flash သီချင်းကို ဘယ်လို ဒေါင်းမလဲ

8:40 PM ---

ဒါတော့ မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပြီးတင်တာပါ ။ အကိုတစ်ယောက်က အကူညီတောင်းနေလို့ ။ ကျန်တဲ့ မသိသေးတဲ့သူတွေလည်း ဒေါင်းလို့ရအောင်ပါဗျာ ။ ဒါတော့ ကျွန်တော်ဒေါင်းနေတဲ့နည်းပေါ့ဗျာ ။

ကဲ ဒေါင်းချင်တယ်ဆိုရင် လုပ်ကြည့်လိုက်ပါ ။ လွယ်ပါတယ် ။



ပထမဆုံး ကိုယ်ဒေါင်းချင်တဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ပြီး URL ကို ကူးလိုက်ပါ ။



ပြီးရင်...Internetdownloadmanager ကို ဖွင့်လိုက်ပါ ။ ပြီးရင် Add URL ကို နိပ်လိုက်ပါ ။ လင့်က ကော်ပီပြီးသားဆိုရင် Link က Auto ဝင်နေပါလိမ့်မယ်.....



အဲဒါကို အိုခေပေးလိုက်ပါ ။ ဒေါင်းလုပ်ဖို့ တက်လာလိမ့်မယ်....ကျန်တာတော့ သာမန်သီချင်းတစ်ပုဒ်ကို ဒေါင်းသလိုပဲလုပ်ဖို့ရှိတော့တယ်...Start Download ရုံသာ ။



ပြီးရင်တော့ flash သီချင်းတစ်ပုဒ်ဒေါင်းလို့ပြီးပါပြီဗျာ ။ ဖွင့်လိုက်ရုံပါပဲ ။ Swf file နဲ့ပါ ။ ကျန်တဲ့ Format ကို ပြောင်းချင်ရင်တော့ ဆောပ်ဝဲလ်တွေရှိပါတယ် ။မြန်မာဆိုဒ်တွေမှာ တော်တော်တွေ့ရတယ် ။လိုက်ဒေါင်းပြီးတော့ မိမိလိုချင်တဲ့ Format ကို ပြောင်းရုံသာ ။



ဒီလိုမျိုး သီချင်းကို နားထောင်နိုင်ပါပြီဗျာ ။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် ။ 


 ခွန်မောင်ပန်



0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။