Blogger ဆိုတာ ဘာလဲ ?

5:45 AM ---
       ကျွန်တော်က မရေးဘူးလို့တော့ ဆုံးဖြတ်ထားပြီးသား ။ ကိုမောင်နဲ့ မဂန်ဒီကို လေးစားသောအားဖြင့် ဘလော့ဂါအကြောင်းကို မသိသော်လည်း ကိုယ်ပိုင်ခံယူချက်နဲ့ရေးသားလိုက်ကြောင်းပါ ။ ခုတစ်လောလည်း အလုပ်နည်းနည်းများနေလို့ စာတွေလည်း သိပ်မရေးဖြစ်ဘူး ။ ဆိုဒ်သစ်နဲ့လည်း အသားမကျသေးဘူး ။ ခုမှပဲ ဘလော့ဂါအကြောင်းကို ရေးပေးလိုက်ပါတယ် ။

      ဘလော့ဂါအကြောင်းကို ရေးရင်တော့... ကျွန်တော်ဘလော့အကြောင်းကို အရင်ရေးပေးရလိမ့်မယ် ။ ဘာလို့ဆိုတော့ ဘလော့အကြောင်းကို ကိုယ်ပိုင်ခံယူချက်နဲ့ရေးတာ မို့လို့လေ ။
      အစက ကျွန်တော် ဘလော့ကိုပဲ တွေ့ဖူးတယ် ။ စာလည်း မဖတ်ဖူးဘူး အွန်လိုင်းကနေ... ပြောသာပြောရတာပါဗျာ ။ အွန်လိုင်းသုံးတာ ခုမှပဲ တစ်နှစ်ပြည့်မယ် ။ အစက သူငယ်ချင်းနဲ့စက်နဲ့ပဲ ။ နောက်ပိုင်း တကယ်ကွန်ပျူတာသရဲဖြစ်တော့မှ ဝယ်တာ :)   အဲဒီလို.....
အဲဒါနဲ့ ဘလော့ရေးနေတဲ့ ကျွန်တော်သိသမျှ မှတ်သမျှ  လို့ဆိုတဲ့ ဆန်းယဉ်မွန်နဲ့ သိတယ် ။ သူက ဘလော့ရေးနေတာ ကျွန်တော်က မရေးသေးဘူး ။ သူက ဘလော့ပြင်တဲ့အကြောင်းကို မေးတော့ ကျွန်တော်လည်း ဘလော့တစ်ခုအစမ်းဖွင့်ပြီး စမ်းပြီး ပြောပြတာပေါ့ဗျာ ။ အဲဒါနဲ့ စရေးဖြစ်တယ်လို့ပဲ တိုတိုပဲပြောတာပေါ့ ။ အဲဒီတုန်းက အလွမ်းအိမ် ပေါ့ နာမည်က ။ အဲဒီမှာ စာမရေးသေးပါဘူး ။ ခံယူချက်က မပြောင်းလဲသေးဘူးလေ... ဘယ်လိုခံယူထားလဲဆိုတော့ ကိုယ့်ကြိုက်တဲ့စာတွေကို ဆိုဒ်မှာ ကူးထားမယ် ... လိုချင်တဲ့ချိန်ကျ အလွယ်တကူ ရှာလို့ရအောင်ပေါ့ ။ အဲဒါနဲ့ သုံးလလောက်ကြာသွားမယ် ထင်တယ် ။ ဘလော့ဂါမိတ်ဆွေဆို ကိုမောင်(စွယ်စုံကျမ်း) တစ်ယောက်ပဲရှိတယ် ။  လေ့လာမလာဖြစ်သေးဘူး ။ အဲဒီတုန်းက စက်လည်း မဝယ်သေးဘူးလေ ။ သူငယ်ချင်းစက်နဲ့ပဲ ။ သိပ်ပြီးတော့ မလေ့လာဖြစ်ဘူး ။
     နောက်ပိုင်းမှ ဖိုတိုရှောပ်ကို တမ်းတမ်းစွဲတော့မှ စက်ဝယ်လိုက်တာ ။ ပြီးတော့ လိုင်ချိတ် ။ အချိန်လည်းရှိတာနဲ့ လိုင်းတက်နိုင်ပြီး ခံယူချက်တွေ ပြောင်းလာတော့တာ ။ ကိုယ့်လေ့လာသမျှကို ပြန်လည်မျှဝေမယ် ဆိုတာပဲ ။ အလုပ်က နေရာပြောင်းမှာမို့ ဟိုမှာ လိုင်းရလား မရလား မသိသေး ။ စာဆက်ရေးဖို့ ရာခိုင်းနှုန်းနေပြီ ။ ဒါတော့ ကျွန်တော့ ဘလော့အကြောင်း ။

  ကျွန်တော့်အထင် ဘလော့ဆိုတာ ကိုယ်ဝါသနာပါတာတွေကို ဝါသနာပါတူသူများကို ပြန်လည်ဝေငှတာပဲ ။
နည်းပညာပိုင်း စိတ်ဝင်စားတဲ့သူလည်း နည်းပညာပိုင်းဆိုင်ရာကို တွေ့သမျှ နည်းပညာကို စိတ်ဝင်စားနေတဲ့ သူတွေကို ပြန်လည်ရေးပေးတယ် တင်ပေးတယ် ။ အချက်အပြုတ်.ကဗျာ.သီချင်း.ကျန်းမာရေး စသည်စသည်လည်း တူတူပဲလို့ထင်ပါတယ် ။ အစက ဦးလေးတစ်ယောက် ပြောတာကို ကြားဖူးပါတယ် ။ ဘလော့ရေးနေတဲ့ သူတွေက အချိန်ကုန် လူပန်း ။ အရေမရ အဖတ်နဲ့ ဆိုပြီးတော့ ပြောတာကို ကြားဖူးပါတယ် ။ ဘလော့မရေးခင်ပါ ။ အဲဒါနဲ့ ဘလော့ရေးဖို့တောင် စိတ်ဝင်စားတော့တာ ။ တကယ်တော့ အတွေးအမြင်ဆိုတာ ကိုယ်တွေးနေတဲ့ဘက် ကိုယ်မြင်နေတဲ့ဘက်ကနေပဲ ပြောနေကြတာပဲ ။ ကိုယ်တွေးတာတော့ ကိုယ်မှန်တာချည်းပဲ ။
        ဘလော့ဆိုတာ ဥယျာဉ်တစ်ခုနဲ့တူပါတယ် ။ ဥယျာဉ်မှုးက ဘလော့ရေးနေတဲ့ သူတွေပေါ့ ။ ဥယျာဉ်ကို လာလည်နေတဲ့ သူတွေကို စိတ်ကျေနပ်မှုရအောင် အမြဲတမ်း ကြံဆနေတာပဲ ။ ဥယျာဉ်ကို အမြဲတမ်းကြည့်ရှုနေရတာပဲ ။ ဘယ်နေရာမှာ ဘယ်လိုလိုအပ်တယ် ။ အပင်အမျိုးမျိုးတွေကို လာလည်သူတွေ စိတ်ကြိုက်ဖြစ်အောင် ပျိုးတယ် ။ အပွင့်တဲ့အမျိုးကိုလည်း အပွင့်လှအောင် ။အသီးသီးတဲ့အမျိုးကိုလည်း အသီးကြီးအောင် လှအောင် စသည်စသည်ဖြင့် ကိုယ့်ပိုင်ဥယျာဉ်လေးမှာ လိုလေသေး မရှိအောင် အချိန်ရသည်နှင့်အမျှ ပြုပြင်ထိမ်းသိမ်းနေရတာပဲ ။ ဒါတောင်မှ ကိုယ့်ဥယျာဉ်ကို ဖျက်မည့်ကလည်း ရှိသေးတာနော် :) ။ လာလည်သူတွေ များရင် စိတ်တိုင်းကျရင် အကြံကောင်းတွေပေး ချီးမွမ်းရင် ဥယျာဉ်မှုးက ပြုံးစိစိ နဲ့ ဘလော့ဆိုတဲ့ အကြောင်းကို လေးလေးနက်နက်ခံယူရင်းနဲ့ သူ့ဥယျာဉ်ကို ဆက်ဆက်ပြီး လာလည်သူတွေ များသထက်များအောင် စိတ်တိုင်းကျသထက်ကျအောင် မဆုံးနိုင်သော ခံယူချက်နဲ့ မဆုံးနိုင်သော ဇွဲလုံးလတွေနဲ့ မဆုံးနိုင်သော မဆုံးနိုင်သော စိတ်ကူးတွေနဲ့ ဆက်လက်ပြီး ကြိုးစားနေမယ့်သူတွေရဲ့ ဥယျာဉ်လေးဟာ ဘလော့ဂါဟု ယူဆကြောင်း ရေးရင်းနဲ့ ကျွန်တော်ရဲ့စာကို အဆုံးသတ်ပါတယ်ဗျာ ။
       ကျွန်တော်သိသမျှ မှတ်သမျှ ဥယျာဉ်ပိုင်ရှင်ရေ အချိန်ရရင် ဘလော့ဂါအကြောင်းကို ရေးပေးပါဦးလို့ ဖိတ်ခေါ်ပါတယ်(tag)ဗျာ
      အားလုံးကို အမြဲလေးစားတဲ့ ခွန်မောင်ပန်

8 comments:

Candy said...

ဒီလိုလုပ်ပါ... မရေးရင် ဆီပုံးမှာ လာအော်မလို့ စဉ်းစားနေတာ... :P :P

December Mgmg said...

@Candy
ေ၈ျာဆယြာ၈ီး ဘာဠား :)

ယဉ်မွန် said...

အရေးအသားအရမ်းမိုက်တယ်ဗျာ။

December Mgmg said...

@ယဉ်မွန်
စကားသိပ်မများနဲ့ ကိုယ်ရေးစရာရှိတာ ရေးဦး Tag ထားတယ် ;)

ညီရဲ said...

ဘလော့ဆိုတာ ဥယျာဉ်တစ်ခုနဲ့တူပါတယ် ။ ဥယျာဉ်မှုးက ဘလော့ရေးနေတဲ့ သူတွေပေါ့ ။ ဥယျာဉ်ကို လာလည်နေတဲ့ သူတွေကို စိတ်ကျေနပ်မှုရအောင် အမြဲတမ်း ကြံဆနေတာပဲ ။ ဥယျာဉ်ကို အမြဲတမ်းကြည့်ရှုနေရတာပဲ ။ ဘယ်နေရာမှာ ဘယ်လိုလိုအပ်တယ် ။ အပင်အမျိုးမျိုးတွေကို လာလည်သူတွေ စိတ်ကြိုက်ဖြစ်အောင် ပျိုးတယ် ။ အပွင့်တဲ့အမျိုးကိုလည်း အပွင့်လှအောင် ။အသီးသီးတဲ့အမျိုးကိုလည်း အသီးကြီးအောင် လှအောင် စသည်စသည်ဖြင့် ကိုယ့်ပိုင်ဥယျာဉ်လေးမှာ လိုလေသေး မရှိအောင် အချိန်ရသည်နှင့်အမျှ ပြုပြင်ထိမ်းသိမ်းနေရတာပဲ ။

ဒီစာသားလေး ကြိုက်တယ်။ ဘလော့လောကကြီးက ဥယျာဉ်ကြီးနဲ့ တူတယ်ဆိုတာ...

မောင်(စွယ်စုံကျမ်း) said...

ကိုခွန်ရေ..ဘလော့ဆိုတာဥယာဉ်ကြီးပါဗျာ..လောလောဆယ်တော့
မင်းမရှိလည်း ဒင်းရှိရင် ဖြစ်တယ်ဗျာ..အသည်းကွဲလည်း..ကိုယ်ဆက်
ရေးမယ်..နောက်တစ်ယောက်နဲ့ ကွဲလည်းကိုယ်ဆက်ရေးမယ်..ဟိဟိ
ကြော်ငြာတာနော်..ကိုခွန်..ခင်မင်လေးစားလျှက်..မောင်(ssk )

December Mgmg said...

@ညီရဲကျေးဇူးပါ ကိုညီရဲ ;)

December Mgmg said...

@မောင်(စွယ်စုံကျမ်း)
မကြာသေးခင်ပဲ တမမနဲ့ဖြစ်နေတာ ခုကွဲသွားပြီလား ;)
လေးစားလျှက်

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။