Websites တွေ ကျောင်းတွေမှာ အပိတ်ခံရရင်

7:55 AM ---
            ဒီနည်းကို တွေ့တော့တွေ့နေတာပဲ ။ ကိုယ်က ကျောင်းသား မဟုတ်တော့ မရေးပါ ။ ဒါပေမယ့် ကျောင်းသားတွေရှိနေမှာပေါ့ စာဖတ်သူတွေထဲမှာ သူတို့တွေ အဆင်ပြေအောင်လို့ ။ ဥပမာ ကျောင်းမှာ Gmaill , Facebook တို့ဘာတို့ ညာတို့ ပိတ်နေရင် ဖွင့်လို့ရအောင် နည်းတင်ပေးလိုက်တယ် ။


            ပထမဆုံး Run box ကို ဖွင့်လိုက်ပါ ။ ပြီးရင် အဲဒီမှာ CMD လို့ရိုက်ထည့်ပြီး Enter လိုက်ပါ ။
ပြီးရင် အဲဒီမှာ ဒီလိုမျိုး ရိုက်ထည့်လိုက် ping www.yoururlhere.com yoururlhere နေမှာ ပိတ်ထားခံရတဲ့ ဆိုဒ်ကိုထည့်ပေါ့ www.facebook.com လို့ပေါ့ ။ ပြီးရင် Enter လိုက်ပါ ။ အဲဒီဆိုဒ်ရဲ့ ip လိပ်စာတွေတက်လိမ့်မယ် ။ အဲဒါတွေကို ကော်ပီလိုက်ပါ ။ ကော်ပီပုံလေး ပြောပြဦးမယ် ။ cmd တစ်နေရာမှာ Right လင်ခ့်နဲ့ တစ်ချက်နိပ်ပြီး Mark ကို ရွေးပါ ။ ကော်ပြီလိုတဲ့ စာသားကို Select လုပ်ပြီး Ctrl + C ကိုနိပ်လိုက်ပါ ။ ရပြီ ။

           ခု မိမိသုံးနေတဲ့ Browser ကို ဖွင့်ပြီး စောနက ကူးထားတဲ့ Websits IP ကို URL bar မှာ ထည့်ပေးလိုက်ပါ ။
ဒါဆိုရင် အပိတ်ခံရတဲ့ ဝက်ဆိုဒ်ကို ကြည့်လို့ရပြီပေါ့ ။ အဆင်ပြေပါစေ ခွန်မောင်ပန်

4 comments:

thetnaning said...

thankss

ကောင်းကင်မင်းသားလေး said...

ပညာရလို့ ကော်ပီယူသွားတယ်......
သင်တန်းမှာဆို ခဏခဏ ပိတ်ခံထိလို့  အဆင်ပြေမယ်လို့ ထင်ပါတယ်....
ကျေးဇူးနော်..................

jasmine(တောင်ကြီး) said...

ခွန်ပန်ရေ....
ဖတ်သွားတယ်...jas လဲ
ကော်ပီလုပ်သွားတယ်...
ကျောင်းတက်နေတဲ့သူတွေပေးမလို့။။။

Tr0j4n said...

ကျေးဇူးပဲ..တော်တော်အဆင်ပြေတယ်.. ကျောင်းသားဖြစ်နေလို့ ;P

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။