အထူးဝမ်းနည်းမိခြင်း

5:57 AM ---

          ဘလော့နေ့ ကျော်သွားပြီ ။ သူများရေးထားတာတွေတွေ့ပါရဲ့ ။ ဘလော့နေ့ အကြောင်းပေါ့ ။ဒါပေမယ့် ကျွန်တော်ရေးဖို့ အင်အားမရှိပါဘူး ။ဘာလို့ ဆိုတော့ ကျွန်တော်က ဘလော့ရေးတာ သိပ်မကြာသေးဘူး ။ အသိတွေ သိပ်မရှိဘူး ။ တဂ်မယ့် လူလည်းမရှိဘူး ။ တွေးတွေးမိတိုင်း အရမ်းသိမ်ငယ်တယ် ။ ဘလော့တောင် ဆက်ချင်စိတ်မရှိတော့ဘူး  ။ဘလော့အသိုင်းအဝိုင်းမှာ အသိမိတ်ဆွေတွေလည်း သိပ်မရှိပါဘူး ။ မကြာတော့ပါဘူး ကျွန်တော်လည်း နောက်ထပ် ဆယ်ရက်လောက်ဆို December Mgmg ဆိုတဲ့ ကျွန်တော်တော့ အွန်လိုင်းမှာ ရှိတော့မှာ မဟုတ်ပါဘူး

 ။ခုနေတဲ့ နေရာကနေနောက်တစ်နေရာကို ပြောင်းတော့မှာပဲ ။ တကယ်လို့ မဖြစ်ခဲ့သည် ရှိသော် ဆက်ရေးနေဦးပါမယ် ။  အွန်လိုင်းမှာ ရှိနေဦးမယ် ။ ကျွန်တော် အရမ်းကြောက်တဲ့ အရာတစ်ခုတော့ရှိပြီ ။အခု... ဘယ်သူမှ တဂ်(Tag)တစ်ခုကို စမလုပ်ပါစေနဲ့လို့ နဲ့ ဆုတောင်းနေပါတယ် ။     ။

                     ခွန်မောင်ပန်

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။