စာသားတွေကို အသံအဖြစ်ပြောင်းမယ် (ဝက်ဆိုဒ်မိတ်ဆက်)

9:38 AM ---
         ဒီစာက ဒီဆိုဒ်သစ်ရဲ့ ပထမဆုံးစာပါ ။ကျွန်တော်ခု ဝက်ဆိုဒ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် အဲဒီဆိုဒ်က ဘာလဲဆိုတော့ ..အပေါ်ကခေါင်းစဉ်အတိုင်းပဲဗျ ။ စာသားတွေကို အသံဖြစ်ပြောင်းတာပါဗျာ ။ မြန်မာလို့တော့ မရဘူးပေါ့ ။ မဆိုးဘူးဗျာ ။ အင်္ဂလိပ်သီချင်းစာသားတွေကို ကော်ပြီး လုပ်ကြည့်လိုက်တာ... နားထောင်လို့ တော်တော်ကောင်းတယ် ။ စိတ်ပျက်ဖို့ ။ စဉ်းစားကြည့်လလေ သီချင်းကို နားထောင်ဖူးပြီးသားလေ.... ခုအဲလိုလုပ်လိုက်တော့ သီချင်းစာသားကို ဒီတိုင်းပဲ ဖတ်ပေးသွားတာ ဟိ.. ပျော်စရာတော့ ကောင်းသားပဲဗျာ ။ စမ်းကြည့်ကြတာပေါ့ဗျာ ။


         ပထမဆုံး ဒီဆိုဒ်ကို သွားလိုက်ပါ ။ ဘာအကောင့်မှာ ဖွင့်စရာမလိုဘူး ။ တစ်ခါတည်းတန်း ကလိရုံပဲ:)

  အဲဒီမှာ ကိုယ်ပြောင်းချင်တဲ့ စာသားကို ကူးလိုက်ပေါ့ ။ ကျွန်တော်တော့ ဆိုဒ်ထဲက Baby သီချင်း စာသားကို ကူးလိုက်တာပဲ ။ ပြီးရင် ထည့်ပေးလိုက် ။ အဲဒီမှာ စာသားထည့်တဲ့ နေရာရှိတယ် ။ ပြီးရင် ယောင်္ကျားသံလား မိန်းကလေးသံလား ရွေးလိုက်ပြီးရင် စတော့ဗျာ...
 ပြီးရင်တော့ New window တက်လာလိမ့်မယ်.... Mp3 file ပြောင်းပေးပါလိမ့်မယ်... ခဏစောင်ပေးလိုက်.. ပြီးရင် အသံကို အော်တိုပဲ လာပါလိမ့်မယ်... ခံစားနားဆင်ကြည့်လိုက်ပေါ့ ...ဒေါင်းချင်တယ်ဆိုရင်လည်း ဒေါင်းလိုက်ရုံပါပဲဗျာ ။ လွယ်ပါတယ်
ကျန်တဲ့ အသုံးဝင်တာလည်း ရှိသေးတယ် ။ မိမိရဲ့ဆိုဒ်မှာ ထည့်ချင်လား ။ မိမိရဲ့ Browser မှာ ထည့်ချင်လား ။ ရပါတယ် ဆက်လက်ကလိကြည့်လိုက်ပါ ။ ဒါလောက်ဆို သဘောပေါက်လောက်ပါပြီထင်တယ် ။ လွယ်လွယ်လေးပါဗျာ ။ အဆင်ပြေကြပါစေဗျာ ။ ခွန်မောင်ပန်

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။