Phone က Folder တွေကို ဘယ်လို Hide မှာလဲ ?

4:47 PM ---
        ဒီနည်းတွေတော့ ကျွန်တော်မတွေ့ရသလောက်ဖြစ်နေတယ် ။ တစ်ချို့ Nokia က Hide အတုတွေတော့ ရှိတာပေါ့ဗျာ ။ ဒါပေမယ့် ပျောက်သွားတာ မဟုတ်ဘူး ။ တွေ့နေရပါတယ် ။ ဒါကြောင့် ကျွန်တော် ဒီနည်းကို အများသူငါလည်း အသုံးဝင်တဲ့ နည်းဖြစ်နေတာမို့ ဆရာဟန်လုပ်ပြီး နည်းအကြောင်း တစ်ပုဒ်ရေးလိုက်ရပါတယ်ဗျာ ။ 

     ဒီနည်းကို ကျွန်တော် ဘာစိတ်ကူးနဲ့ ရေးတာလဲဆိုရင်တော့ တစ်ခါတစ်လေ တွေ့နေရပါတယ် ။ ကလေးဆော့တဲ့ ဖုန်းထဲရတယ်ဆိုလား ဘာလား မသိဘူး ။ ဖတ်ဖူးတဲ့ သူတွေရှိရင် သိကြမှာပါ ။ တစ်ချို့နိုင်ငံခြား မင်းသမီးတွေတောင် တွေ့ရတတ်ပါသေးတယ် ။ ဖုန်းတစ်လုံးကြောင်း ဒုက္ခရောက်ရတာလည်း တွေ့ရပါတယ် ။ ဒါကြောင့် ကျွန်တော် စာဖတ်သူအများကို အဲဒီလိုအဖြစ်မျိုးမခံရအောင် ဒီစာကို ရေးသားလိုက်ရပါတယ် ။ (ကြေညာတာနော်း) ။


     ဒီနည်းကို ဖုန်းနဲ့ လုပ်တာ ဟုတ်ဘူးနော် ။ အဲ... စမယ်ဆိုရင်တော့ သင့်ရဲ့ မီမူရီကဒ်ကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ ။ဆိုတော့ သင့်ရဲ့ကဒ်ဟာ ကွန်ပျူတာပေါ်မှာ ပေါ်နေပြီဆိုပါတော့ ။မပေါ်ရင်လည်း ဖုန်းပါတစ်ခါတည်း ထိုင်ဝမ်က သူငယ်ချင်းပြောနေကျ စကား လမ်းပေါ်မှာ ကားတွေ သွားနေတယ် မလား ။ သဘောပေါက် ။ ထားပါတော့.... ကွန်ပျူတာပေါ်မှာ ပေါ်နေပြီဆိုရင်တော့ သင်ရဲ့ မာမီရီကဒ်ရှိရာကို ဖွင့်လိုက်ပါ ။ ပြီးရင်တော့ ကိုယ် Hide ချင်တဲ့ Folder ကို Select ပေးပြီး Right Click နဲ့ Properties ကို ရွေးလိုက်ပါ ။ ပြီးရင်တော့ box တစ်ခုတက်လာမယ် အဲဒါကို သေချာကြည့်လိုက်ပါ ။ ပုံမပြလို့ သေချာရေးပေးပါတယ်နော် ။ Attributes မှာ Hidden ကို တွေ့တယ် မလား ။ အဲဒါကို အစက်ဖြည့်ပေးလိုက်ပါဗျာ ။ ပြီးရင်တော့ OK ပေါ့ ။ ဆိုတော့ Hide တာတော့ပြီးပြီ ။ နောက်တစ်ဆင့်အနေနဲ့ င်္Folder Options ကို ဖွင့်ပါ ။ အပေါ် Menu bar က Tool ကို တစ်ချက်နိပ်ရုံဖြင့် အောက်ဆုံးက Folder Options ကို တွေ့မြင်နိုင်ပါပြီ ။ အဲဒီမှာ ဘာတွေလုပ်ရမလဲဆိုတော့  ဘောက်စ်တစ်ခုပေါ်လာတာနဲ့ အပေါ် Menu က view ကို တစ်ချက်နိပ်လိုက်ပါ။ ပြီးရင်အောက်က Hidden File and Folder ဆိုတဲ့ topic အောက်က Show, Don't Show ကိုကြည့်လိုက်ပါ ။ Show နေရင် Don't လိုက်ပါ ။ ပြီးရင် အိုခေပေါ့ ။ စောစောက ကိုယ် hide ချင်တဲ့ Folder တွေ ပေါ်သွားတာကို တွေ့ရပါလိမ့်မယ် ။ ဖျောက်နည်းကို တတ်ပြီး ဖေါ်နည်းကို မသိထားရင် ကျွန်တော်ပဲ မျက်ခုံးလှုပ်နေရဦးမယ် ။ ဟိုကောင် ဟိုဒင်းလို့ ဒီကောင် ဒီဒင်းလို့ နားမပူနိုင်ပေမယ့် မျက်ခုံးလှုပ်တာ မခံနိုင်လို့ တစ်ခါတည်းတွဲ ရေးပေးလိုက်တယ်နော် ။ စောစောက Folder Options ကိုပဲ သွားလိုက်ပါ ။ Don't Show တာကို Show ပေးလိုက်ရင် ဖျောက်ထားတဲ့ Folder တွေက cut ထားတဲ့ ပုံစံလိုနဲ့ မှုန်ဝါးဝါး ပေါ်နေပါလိမ့်မယ်ဗျာ ။ မကောင်းတော့ဘူးလို့ မထင်နဲ့နော် အဲဒီဖိုင်တွေကို Properties က Hidden ကို ပြန်ဖြုတ်လိုက်ရင် နဂိုမူလအတိုင်းပေါ်လာပါလိမ့်မယ် ။

ဆိုတော့ အခု ကွန်ပျူတာမှာ ဖျောက်လို့ရပြီဆိုရင်တော့ မီမူရီကဒ်ကို ထုတ်ပြီး ဖုန်းထဲပြန်ထည့်လိုက်ပါ ။ ကြည့်လိုက်ပါ ။ သင်ဖျောက်ထားတဲ့ ဖိုင်တွေ ပျောက်သွားတာကို တွေ့ရလိမ့်မယ် ။ တစ်ခုပြောချင်တာက သီချင်းတွေကို ဖျောက်ထားရင် သီချင်းနားထောင်လို့ရမလားပေါ့ ။ ရပါတယ်ဗျာ။ Music Player ကို သွားပြီး Update Library ကို နိပ်ပေးလိုက်ပါ ။ ဒါဆိုရင် သင့်ဖုန်းထဲမှာ ရှိတဲ့  သီချင်းတွေအစ ဗီဒီယိုအဆုံး အကုန်လုံးပေါ်နေမှာပါ ။ သူ့ ဖိုင်က မပေါ်ပေမယ့် Player မှာ ပေါ်ပါလိမ့်မယ် ။ ဒါက Nokia ပါ ။ ကျန်တဲ့ တစ်ချို့ ဖုန်းတွေက Add ရသေးတာ Player ဆီကို အဲဒီလိုဖုန်းကျတော့ သိပ်မကိုက်ပါဘူး ။ ဘာပဲဖြစ်ဖြစ် ကိုယ်တစ်နေရာကို သွားတော့မယ်ဆိုရင် မလွဲသာမရှောင်သာ ပေးရတော့မယ်ဆိုရင် ကိုယ့်ရဲ့ ဒေတာတွေကို သူများကို မမြင်စေချင်ဘူးဆိုရင် ဒီနည်းကို သုံးပါက အလွန်အဆင်ပြေစေပါလိမ့်မယ် ။  လွန်စွာလည်း အသုံးဝင်စေမယ်လို့လည်း ယုံကြည့်ပါတယ် ။ ယုံကြလား မယုံကြလားတော့ မသိဘူး ။ အကိုတစ်ယောက်က ဗီဒီယိုထည့်လို့ အဲလိုလုပ်ထားရင် ဘူမှ တိတော့ဝူးတဲ့ ။ အော်... ကျား
အတောင်သွားတပ်ပေးမိသလိုဖြစ်သွား မတိ ။ ခွန်မောင်ပန်

1 comments:

chitkoko said...

အဟိဟိ...
ဟိုကားတွေများနေလို့.လုပ်ကြည့်လိုက်အုံးမယ်နော်....
ကျေးကျေးပါ.

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။