သင့်အတွက် အသုံးဝင်တဲ့ Add-On များ (ဝက်ဘ်ဆိုဒ်မိတ်ဆက်)

5:59 AM ---

    အစက ကျွန်တော်ကိုယ်တိုင်စမ်းပြီး ရေးမို့လို့ပဲ ။ ဒါပေမယ့် ကျွန်တော့် Firefox က ကလိတာ လွန်သွားတဲ့အတွက် Add-On တွေလုပ်ချင်လုပ်လို့မရတော့ပါ ။ မရတော့ဘူး ... ရကိုမရတော့တာ တစ်ခါတည်းလုပ်ဖို့ .xpi rမဟုတ်ရင်မရတော့ကြောင်းပါ ။ ဒါကြောင့်မို့လို့ ကိုယ်တိုင်စမ်း ကိုယ်တိုင်ရေးခြင်းဖြင့် မစွမ်းနိုင်သောကြောင်း ဝက်ဆိုဒ်မိတ်ဆက်အနေနှင့်သာ ကျေနပ်ရပါတော့သည် ။ တော်တော်လေးကို အသုံးဝင်တဲ့ Add-On တွေ တော်တော်များများကိုပါတယ်ဗျ ။ ကိုယ်တိုင်ကိုယ်ကျသာ သွားရောက်လေ့လာကြည့်ပါတော့ဗျာ ။ ကျွန်တော်တော့... ဟင့် ငိုချင်စိတ်တောင် ပေါက်တယ် ။ ဒါလောက်ကောင်းတော့ ဟာလေးတွေ မခံစားရရှာဘူး ။ ဝင်ဒိုးထပ်တင်မှ ဖြစ်တော့မှာ ။




အသုံးဝင်ပုံတွေကို ပုံတွေပြပေးပါ့မယ် ... စိတ်ဝင်စားသပဆိုရင် သွားလုပ်ကြည့်ပါဗျာ ။ အဲဒီမှာ လုပ်ရတာတော်တော်လေးကို လွယ်ပါတယ် ။ ဥပမာပြောရရင် ကျွန်တော်ရေးထားတဲ့ IDM Firefox မှာ အလုပ်မလုပ်ရင်ဆိုတဲ့ ပိုစ့်အတိုင်းပါပဲ ။ လုပ်ချင်ရင် အဲဒီမှာ စာသားလေးကို နိပ်လိုက်တာနဲ့ ဘယ်မှာ သွားစရာမလိုပဲနဲ့ Allow တန်းဝင်ပြီး ။ လုပ်နိုင်ကြောင်းပါ ။ လုပ်မတတ်သေးရင်တော့ ဒါလေးကို နမူနာကြည့်လိုက်ပါဗျာ ။ ကျန်တာတော့ သိပ်ထူးထူးထွေထွေကြေညာစရာမရှိတော့ပါဘူး ။ အသုံးဝင်မယ့် Add-On ပုံအချို့ကိုတော့ ကြည့်လိုက်ပါ ။ လုပ်ချင်စိတ်ပေါ်အောင်လို့ :)



      File Upload တာ ဒါက


 





ဒါလေးက အားလုံးသိပြီးသားဖြစ်တဲ့ Secure Login ပါ ။


 


နောက်တစ်ခုကြည့်လိုက်ပါဦး...


 


ဒါလောက်ဆို သဘောပေါက်လောက်ပြီ ထင်တယ် ။ လုပ်ချင်သပ ဆိုရင် ဒီနေရာ မှာ သွားလုပ်လိုက်ပါဗျာ ။ကျန်တာတွေလည်း အများကြီးရှိသေးတယ် ။ ရွေးသုံးလိုက်ပေါ့.... ။ တစ်ခုတော့ ကြိုပြောပါရစေ... ကြိုက်တယ် ကြိုက်တယ် ဆိုပြီးတော့ သိပ်လည်းများများ မလုပ်နဲ့နော် . တော်ကြာနေ Firefox ကြာနေလို့ ခွန်မောင်ပန်ပဲ တရားခံဖြစ်နေဦးမယ် :)


အားလုံးပဲ အဆင်ပြေပါစေဗျာ ။ ခွန်မောင်ပန်







0 comments:

Post a Comment

သင့်ရဲ့ အကြံပေးမှုဟာ နောက်စာတစ်ပုဒ်အတွက် တွန်းအားပဲဗျာ။