Father ဘယ်လိုပေးမလဲ ?

7:44 AM ---
       Photoshop အကြောင်းပဲ ရေးဖို့ရှိတယ် ။ သိသင့်သိထိုက်တဲ့ နည်းလေးတွေကို ကျွန်တော် တတ်သလောက်မှတ်သလောက် အကုန်ရေးပေးပါ့မယ်ဗျ ။ ဒီတစ်ခါတော့ ကျွန်တော် Father အကြောင်း နည်းနည်းလေး ဖောချင်ပါတယ် ။ Selection Tool ကို သုံးပြီးတိုင်း Father က မသုံးမဖြစ်ပါ ။ ဘာလို့ ဆိုတော့ Selection Tool တွေနဲ့ ဖြတ်ထားတဲ့ ပုံတွေရဲ့ အနားစွန်းတွေကို ၀ါးစေတာပါ ။ ဒါကြောင့် Father ကို သုံးပါက  ပုံပြင်တဲ့နေရာမှာ နောက်ခံရှုခင်းပြောင်းတာတို့မှာ ပိုပြီး အသက်ဝင်စေပါတယ် ။ ပိုပြီး လှပစေပါတယ် ။ ဒီလောက်ဆိုရင် Father က ဘာလဲဆိုတာကို သိလောက်ပါပြီ ။
ဆိုတော့ Father ကို ဘယ်လောက်ပေးမလဲဆိုတာပဲ ။ နည်းရင်လည်း အနားစွန်းတွေ ထင်းနေရင် ပုံက ပြင်ထားမှန်း သိသာမယ် ။ သိသာရင်တော့ အသက်မ၀င်တော့ဘူးပေါ့ ။ များပြန်တော့လည်း အနားစွန်းတွေ ၀ါးလွန်းနေတော့ အသက်မ၀င်ပြန်တော့ဘူး ။ ဘယ်လိုပေးရမလဲ ..... ။ ကျွန်တော်တော့ ကိုယ်တိုင်ရိုက်ထား ပုံတွေကို ပေးရင် များသော အားဖြင့် ၂ ဒါမှ မဟုတ် ၃ အဲလောက်ပဲ ။ ပုံဟောင်းတွေ ဆိုရင်တော့ မရတော့ဘူး ။ သူမူရင်းကိုက ၀ါးနေတော့  ၂၊၃ လောက်နဲ့တော့ မဖြစ်တော့ဘူး ။ အဲဒါကြောင့် ၅၊၆ အဲလောက်ပေးပါတယ် ။ တစ်ချို့အရိပ်ကျတဲ့ နေရာတွေတော့ ၃၅၊ ၅၀ အထိ ဓါတ်ပုံရဲ့ Pixel အလိုက်ပေါ့ ။ ဒါကြောင့်ဆိုရင် Father ဘယ်လောက်ပေးရမလဲဆိုတာ မှန်းတတ်လောက်ပြီပေါ့ ။ အဲ Father ကို Shortcut key နဲ့ သုံးချင်သပဆိုရင်တော့ အများ သိဖြစ်တဲ့ Ctrl +Alt+D ပါ ။ နောက် လူသိနည်းတဲ့ key ကတော့ Shift+F6 ပါ ။ ကျွန်တော်တော့ နှစ်ခုစလုံး သုံးဖြစ်ပါတယ် ။ ဒါလောက်ဆို Father အကြောင်းလည်း သိလောက်ပြီ ထင်ပါတယ် ။ ခွန်မောင်ပန်

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။