အချစ်စစ်တစ်ခု

6:15 AM ---

         ကန်ရေပြင်အလား ငြိမ်သက်နေတဲ့ ငါနှလုံးသားက

မင်းနဲ့တွေ့တော့မှ လှိုင်းလုံးတွေ ပုတ်ခတ်နေသလို မတည်ငြိမ်နိုင်တော့ပါ ။

      

          ချစ်တတ်သွားတဲ့ ငါနှလုံးသားက မင်းပေါ်လာမလားနဲ့ စောင့်စားနေတတ်ပြီ ...

အလွမ်းဆိုတာ ဘယ်လိုမှန်း မှန်းဆတတ်ခဲ့ပြီ ။

         

         မှန်ကန်တဲ့ အချစ်စစ်တစ်ခုကို ထုစစ်မှုနဲ့အတူ

ပျော်ရွှင်ကြည်နူးခဲ့ရတယ်.........။



        လွမ်းတဲ့အကြောင်းကို စာဖွဲ့နေမိတာ ကြာညောင်းပေမယ့်

ဟောင်းနွမ်းမှု မရှိခဲ့ပါဘူး ။

 ချစ်တဲ့အကြောင်းကို အခါပေါင်းမရေနိုင်အောင် ပြောနေမိလည်း

ရင်နဲ့အမျှပြောနေချင်ဆဲပါ ။

      

       အချစ်စစ်တစ်ခုမှု ဟောင်းနွမ်းမှု မရှိနိုင်သလို

 အချိန်တွေကြာညောင်းနေရင်တောင် ချစ်တဲ့အကြောင်းကို ပြောလို့ ဝနိုင်မှာ မဟုတ်ဘူး ။



     ချစ်သူ... အချစ်စစ်ကို တွေ့ရှိအောင် ဆောင်ကျဉ်းပေးခဲ့တဲ့အတွက်ကြောင့်

ချစ်သူရဲ့ ဘေးနားမှာ ကိုယ်ရံတော် တစ်ယောက်ပမာ ကျရောက်လာမယ်.

အချစ်စစ်ရဲ့ ခလုတ်ငြုပ်တွေကို ဖြူစစ်တဲ့ ချစ်ခြင်းများစွာနဲ့ ဖြတ်သန်းနိုင်ဖို့ ကြိုးစားပြီး

ပျော်ရွှင်အေးချမ်းတဲ့ ပြီးပြည့်စုံတဲ့ ဘဝတစ်ခုကို ဖြတ်ကျော်သွားကြနိုင်မှာပါ ။

                      ကောင်မလေး တစ်ယောက်အတွက်

                                  ခွန်မောင်ပန်

        

4 comments:

Angelhlaing(May everybody be happy and healthy! said...

ကဲ ဆုတောင်းပေးလိုက်မယ် ..မောင်လေးရေ
မျှော်လင့်နေတဲ့ အချိန်တွေ စောင့်ရကျိုးနပ်အောင်
မြန်မြန်လာပါတော့လို့...:)
ခံစားအားပေးလျှက်ပါ မောင်လေး။
ရင်တွင်းဖြစ်လေးပေါ့လေ။

December Mgmg said...

ဟုတ်ကဲ့ပါ အစ်မရေ ကျေးဇူးနော် ။ ကဗျာမရေးတာလည်းကြာပြီဖြစ်တာနဲ့ ခံစားချက်လည်းရှိနေတော့ ရေးဖြစ်သွားတာပါ ။

Anonymous said...

အရမ်းခံစားရတဲ့ ကဗျာလေးပါပဲ။ အချစ်ဦးနဲ့ တူတယ်နော်။ ဒါနဲ့ ခင်ဗျားချစ်နေတာကိုရော အဲဒီကောင်မလေးကသိလား။ အခုဘယ်အခြေအနေထိရောက်နေပြီလဲ။ စိတ်ဝင်စားလို့ပါ။ မပြောချင်လဲရပါတယ်ဗျာ။

December Mgmg said...

ဦးလား မဦးလားတော့ မသိဘူးဗျ ။ ရူးတော့ ရူးခဲ့တာပဲ ။ ဒါပေမယ့် ကောက်ရိုးမီးပမာပါပဲဗျာ ။ အရင်လိုပဲ အရင်တိုင်းပဲဆိုတဲ့ သီချင်းအတိုင်းပါ ။ အကြံပေးတဲ့ အတွက် ကျေးဇူးပါ ။ ခွန်မောင်ပန်

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။