းပါ ခင်ဗျား ။
                     ခွန်မောင်ပန်

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။