Gtalk Portable သုံးလိုသူများအတွက် (ကြိုက်တဲ့ကောင်လာခဲ့ Portable လုပ်ပစ်မယ် )

8:55 AM ---
              ကျွန်တော်က ဒီနည်းကို အောင်မြင်ဖို့ တော်တော်လေးကို ကြိုးစားပမ်းစား လုပ်ခဲ့ရပါတယ်ဗျာ ။ ဘယ်လောက်ဆိုရင် .... ကျွန်တော်စမ်းတာ ဒေါင်းထားတဲ့ဆောပ်ဝဲလ်တွေတောင် ကုန်သွားတယ်ဗျာ ။ ရှိတော့ဘူး ။ ဆောပ်ဝဲလ်တွေနဲ့ လက်တွေ့စမ်းတာဗျာ ။ ဘာလဲဆိုတော့ ကြိုက်တဲ့ ဆောပ်ဝဲလ်ကို Portable လုပ်တာတဲ့ ။ Portable ဆိုရင်တော့ ကျွန်တော်စိတ်ဝင်စားတယ် ။ ဘာလို့ Run စရာမလိုတာကိုး ။ ကြိုက်တဲ့ဆောပ်ဝဲလ်ဆိုတော့ .... အဟဲ စိတ်မဝင်စားဘဲနေမလားခင်ဗျာ ။ ဒါကြောင့် နည်းတွေက တွေ့ထားတဲ့အတိုင်းမဟုတ်ဘဲနဲ့ကျွန်တော်ကိုယ်တိုင်စမ်းသပ်အောင်မြင်ချက်တွေကို
ပြန်လှည်ဝေငှလိုက်ပါတယ်ဗျာ။  ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်နိုင်ပါတယ်ဗျာ ။ မအောင်မြင်ရင်လည်း အားမငယ်နဲ့ စမ်းသာစမ်း ။ ကျွန်တော်တောင် မကော်ပီပဲနဲ့ စမ်းတာကိုး အကုန်လုံးကုန်သွားတယ် ။ တစ်ခုမရဖျက်လိုက် တစ်ခုထပ်ပြောင်း မရလိုက်နဲ့ ကုန်သွားတာပဲ ။ ဒါပေမယ့် အောင်မြင်လေး ရတော့ ကုန်ရကျိုးနပ်ပါတယ် ။ လိုအပ်တဲ့ဆောပ်ဝဲလ်တွေကို ပြန်ဒေါင်းနေရပြီခု :)


               ကြေညာတာလည်း နည်းနည်းများသွားတယ် ။ ခု ဒီနည်းကို သုံးချင်တယ်ဆိုရင်တော့... တစ်နည်းပြောရရင် ဆောပ်ဝဲလ်တွေကို Portable  လုပ်ချင်တယ်ဆိုရင်တော့ပေါ့ဗျာ ။
ပထမဆုံးပြောရရင် ... စက်ထဲမှာ WinR နဲ့   Universal Extractor အရင်ထည့်သွင်း Run ထားရမယ် ။Universal Extractor ကို ဒီမှာ ဒေါင်းလို့ရတယ် ။ မဟုတ်ရင်လည်း လိုက်ရှာလို့ရပါတယ် ။ မြန်မာဆိုဒ်တွေတော်တော်များများမှာ တင်ထားတာ တွေ့ရတယ် ။  ပြီးရင်တော့ လုပ်ငန်းစလို့ရပြီ ။ 


            စတာပေါ့ဗျာ။ ပထမဆုံး New folder တစ်ခု ယူလိုက်ပါ ။ ဘယ်နေရာပဲဖြစ်ဖြစ် ။ ပြီးရင် Portable လုပ်ချင်တဲ့ ဆောပ်ဝဲလ်ကို အဲဒီထဲကို ထည့်လိုက်ပါ ။ ကျန်တာတွေ ထပ်မထည့်ပါနဲ့ ။ exe file တစ်ခုတည်းပဲ ထည့်ပါ ။ ပြီးရင် ... အဲဒီဆောပ်ဝဲလ်ထည့်ထားတဲ့ Folder ကိုလည်း ဆောပ်ဝဲလ်နာမည်အလိုက်ပြောင်းပေးလိုက်ပါဗျာ ။ ဥပမာ ခု ကျွန်တော်က Gtalk ကို လုပ်ပြတာဆိုတော့ Googletalk လို့ ပြောင်းထားတယ် ။ မိမိလုပ်တဲ့ ဆောပ်ဝဲလ်နာမည်အလိုက်ပြောင်းပေးပါဗျာ ။ 
ပုံကို ကြည့်ပါ 
(ပုံကို ကောင်းကောင်းမမြင်ရပါက New tag ဖြင့် ဖွင့်ကြည့်ပါ ။ ကျွန်တော်ရဲ့ ဆိုဒ်စာမျက်နှာနဲ့ ကိုက်အောင် လုပ်ထားတာ မို့လို့ပါ ။ ။ )
ပြီးရင်တော့ exe file (portable လုပ်မယ့် ဆောပ်ဝဲလ်) ကို Right ကလင်ခ့်နဲ့ UniExtract Here ကို ရွေးပေးလိုက်ပါ ။ ခဏစောင့်ပေးလိုက်ပါ .... သူဖာသာသူ လုပ်နေလိမ့်မယ် ..... ပြီးတဲ့အထိစောင့်ပေးလိုက် ။ 

              ပြီးရင်တော့ စောစောက exe file အပြင် နောက်ထပ် အပိုဖိုင်တွေ ရောက်လာလိမ့်မယ် ။ ပြီးရင် အဲဒီ exe file အပြင် အပိုရောက်လာတဲ့ ကောင်တွေကိုပါ ။ Select all လုပ်ပြီး တစ်ခုခုပေါ်ကို ထောက်ပြီး Right နဲ့ Add to archive ကို ရွေးပေးလိုက်ပါ ။ ဒါတော့ WinR သုံးသူများ သိပြီးသားပါနော် ။ 


          ပြီးရင်တော့ WinR နဲ့ လုပ်တဲ့နေရာမှာ တစ်ခါတည်း မအိုခေနဲ့ဦး... နည်းနည်းပြင်စရာရှိသေးတယ်ဗျာ ။ ဘာတွေပြင်ရမလဲဆိုတော့......General က Create SFX archive ကို အစက်ဖြည့်ပေးလိုက်ပါ ။ ကျန်သေးတယ်နော်  .........
( အစက်ကို ဖြည့်လိုက် ဖြုတ်လိုက် လုပ်ကြည့်ပါ ။ ဘာထူးလဲကို အောက်မှာ ပြောပြ ။ )


နောက်တစ်ခုက....General ပြီးရင် Advanced က SFX options ကို ဆက်ရွေးပေးလိုက်ပါ ။  ပြီးရင်း ရွေးစရာရှိပါသေးတယ် ။


ခု SFX options မှာ ရွေးရမှာတော့... General က Create in Program Files ကို အစက်ထည့်ပေးလိုက်ပါ ။ ပြီးရင် အောက်က Run after extraction မှာ မိမိဆောပ်ဝဲလ်နာမည်ကို ထည့်ပေးလိုက်ပါ ။ သိပ်အရေးပါပုံမထင် :)  ထည့်ရွေးပေးဦးမယ် နည်းနည်းပဲကျန်တယ်.....


Advavced ကို ကျော်ပြီး Modes က Unpack to temporary folder ကို အစက်ဖြည့်ပေးလိုက်ပါ ။ Silent mode က Hide all ကို အစက်ပြောင်းပေးလိုက်ပါ ။ နောက်ဆုံးတစ်ခုပဲကျန်မယ်....

Update က တစ်ခုတည်းပဲဗျာ ။ တစ်ချို့က ဒါက မရေးထားဘူး ။ လုပ်စရာလည်း မလိုတဲ့ သဘောပေါ့ ။ ဒါပေမယ့် စုံအောင်... လုပ်ပေးတာပေါ့ ။ Skip existing files ကို အစက်ပြောင်းပေးပြီးတော့ အစက်ဖြည့်လိုက်ပြီး OK လိုက်ပါ ။ ပြီးရင်လည်း ပထမဆုံး Box ကို ထပ်ပြီးတော့ OK လိုက်ပါ ။ ပြီးရင် ခဏလေးစောင့်ပေးလိုက်ပါ ။ Portable ကို လုပ်နေပါသဖြင့်.....


ပြီးရင်တော့ Gtalk Portable က ရောက်ရှိနေမှာ ဖြစ်ပါတယ် ။ Run စရာမလိုဘူး ။ အသင့်သုံးရုံတာ ရဲလ်ဒီမိတ်ပေါ့ :)   ခု စာရေးတာပြီးပြီဆိုတော့ နည်းနည်းလောက်ကြေညာ ဝင်ဦးမယ်နော်......:)
ကျွန်တော်အခု Gtalk Chatroom တစ်ခုလုပ်ထားတယ် ။ ဘယ်သူမှလဲ မသုံးဘူး.... အားငယ်လိုက်တား( (ဂဏန်းကြည့်ကြည့်တာ ) ။ သုံးပေးကြပါဦးလို့ ဖိတ်ခေါ်ပါတယ်ဗျာ ။ ကျွန်တော်လည်း ရှိနေမှာပါ ။ အဲဒီမှာ စုပေါင်းပြီး မဟုတ်တာတွေ အတင်း အဲ... နည်းပညာတွေ ဆွေးနွေးမေးမြန်းကြတာပေါ့နော် ။ decembermgmg1992.co.cc@partychapp.appspotchat.com ပါ ။ အားလုံးကို စောင့်မျှော်ကြိုဆိုနေ့မယ်....
           ခွန်မောင်ပန်

3 comments:

Anonymous said...

အကိုရေ...ပြောထားတဲ့အတိုင်းအကုန်လိုက်လုပ်ထားပါတယ်
ဒါပေမဲ့အဆင်မပြေတာတစ်ခုဖြစ်နေတယ်
အခြားဘယ်ဆော့ဝဲကိုမဆိုဒီနည်းအတိုင်းportable လုပ်လို့ရတာလား?
အခုနည်းအတိုင်း portable မလုပ်ခင် စက်ထဲမှာရှိတဲ့ အင်စတော လုပ် ပြီးသားကို uninstall လုပ်ဖြစ်ဖို့ကောလိုလား?
အခုဖြစ်နေတာက လုပ်ပြီးသား exe file ထည့်ထားတဲ့ folder အသစ် ထဲက exe file ကိုဖွင့်လိုက်ရင် ...Access Violation at address 00000000.Read of address 00000000. OK...အဲလိုမျိုးပေါ်နေတယ်
အခုအကိုပြောထားတဲ့နည်းအတိုင်း portable လုပ်ထားတာက NAPALM လို့ခေါ်တယ့်...desktop မှာမီးလောင်နေတဲ့ လိုင်းတွေဆွဲလို့ရတဲ့ ဆော့ဝဲပါအကို
အရင်က ဒီ ဆော့ဝဲကိုဖွင့်ကြည့်ရင် desktop ကမှိန်သွားပြီး mouse နဲ့လိုင်းတွေဆွဲလိုက်ရုံပဲ
အခုဖြစ်တာက လုပ်ထားတဲ့ folder အသစ်ထဲက .exe ဖိုင် ကိုဖွင့်လိုက်ရင် desktop ကတော့မှိန်သွားပြီးအရင်ပုံစံအတိုင်းတော့ ပေါ်ပါတယ်
ဒါပေမဲ့..လိုင်းကတော့ဆွဲလို့မရတော့ဘူးဖြစ်သွားတယ်
သေချာတာကတော့ဘယ်အဆင့်ကိုမှမကျန်ခဲ့အောင်လုပ်ကြည့်ထားတာပါ
နဲနဲလောက် တော့အဖြေရှာပေးပါအုံးအကို
ကျွန်တော့အကောင့်က..ptburmeseboy@gmail.com...ပါ
ဘာလို့လဲဆိုတော့ အော်ရဂျင်နယ် exe file က folder အသစ်ထဲကိုထည့်လိုက်ရတာဆိုတော့အခုက သုံးလို့မရတော့ဘူးလေ

December Mgmg said...

@Anonymous
ဟုတ်ကဲ့ပါ ။ ဆောပ်ဝဲလ်တွေကို အကုန်လုံးလုပ်လို့ရတယ်ဆိုပေမယ့် လုပ်လို့ မရတဲ့ ဆောပ်ဝဲလ်တွေကိုလည်း ကျွန်တော်တွေ့ရတယ် ။ စမ်းမယ်ဆိုရင် ဆောပ်ဝဲလ်တွေကို ကော်ပီပြီးမှ စမ်းပါလို့ အကြံပြုပါတယ်ဗျာ ။

rude said...

ရှုပ်ပီဒခေါင်းမူးသွားတယ်...

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။