Google Account မှာ Data တွေကို Download ထားချင်ရင်

7:24 AM ---
          Google ဆိုတာနဲ့ မသိတဲ့ သူမရှိသလောက်ကို ရှားပါတယ်ဗျာ ။ ဘာလို့ နေရာတကာမှာ ဂူးဂဲလ်က မရှိမဖြစ်ဖြစ်နေပြိလေ ။ Google Mail,Google Talk, Buzz, Profile, Picasa Web Album တွေအပါပေါ့ ။ နောက်ပိုင်းမှာ ကျော်ကြားလာတဲ့ Google Plus ဆိုတာရှိသေးတယ် ။ ဟိုတစ်နေ့ကျွန်တော် Gmail Backup ဆောပ်ဝဲလ်ကို တင်ထားပြီးပါပြီ ။ ခုတော့ Buzz, Profile, Picasa Web Album က ကိုယ်တင်ထားသမျှ ကိုယ့်Data တွေကို တစ်ခါတည်း အကုန်လုံးဒေါင်းဖို့ ဆားဗစ်တစ်ခုကို တွေ့ထားလို့ ပြန်မျှလိုက်ပါတယ် ။ 



         ဒေါင်းချင်တယ်ဆိုရင်တော့ ပထမဆုံး ဒီနေရာကို သွားလိုက်ပါ ။
အကောင့်နဲ့တော့ ဝင်ရမှာပေါ့ဗျာ ။ ပြီးရင်တော့ စတင်ဒေါင်းဖို့ အဆင်သင့်ဖြစ်နေပြီ ....
CREATE ARCHIVE လိုက်ပါ ။ ပြီးရင် ဒေါင်းဖို့ စာမျက်နှာတက်လာမယ်....


ဒေါင်းပြီးရင်တော့ ရလာတဲ့ ZiP file ကို ဖွင့်ကြည့်လိုက်ပါ ။ Google က Data တွေ အားလုံးကို ဒေါင်းလာပေးတာကို တွေ့ရပါလိမ့်မယ် ။ အဆင်ပြေကြပါစေဗျာ ။ ခွန်မောင်ပန်

1 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။