သင့်Computer ထဲမှာ သင်မကြည့်ဖူးသေးတဲ့ ဇာတ်ကားရှိနေတယ်ဆိုတာကို ယုံလား ?

6:56 AM ---

ကျွန်တော် ဒါလေးကို သိပြီးပြီးချင် ကိုယ့်ကိုယ်ကို ဘယ်လောက်အံသြတယ်ဆိုတာကို စာဖတ်သူတို့ကို တွေစေချင်ပါတယ် ။ နည်းပညာကို တော်တော် အံသြသွားပါပြီဗျာ ။ တော်တော်လည်း စိတ်ဝင်စားသွားပါပြီ ။ ဘယ်ကနေ ဘယ်လိုဖြစ်နေမှန်းကို မသိတော့ပါဘူး ။ တကယ်လို့ စာဖတ်သူတို့ သိပြီးသားဆိုရင် သိတဲ့သူကို ကျွန်တော် အရမ်းကို လေးစားမိမှာပဲ ။ ဘာလို့ဆိုတော့ ဒီနည်းပညာကို ကျွန်တော်တွေ့ပြီးကတည်းက ကျွန်တော်ကိုယ်တိုင် သူများတွေကို ကျွန်တော်ကွန်ပျူတာကို ဖွင့်ပြီး ပြပေးပြောပြပေးရတာ မမောနိုင်မပန်းနိုင်ပါဘူးဗျာ ။

စကား သိပ်မများချင်ပါဘူး ။ တော်ကြာ ဖတ်တဲ့သူတွေ ပျင်းမှာစိုးလို့ ။ တစ်ခုတော့ ပြောချင်သေးတယ်ဗျာ ။ ဟိုတစ်နေ့က ကျွန်တော် လိုတရအိုလေး ဂုရုတင်တုန်းက နည်းပညာနဲ့ ပတ်သက်ပြီးတော့ မေးနိုင်ပါတယ်လို့ ပြောတာ ။ ဘာတွေလာမှန်းလည်း မသိပါဘူး ။ စိတ်ကိုညစ်သွားတာပဲဗျ ။ အကောင့်တွေလည်း အက်လာကြတယ် ။ ကျွန်တော်က ပြထားတာကိုးဗျ ။ ဒါတော့ ရပါတယ် ။ ဒါပေမယ့် မေးတာ မြန်းတာတော့ နည်းပညာနဲ့ဆိုင်တာပဲ မေးစေချင်တယ်လို့ ဒီကနေ ပြောပါရစေဗျာ ။ ဘာလို့ဆိုတော့ ကျွန်တော်က ဗေဒင်တတ်ဘူးဗျ ။ ဒါကြောင့်... အချစ်အကြောင်း.အလုပ်အကြောင်း တွေစုံနေပြီ ။ ကျွန်တော့် Cbox ထဲမှာ ။ လာဖတ်ကြတာကိုလည်း ကျေးဇူးအထူးတင်ပါတယ် ။ မင်းဘားလည်းဝင်ကြပါတယ် ။ ကျေးဇူးတင်လို့ မဆုံးပါဘူးဗျာ ။ နောက်ကြုံတော့မှ ထပ်ပြောတာပေါ့ ခုတော့ စာကို ဆက်ရေးတာပေါ့ဗျာ ။

         ကျွန်တော် ဒီနည်းကို မတင်ခင်မှာ ဒီနည်းနဲ့ပတ်သက်တဲ့ အကြောင်းလေးကိုတော့ ပြောပြချင်ပါတယ် ။ ဇာတ်ကားတစ်ကား အကြောင်းပါ ။Star Wars ပါ ။ ဘာလို့ဆိုတော့ ဒီနည်းက ဒီဇာတ်ကားကို ကြည့်ရမှာမို့လို့ပဲလေ ။ ဒီကားက အာကာသကားပါဗျ ။ ကျွန်တော်က ဒီကားကြည့်ဖူးထားလို့ ဒါလေးကို တွေ့လိုက်ပြီးတော့ သေချာကြည့်ကြည့်တော့ ဇတ်ကားတစ်ကားဖြစ်နေမှန်းသိလိုက်တယ် ။ ဇာတ်ကားအကြောင်းကို အကျဉ်းချုံးပြီးတော့ ပြောပြမယ် ။ပြီးရင် နည်းကိုပြပြီး ကျန်တာကို ဆက်ကြည့်ပေါ့ ။ မပြောပြရင် မသိမှာစိုးလို့ပါ ။ တော်ကြာဘာမှလည်း မဟုတ်ဘူးဆိုနေဦးမယ်....

ဇာတ်ကားကို သိပ်မမှတ်မိတော့ဘူး ။ အာကာသပေါ်က ယဉ်စခန်းတစ်ခုကို မင်းသမီးလေးတစ်ယောက်က ပိုင်တယ် ။ အဲဒါကို လူဆိုးတွေက ဝင်စီးတယ် ။ အဲဒီမှာ မင်းသမီးလေးကို အရေးကြီးတဲ့ အချက်အလက်တွေကို သူ့စက်ရုပ် နှစ်ခုထဲထည့်ပြီး ။ အာကာသယဉ်ပေါ်ကနေခုန်းဆင်းခိုင်းတယ် ။ စက်ရုပ်တွေက လူစကားကို နားလည်တယ်လေ ။ ပြီးတော့ လူထက်တောင် ဘာသာစကားမြောက်များစွာ တတ်သေးတယ် ။ အဲ... မင်းသမီးက အချက်လက်တွေကို ထည့်ပြီးတော့ အဖမ်းခံရသွားတယ် ။ စက်ရုပ်တွေလည်း နောက် အာကာသတစ်ခုပေါ် ရောက်သွားတာပေါ့ဗျာ ။ အဲဒီမှာ မင်းသားက(နာမည်မသိလို့ပါ ) ဝယ်သွားတယ် ။ အဲဒီမှာ မင်းသားက သူ့ဦးလေးနဲ့နေတာ ။ စက်ရုပ်တွေကို ရောင်းဝယ်ရေးလုပ်နေတာ ။ ထားပါတော့...ပြီးတော့ စက်ရုပ်က နှစ်ကောင် တစ်ကောင်က နာမည် R2 ဒါပဲ မှတ်မိတယ် ။ ဟိုဝတုတ်လေးပေါ့ ကြည့်ရရင်တွေ့လိမ့်မယ် ။ အင်း သူက မင်းသမီးလေး အချက်အလက်တွေကို ထည့်လိုက်ကြောင်းကို ပြောပြတယ် ။ အစပိုင်းနားမလည်ဘူး..နောက်ပိုင်း နားလည်တော့ မင်းသမီးကို သွားကယ်ဖို့ သွားကြတယ် ။ တစ်ခုရှိသေးတယ်..အဲဒီမင်းသားနေတဲ့ဂြိုလ်ကို မင်းသမီးယဉ်ကို ဝင်စီးတဲ့ လူဆိုးတွေက မွေသွားတာ မင်းသားအတူနေနေတဲ့ အဒေါ်နဲ့ဦးလေးက ပါသွားတယ် ။ သေသွားတယ် ။ အဲဒါနဲ့ မင်းသားက မထူးဘူးဆိုပြီး ။ သူ့အဖေ သူငယ်ချင်းနဲ့ မင်းသမီးကို ကယ်ဖို့သွားတယ် ။ သွားရာမှာ ယဉ်ကိုငှားသွားတယ် ။ အဲဒီယဉ်ပိုင်ရှင်နဲ့ မင်းသားရယ် သူ့အဖေသူငယ်ချင်းရယ် ။ သုံးယောက်ပေါ့ ဒါက လူ ။ စက်ရုပ်တွေပါသေးတယ် ။ ပြီးတော့ မင်းသမီးကို ကယ်တယ် ။ပြီးတော့ အဲဒီလူဆိုးနေနေတဲ့ ဂြိုလ်ကိုလည်း မင်းသမီးက သူ့နေရာကို ပြန်ရောက်တော့ တိုက်ဖို့ခိုင်းလိုက်တယ် လူဆိုးတွေကိုပေါ့ ။ ဘာလို့ဆိုတော့ လူဆိုးတွေက သူတို့နေတဲ့ ဂြိုလ်ကလဲရင်ကျန်တဲပ ဂြိုလ်တွေကို ဖောက်ခွဲပစ်မှာမို့လို့ပဲ ။ အဲဒါကြောင့် အချိန်မီသွားတိုက်ရမယ် ။ သွားတာတော့ အများကြီးပဲ ။ နောက်ပိုင်းတော့ မင်းသားရယ် သူတို့ငှားလာတဲ့ ယဉ်ပိုင်ရှင်ရယ် ။ ဒါပဲကျန်တယ် ဟိုကောင်ကတောင် ပြီးခါနီးမှ လာကူသွားတာ လာလကူသွားလို့လည်း မင်းသာလုပ်နိုင်သွားပါတယ် ။ ပြီးတော့ ပြန်ပြီးတော့ အောင်ပွဲခံ ဒါက ဇာတ်လမ်းကို အကျဉ်းချုပ်တာ ။



   ကဲခုမှ နည်းပညာကို စမယ်ဗျာ ။

ပထမဆုံး Control Panel\All Control Panel Items\Programs and Features ပဲ အစဉ်လိုက်သွားပါဗျာ ။ ပြီးရင်တော့ ဘေးဘက်က Turn Window  Features on or of ကို နိပ်လိုက်ပါ ။





ကျွန်တော်က Window7 သုံးတော့ အဲဒီတိုင်းပဲရေးလိုက်တာပါဗျာ ။ ကျန်တဲ့ ဝင်းဒိုးကို သုံးရင်တော့ ကိုယ့်ဖာသာကိုယ် ကြည့်ရှာလိုက်ပါဗျာ ။ ကျွန်တော် မတတ်နိုင်လို့ပါ ။ ပြီးရင် Box လေးတစ်ခုတက်လာမယ် ။ အဲဒီမှာ အောက်က ပုံအတိုင်းဖြည့်ပေးလိုက်ပါ ။ Telnet Client ကို အစက်ဖြည့်ပြီး အိုခေ လိုက်ပါ ။ ဒါတွေ နည်းနည်းတော့ စောင့်ရမယ်နော် ။





ကဲ ဒီအဆင့်ပြီးရင်တော့ ကျန်တဲ့ အဆင့်က လွယ်ပါပြီ ။ Run box ကို ဖွင့်ပြီး

                             telnet towel.blinkenlights.nl

ဒီစာသားတွေကို ရိုက်ထည့်ပြီး အိုခေလိုက်ပါ ။





ဇာတ်ကားကို စတင်ကြည့်ရှု့နိုင်ပါပြီ ။ဇာတ်ကား နမူနာလေးကိုလည်း ကြည့်ကြပါဦးဗျ ။











   အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ။ ခွန်မောင်ပန်

0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။