Gtalk က လိုတရအိုးလေးကို နှိုက်ကြည့်မယ်

10:49 AM ---

လိုတရအိုးလေးနဲ့ မိတ်ဆက်ခွင့်ရတာ ဝမ်းသာပါတယ်ဗျာ ။ ဒါလေးက ကျွန်တော် ရှာတွေ့ထားတဲ့ အရာလေးတွေထဲက တစ်ခုဗျာ ။ ဟီး နာမည်က လိုတရအိုးဆိုတော့ နှစ်လုံးထီတော့ မတောင်းပါနဲ့နော် ။ တန်းခိုးတွေ ကွယ်ကုန်မှာ စိုးလို့ ။ ဆက်ပြောကြည့်မယ်....အဲဒီကောင်လေးကို မိမိစိတ်ကူးထဲမှာ ရှိတာလေးကိုမေးကြည့်လို့ရတယ် ။မိမိစိတ်ကူးရှိရင် ရှိသလောက် မေးတတ်ဖို့လိုမယ် ။ ရှင်းရှင်းဖြစ်ဖို့တော့ လိုမယ် ။ မြန်မာလိုဆိုလိုလည်း မိုက်ပါတယ် ။ မိမိစိတ်ကူးထဲက ရှိတဲ့ စကားလုံးကို ရိုက်ပြီးတော့ ရှာခိုင်းကြည့်လို့ရတယ် ။ အဓိက တစ်ခုတော့ သူပြောပြမယ် ။

ကျန်တာတွေအတွက်တော့ သိမ်းကြုံးပြီးတော့ ပြောပြလိမ့်မယ် ။ ကျွန်တော်ကတောင် လန်ဒန် မိုးလေဝသ သတင်းကို မေးလိုက်သေးတယ် ။





ထိုင်းကိုမေးတော့ မရဘူး ဟီး ။  ထိုင်းစကားတော့ တတ်ပုံမရဘူး ။ မြန်မာလိုတော့ မွေလို့ရတယ် ။ ကျွန်တော်ကတော့ ထုံးစံအတိုင်း www.decembermgmg.co.cc ကို ရိုက်ထည့်လိုက်တာ ။ ဒီလိုလေးပေါ်လာတယ်ဗျာ ။



အဲဒါလေးကို သူက ပြန်ပြောပြတယ်။ ကျန်တာတွေကိုတော့ သူအကျဉ်းချုံးပြီးတော့ ပြောပြပါတယ် ။ http://m.google.com/u/A_b8NM ဆိုပြီးတော့ အဲဒီစာလေးကို နိပ်လိုက်တာနဲ့ Google မှာ www.decembermgmg.co.cc ရှာရိုက်သလိုပဲ တက်လာတယ် ။ အံဖွယ်လေးပဲ ။ စာဖတ်သူတို့လည်း သဘောကျမယ် ထင်ပါတယ် ။ သဘောကျတယ် ဆိုရင်တော့ Add လိုက်ပါ ။ khunpan258@gmail.com အဲမှားလို့ တမင်သက်သက်ကိုမှားတာ ဟီး ။ guru@googlelabs.comပါ ။ အက်လိုက်တာနဲ့ တစ်ခါတည်း တန်း မီးစိမ်းနေပါလိမ့်မယ် ။ အားကျမခံနဲ့ တစ်ခါတန်းပီး မေးပစ်လိုက် ။ ရင်ထဲက စကားလုံးတွေကိုပေါ့ ။ ကျွန်တော်လိုမျိုး ထိုင်းမှာနေပြီါ်တော့ လန်ဒန်မိုးလေဝသကိုတော့ မမေးပါနဲ့နော် :D

အားလုံးကို လေးစားတဲ့ ခွန်မောင်ပန်





0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။