Virus နှင့် ကျွန်တော်

9:30 AM ---
       လိုင်းလည်း သိပ်မသုံးဖြစ်ဘူး ။ စာရေးချင်တဲ့ စိတ်ကရှိနေတယ် ။ ရေးချင်တဲ့အကြောင်းရာတွေကလည်း ခေါင်းမှာစီရီနေလို့ ။ ဘာကိုရေးရမှာမှန်းလည်း မသိတော့ဘူး ။ ဒီအကြောင်းကိုလည်း ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်သေးပြန် ။ ဒီညတော့ ဒီအကြောင်းကို ရေးဖြစ်အောင်ရေးမယ်လို့ နေလည်ကတည်းက အားခဲထားတာလေးကိုရေးလိုက်ရပါကြောင်း ။ မရေးတာကြာတော့ ဘလော့က လာလည်သူအချို့ကို သရဲခြောက်မှာကိုလည်း စိုးရိမ်မိတာနဲ့ :D

        ဆိုင်က ကွန်ပျူတာတွေ အကုန်လုံး ဗိုင်းရပ်စ်ကိုယ်စီနဲ့ တစ်လုံးတစ်မျိုးစီနဲ့ စိုပြေနေလို့ ။ စတစ်တွေထိုးထည့်လိုက်ရင် အာနိသင်ကိုယ်စီနဲ့ အလှဆင်လို့ ပျက်တဲ့စတစ်လည်း ပျက်တဲ့အထိ ။တစ်ခါတစ်ခါ ဆိုင်လာတဲ့ သူတွေရဲ့ စတစ်တွေတောင် အဆစ်ပါသေး :)   ကံကောင်းလို့ အဆဲမခံရလို့နော်  ။

        အဆိုးဆုံးတစ်ခုက လက်တောပ့်တစ်လုံးကပါ ။ သူက အဆိုးဆုံးပဲ ၀င်းဒိုးကျခါနီးနေပြီ ထိမ်းမနိုင်သိမ်းမနိုင် သတ်မနိုင်ဖြစ်နေပြီဗျ ။  တစ်ခုထူးတာလေးကို အားလုံးသိအောင်လို့ ကျွန်တော်ရေးသားတင်ပြပါစေဗျာ ။ နမူနာပုံတွေကိုပါ ပြပေးချင်တာဗျာ ။ ဒါပေမယ့် အဲဒီလက်တောပ့်က ဖိုင်စတားအငြိမ့်ကို သွားနေလို့ ။ ဒါကြောင့် နားလည်အောင်ပဲ ရေးပေးတော့မယ် ။
ဖြစ်ပုံက ဒီလိုဗျ ။ ဆိုပါစို့ စတစ်တစ်ခုကို ကျွန်တော့်ရဲ့ လက်တောပ့်ထဲကို ထည့်လိုက်တာနဲ့ အဲဒီမှာ ရှိတဲ့ ဖိုင်တွေက ရှောပ်ကပ်တွေဖြစ်သွားတယ် ။ ပျက်သွားတယ်ဆိုပါတော့ ။ ပျက်သွားတယ်ဆိုတာက ဖိုင်တွေထည့်ထားတာပဲပျက်တယ် ။ Folder တွေပဲပျက်သွားတာ ။ ဒီလိုမျိုးပဲ Folder မဆောက်ပဲနဲ့ ထည့်ထားရင်တော မပျက်ပါဘူး ။ ဆိုတော့ ကျွန်တော်တို့ စက်မှာ အခုဖြစ်နေတဲ့ ဗိုင်းရပ်စ်က စတစ်ထိုးထည့်လိုက်တာနဲ့ အကုန်ပျက်သွားကြောင်းပါ ။ ဖြစ်နေတာက စတစ်ကို ထိုးထည့်လိုက်တာနဲ့ ဗိုင်းရပ်စ်ကို ချက်ခြင်းအလုပ်လုပ်တယ် ။ အလုပ်လုပ်ပြီဆိုတာနဲ့ Folder တွေကို ပျက်ပြီ ။ ရှောပ်ကပ်ဖြစ်သွားတာ ။ ဖွင့်လို့တော့ ရသေးတယ် ။ ဒါပေမယ့် ဖွင့်တာ ချက်ခြင်းမပွင့်ဘူး ။ New window တက်လာပြီးတော့မှ ကြည့်ရတာ ။ အပေါ်က လိပ်စာဘားမှာလည်း ဖော်ဒါနာမည်ရိုက်ထည့်ပြီးတော့ ဖွင့်လို့လည်းရတယ်။ အဲလိုဖြစ်သွားတော့ စိတ်အနှောင့်ယှက်လည်းဖြစ်တယ် ။ မသိရင် ကိုယ့်ရဲ့အချက်လက်တွေပါ ။ ပျက်စီးနိုင်တဲ့ အထိဖြစ်တယ် ။ ဒါက ကျွန်တော်ရဲ့ ကိုယ်တွေပါ ။ ဘာလို့ဆို အကိုတစ်ယောက်က ဆိုင်မှာ ပုံကူးဖို့ မီမူရီကဒ်ကို ပေးလိုက်တာ စက်ထဲကို ထည့်လိုက်တာနဲ့ အပေါ်က ပြောတဲ့အတိုင်းပဲ ရှောပ်ကပ်တွေဖြစ်သွားတယ် ။ တစ်ခုကြိုပြောပါရစေ အဲဒီလို ဖြစ်နေတဲ့ အချိန်မှာ ဗိုင်းရပ်စ် သတ်လို့မရဘူးလားလို့ မေးမယ်ဆိုရင်ပေါ့ ဗျာ ။ သတ်လို့ရတယ် ။ ဒါပေမယ့် သတ်ပြီးတာနဲ့ ဗိုင်းရပ်စ်တွေ သေတာနဲ့ပေါ့ ... ဒေတာတွေလည်း သွားကုန်ပြီ ။ အဲလိုမျိုးကြုံခဲ့မယ်ဆိုရင် မသတ်လိုက်ပါနဲ့ မိမိရဲ့ ဒေတာကို ကူးပြီးတော့မှပဲ Format ချပေးလိုက်ပါ ။ ကြိုင်တင်ပြင်ဆင်နည်းလေးတစ်ခုကို ကျွန်တော်တွေ့ထားပါတယ် ။ အဲဒါကတော့ ကျွန်တော်ကိုယ်တိုင်တွေ့ရှိထားတာလေးပါ ။ ဘယ်မှာမှ ရှိသေးဦးမယ် မထင်ပါဘူး ။ ဘာလို့ဆိုတော့ လွယ်လွန်းလို့ပါ ။


          ဘယ်လိုပြင်ဆင်ထားရမလဲဆိုတော့ ထားပါတော့ ကိုယ်က ကိုယ့်ရဲ့ ပုံတွေကို ကူးရတာတို့ ခွေဘန်းတာတို့ အစရှိသဖြင့်ပေါ့ဗျာ ။ အဲလိုဆိုင်ရင် ဆိုင်ကိုပြေးရမယ်ဆိုရင်တော့ ဒီနည်းလေးနဲ့ ကိုယ်တင်ပြင်ဆင်ထားသင့်ပါတယ် ။  ဘာလို့ဆိုတော့ ဆိုင်တွေမှာ အများအားဖြင့် ဗိုင်းရပ်စ်တွေ စုစည်းနေကြပါတယ် ။ ဆိုင်က ကွန်ပျူတာတွေက ဗိုင်းရပ်စ်ဘယ်နှစ်မျိုးတောင်လဲ မသိဘူး ။ စုဝေးနေတာပဲ ။ ပြောနေတာကြာပါတယ် အားလုံးလည်း သိပြီးသားဖြစ်မှာပါ ။ ဒါကို ကျွန်တော်က ဘယ်လိုကာကွယ်တာလဲဆိုတော့ အဲဒီ Folder နာမည်ကို မြန်မာပြောင်းလိုက်ရုံပါပဲဗျာ ။  လွယ်တယ်ဟုတ် :)
မယုံရင်တော့ စမ်းကြည့်လိုက်ပါ ။ ကျွန်တော်ကိုယ်တိုင် စမ်းပြီးပါပြီ ။ Folder နှစ်ခုဆောက်ပေးလိုက်ပါ ။ အဲဒီမှာ သီချင်းလို့ တစ်ခုပေးလိုက် ။ ပြီးရင် နောက်တစ်ခုကို Music လို့ပေးလိုက်ပါ ။ ပြီးရင်တော့ ဗိုင်းရပ်စ်ရှိတဲ့ ကွန်ပျူတာကို ထိုးကြည့်လိုက်ပါ  ။  မြန်မာစာနဲ့ သီချင်း Folderက မပျက်ကြောင်းပါ ။
ခွန်မောင်ပန်

7 comments:

မောင်(စွယ်စုံကျမ်း) said...

ကိုခွန်ပြောတာ မှန်တယ်ဗျ ဖိုင်နာမည်ကို မြန်မာလိုပေးရင် Virus မစားဘူ အခုကိုခွန်ပြောတဲ့ Virus က Recycler ဖြစ်၇မယ် Auto run ပါတော့ ထိုးတာနဲ့ ဂိပဲဗျ..ကြုဘူးတယ်. Ms Security နဲ့ ၇ှင်းရင်ရတယ် Shortcut ပျက်လည်း မူရင်းတွေက မပျက်ဘူးဗျ..တော်တော်သတ်ရတယ်ဗျို့ ...

Candy said...

ပျောက်တော်မူနေတာ ပြန်ပေါ်လာပြီတော့ :O မုန့်လုံးရေပေါ်ကြီး.. မှတ်သွားတယ်နော်.. ရေးချင်ရေးလို့ ရအောင် တက်ဂ်ထားတယ်.. အားမှပါ :D

Mishell said...

ဒါဆို ဒီဗိုင်းရပ်စ်က နိုင်ငံခြားသားပဲ။ မြန်မာတွေကို ကြောက်တယ်ဗျ။

Anonymous said...

ကျေးဇူးပါဗျာ ကိုခွန်

R ဂျေ said...

အခုလို ရှင်ပြပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ

mstint said...

ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ မောင်မောင်ရေ။
Happy New Year !!!

မေတ္တာဖြင့်
အန်တီတင့်

min said...

ကျေးဇူးပဲ အစ်ကိုရေ

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။