Windows 7 genuine ကို ဖြေရှင်းနည်း

6:45 AM ---

       ဒါက ကျွန်တော်ကိုယ်တိုင်တွေ့ကြံနေရတဲ့ ပြသနာတစ်ခုပါ ။ ခဏတိုင်း တက်တက်လာတယ် ။ စိတ်တော်တော်ညစ်သွားပါတယ် ။ မြန်မာဆိုဒ်တွေမှာ ကျွန်တော်လိုက်မွှေတယ် ။ ဒါပေမယ့် မတွေ့ပါဘူး ။တစ်ဆိုဒ်မှာတော့ တွေ့တယ် ။ ဆောပ်ဝဲလ် သုံးပြီးတော့ပါ ။ ဒါပေမယ့် ကျွန်တော်ပဲ မသုံးတတ်တာလား မသိဘူး ။ ဒါကြောင့် တက်မြဲတက်လာသည်သာတည်း ။ ဒါကြောင့် ကိုယ်တိုင်ပဲ အင်တာနက်မှာ လိုက်မွှေရပါတော့သည် ။ တစ်နည်းတွေ့တယ်... မထူးသေး ။ စိတ်ညစ်သွားတယ် ။ နောက်တစ်ခု ထပ်တွေ့တယ် ။ အောင်မြင်သွားပါတယ် ။ ခုတော့ စာဖတ်သူတို့ကို အဲဒီပုံကို ရိုက်ပြီး ပြချင်တာတောင် တက်မလာတော့ဘူး ။ ဒါကြောင့် အပုံတွေကို အင်တာနက်ကနေပဲ လုပ်ပြရတော့မယ်.....






      ကျွန်တော်တို့ သုံးနေတဲ့ window ခိုးသုံးနေတာလေဗျာ ။ ဝယ်သုံးနိုင်တဲ့လူလည်းရှိတာပေါ့ ။ ကျွန်တော်တော့ မနိုင်ဘူး :) ဒါကြောင့်ပဲ ဖြေရှင်းနေရတာပေါ့ဗျာ ။ ဖတ်ဖူးတာတော့ သူများနိုင်ငံမှာ ဆို ခိုးသုံးရင် ဖမ်းတောင်ဖမ်းတယ်ဆိုပဲ :) ဒီမှာလည်း အဲလိုကြောင်းဆို ခွန်မောင်ပန်တို့လည်း ပါမှာ :)

ခုကျွန်တော်လို ကြုံနေရရင်တော့ ဖြေရှင်းနည်းကို ကျွန်တော် သိသလောက် တင်ပေးလိုက်ပါတယ် ။ အမှားပါခဲ့သည်ရှိသော် ပြင်ဆင်ပေးနိုင်ပါသည် ။



      ကျွန်တော်ဖြစ်နေတာ ခုက ဒီပုံစံလေးပါ ။




       ကဲပါဗျာ ။ ဖြေရှင်းပုံလေး စရအောင်...

 Control Panel > Programs and Features and ကို အစဉ်လိုက် သွားပြီးတော

့"View Installed Updates" ကို နိပ်လိုက်ပါ ။ နားမလည်ရင် အပုံကို ကြည့်လိုက်ပါ ။




ပြီးရင်....KB971033 ကို ရှာပြီး Uninstall လုပ်လိုက်ပါ ။ အောက်က ပုံကို ကြည့်လိုက်ပါဗျာ ။




ပြီးရင် နောက်တစ်ဆင့်ဆက်မယ်.....ခုတစ်ခါတော့ဗျာ Task manager ကို ခေါ်လိုက်ပါ ။ ပြီးရင် အဲဒီမှာ Processes အောက်က dllhost.exe ကို End Process လုပ်ပေးလိုက်ပါဗျာ ။






ဒီဆင့်တော့ ကျွန်တော် ပုံတွေကို မပြနိုင်ပါဘူး ။ ဘာလို့ဆိုတော့ ကျွန်တော်ဖျက်တုန်း Delete တုန်း ပုံကို မရိုက်ထားမိလို့ပဲ ဒါကြောင့် အင်တာနက်ကနေပဲ ရှာပြီး ပြလိုက်တာပါပဲဗျာ ။ ဒါမှလည်း လုပ်လို့ရလွယ်တာကိုး ပုံတွေနဲ့ဆိုရင်ပေါ့ ။ အကိုတစ်ယောက်က ပြောထားတယ် ။ပုံတွေနဲ့ဆို စမ်းရတာ လွယ်တယ်တဲ့... ဟုတ်ပါတယ်ဗျာ ။  ခုတစ်ဆင့် က Disk C >>>Window >>>>System32>>>>Wat ကို အစဉ်လိုက် သွားလိုက်ပါဗျာ ။ Wat ကို တွေ့ပြီဆိုရင် ဖျက်ပေးလိုက်ပါ ။ သူက ဒီတိုင်း ဖျက်လို့မရဘူးဗျာ ။ ကျွန်တော် စမ်းပြီးပြီ ။ ဒါကြောင့် စာဖိုင်ကို ဒေါင်းလုပ်ဆွဲပြီး အဲဒီမှာ(  Wat နဲ့အတူပေါ့ ) Paste လိုက်ပါဗျာ ။ ပြီးရင် အကုန်လုံးဖျက်လိုက်ပါ ။ အဲဒီစာကိုပါ ဖျက်ပါ ။ Wat ပုံကို ကြည့်ပါဦး ။ မှားပြီးတော့ ဖျက်မှာ စိုးလို့...




ဖျက်ဖို့အတွက် အတွက် စာဖိုင်ပါ ဒေါင်းလုပ်ရန် Mediafire ကနေပါဗျာ ။ ဒါက 32 bit,ပါ ။  64 bit အတွက်ဆိုရင် ဒေါင်းလုပ်ရန်

 ပြီးပါပြီဗျာ ။ ကျန်တဲ့ နည်းတွေလည်း ရှိသေးတာပေါ့ဗျာ ။ ရှုပ်နေတာမို့ ဒါလောက်လေးနဲ့လည်း အလုပ်ဖြစ်တာမို့ ဒါလောက်လေးပဲရေးလိုက်တာပါ ။ ကျွန်တော်တော့ အဆင်ပြေနေပြီ အခု ။ ပုံပြချင်လို့တောင် တက်မလာတော့ဘူးဗျာ :)

အဆင်ပြေကြပါစေဗျာ ။ ခွန်မောင်ပန်



0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။