မချစ်တတ်ဘဲ ချစ်ချင်တဲ့ငါ
လွမ်းနေရပြီ ခုခါ ။
မလွမ်းတတ်တဲ့ငါ ချစ်မိတဲ့ခါ
လွမ်းတတ်လာခဲ့ပြီ။
ချစ်တတ်တဲ့ နှလုံးကို
မချစ်မှားဖို့ ဝှက်ကာထားမရ ။
လွမ်းတတ်သွားတဲ့ နှလုံးသားကို
မလွမ်းငြားဖို့ ဖြေသိမ့်ရန် စာသားရှာမရ ။
ချစ်တတ်တဲ့ နှလုံးသားတစ်စုံနဲ့ငါဟာ
ချစ်ခြင်းရဲ့ အလွန်မှာ အလွမ်းသမားအဖြစ်နဲ့
မင်းကို တမ်းမျှော်ရင်းနဲ့ လွမ်းဆွေးနေရပြီကွာ....။ ။
2 comments:
ကဗျာလေးတွေက ခံစားချက်အပြည့်ပဲကွယ်။ ဖတ်ရင်းနဲ့တောင် ရည်းစားကို လွမ်းနေပြီ။ လွမ်းရတဲ့ရက်တွေ လွန်မြောက်ပါစေကွယ်။ အချစ်ကဗျာတွေပဲရေးတတ်တာလား။
အဟီးးးးးးးးးးး တစ်ခါတစ်လေလောက်ပါပဲ
Post a Comment
သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။