Firefox ကို အမြန်ဆုံးဖွင့်မယ် { အာမခံသည် :) }

6:01 PM ---

       ဒီနည်းလေးတော့ ကျွန်တော်ကိုယ်တိုင်ကိုယ်တွေ့ပါဗျာ ။ တကယ်မြန်ပါတယ် .... နဂိုကဆို စောင့်နေရတာ Firefox ကို ဖွင့်ပြီးရင် အနည်းဆုံး နှစ်မိနစ်သုံးမိနစ်လောက်တောင်ဗျာ ။ စိတ်တော်တော်ပျက်တာ ။ ခုတော့ဗျာ ။ ငါးစကန့်လေးနဲ့တင် သုံးလို့ရနေပြီ ။ ဘယ်လောက်ကောင်းလိုက်တာလဲဗျာ ။ ကျွန်တော့်အတွက်လေ... ။ တကယ်လို့ စာဖတ်သူတို့များ အဲလိုဖြစ်ခဲ့သည်ရှိသော... ဒီနည်းလေးကို သတိရလိုက်ပါ ။ ခက်လည်း မခက်ပါဘူး ။ Gtalk Account ကို နှစ်ခုဖွင့်လို့ရအောင် လုပ်သလိုမျိုးပါပဲ Target မှာ စကားလုံးလေး ထည့်လိုက်ရုံတင် ။ စိတ်ဝင်စားတယ်ဆိုရင် လုပ်လိုက်ပါဗျာ ။ အာမခံတယ် တကယ်မြန်တယ် ။ ဒါကျွန်တော်ကိုယ်တိုင် လက်တွေ့မှာ မြန်နေလို့ ပြန်တင်ပေးလိုက်ပါဗျာ ။







      ပထမဆုံး မိမိတို့ရဲ့ Desktop ပေါ်က Mozilla ကို Right Clink  နဲ့ Properties ကို ရွေးလိုက်ပါဗျာ ။ အများ နားလည်လွယ်အောင် ပုံတွေနဲ့ တင်ပေးပါတယ် ။ စောစောစီးစီးပဲ ထရေးတာမို့ ဖိုတိုရှောပ်မဖွင့်ချင်သေးဘူးဗျာ ။ ကြေညာစာတွေ ဖြုတ်လိုက်တာပေါ့ ။ ကျွန်တော်တစ်ခုတောင်းဆိုပါရစေဗျာ ။ ကျွန်တော်စာတွေကို ကော်ပီချင်ရင် ကော်ပီလို့ရတယ်ဗျာ ။ ကျွန်တော့်နာမည်နဲ့ ဆိုဒ်လိပ်စာကိုတော့ ထည့်ပေးပါနော်...မဖြစ်ဘူးဆိုလည်း ဘာမှမဖြစ်ပါဘူးဗျာ ။




အောက်ဆုံးက ငနဲကို တွေ့တယ် မလား ။ အဲဒီကောင်ကိုပြောတာ ... နိပ်လိုက် သူ့ကို Box တစ်ခုတက်လာမယ်ဗျာ ။ အဲဒီမှာ Target ကို ကြည့်လိုက်ပါ ..Shortcut ကို အရင်တစ်ချက်နိပ်ပေးလိုက်ပါ ။



Target ကို တွေ့တယ် မလား ...အဲဒီမှာ exe'' ရဲ့  /prefetch:1 ကို ထည့်ပေးလိုက်ပါ ။






အပေါ်ကို ပုံက ထည့်လိုက်ပြီးဖြစ်တဲ့ပုံပါ ။ ပြီးရင် Apply >>> OK ပေါ့ ။ မြေခွေးလေးကို ဖွင့်ကြည့်လိုက်ပါ ။ မြန်လား မမြန်လားဆိုတာ.... ကျွန်တော်တော့ တကယ်ကြိုက်သွားပြီဗျာ ။ ဒီနည်းကိုလေ.........

 အဆင်ပြေကြပါစေဗျာ ခွန်မောင်ပန်

11 comments:

ယဉ်မွန် said...

စမ်းကြည့်တယ်။ မရဘူးဗျို့။

December Mgmg said...

exe''နဲ့ /prefetch:1 ကြားမှာ ဘားတစ်ချက်ခြားပေးပါဗျာ ။ အဲဒါပဲဖြစ်နေကြတယ် ။ ။

Anonymous said...

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။

you right buddy



ကောင်းသောနေ့လေးပါ
အရာအားလုံးကံကောင်းပါစေ

ညီကိုမောင်နှမလေးများအား
ထာဝ၇လေးစားချစ်ခင်လျှက်
Xman_နတ်လူမုန်း

ဝင်းကမ္ဘာကျော် said...

ရဝူးဗျာ....ဘာဖစ်လို့လဲမတိ ကူညီပါဦး...

Anonymous said...

exe" /prefetch:1

1 space

Anonymous said...

ဖလမ်း။။။။။။။ဖလမ်းကိုထနေတာဘဲ......ကျေးကျေး.....အကိုေ၇

Unknown said...

အင်း ငါ့အကို ပြောတဲ့အတိုင်းတော့လုက်ပြီးသွားပြီဗျာ အကိုပြောသိလိုမြန်ရင်လဲမြန် မမြန်ရင်လဲနေ အခုလိုနည်းပညာတွေကို မျှဝေပေးနေတဲ့ စိတ်ဓါတ်ကို တကယ်ပဲလေးစားမိပါတယ် ငါ့အကို....

Anonymous said...

ခွန်ပန်ခင်ဗျား ကျနော့် စက်မှ အင်တာနက်လိုက်းက တခါခါ အ၀ါရောင် အစက်နဲ့ exclamation သင်္ကေတပုံပြပြီး တခါခါ ၂-၃ရက် ကြာရင်-၁ပတ်အထိ သုံးမရဖြစ်နေတတ်ပါတယ်။ အဲဒါဘယ်လိုဖြစ်တာပါလဲ။ အဲလိုဖြစ်နေတယ်ဆိုရင်အမြန်ပြန်သုံးလို့ ရအောင်ဘယ်လို ဖြေရှင်းရမလဲ သိရင် မျှပါအုံးခင်ဗျား။အဲလိုဖြစ်တဲ့ချိန်ဆို ကျနော့်  ကောင်မလေးနဲ့ ချက်ဖို့  တော်တော်လေးဒုက္ခဖြစ်နေရပါတယ်။သူများတွေပြောတာကတော့  သုံးတဲ့လူတွေများသွားလို့  Junt ဖြစ်သွားလို့ တဲ့ အဲလို ဂျန့်  မဖြစ်အောင် ဘယ်လို လုပ်ရင်ရပါသလဲ သိရင် နည်းပေးလမ်းညွန်ပြပါအုံးနော။ ကျေးဇူးတင်လျှက်.....

Anonymous said...

"C:\Program Files\Mozilla Firefox\firefox.exe" /prefetch:1 ဒီဟာကြီးသွားဖိတ်ပီး အပလိုင်းလုပ်တော့  မအိုခေဘဲ သူက problem with shortcut ဆိုတဲ့ ဘောက်စ်လေးဘဲပြနေပါသီခင်ညား။ ဘယ်လိုဖြစ်တာလဲတော့ သိတော့ ဘူးဗျ။

December Mgmg said...

exe" /prefetch:1 exe'' ပြီးရင် space bar တစ်ချက်ခေါက်ရမယ်နော် အဲဒါပဲ မှားကြတာများတယ်း)

Salai KyawKyaw said...

အဆင်ပြေတယ် ဆရာရေ ကျေးဇူးဗျာ။

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။